ထိုင်းနယ်စပ်ဘက် မလိုအပ်ဘဲသွားလာသူ တားမြစ်သွားမည်

ကန္တာရဝတီတိုင်း(မ်) ထိုင်းနှင့်ကယား(ကရင်နီ) ပြည်နယ် နယ်စပ်ဂိတ်တွေပေါက်တွေကို မလိုအပ်ဘဲ ခရီးသွားလာတဲ့သူတွေကို တားမြစ်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောလိုက်ပါတယ်။ “ကျနော်တို့မလိုအပ်ပဲ ခရီးသွားလာတဲ့သူခွင့်မပြုဘူး။ ကျနော်တို့နယ်စပ်ခရီးသွားဂိတ်တွေရှိတယ်။ အဲဒါတွေဆောင်ရွက်နေတယ်။ တားမြစ်ထားတယ်။” လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။ KNPP ဆက်ဆံရေးရုံးကနေတဆင့် နယ်စပ်ဂိတ်ဖြစ်တဲ့ အဓိက BP-9 နဲ့ ဒုက္ခသည်ထွက်ပေါက် နှစ်နေရာကို ခရီးသွားလာသူတွေ ကြပ်မတ်သွားမယ်လို့သိရပါတယ်။ ကရင်နီပြည်နယ် ၊ ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီဒုက္ခသည်စခန်းရှိ ကရင်နီတမျိုးသားလုံး COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်ဖို့ နယ်စပ်ဒေသဝင်ပေါက်တွေကို ခရီးသွားလာဖို့ ကန့်သတ်လိုက်တာဖြစ်တယ်လို့ KNPP ကနေ ယနေ့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။ ယခုထုတ်ပြန်ကြေငြာလိုက်တဲ့နေ့မှစပြီး […]

Kayan Radio March 3rd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ လွိုင်ကော်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသည့် တောင်သူတွေကို ဒဏ်ငွေ နှင့် ထောင်ဒဏ်များချမှတ်လိုက်တယ်ဆိုတဲ့ သတင်း၊ တပ်သိမ်းပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သည့် ဒေါဆိုရှေးတောင်သူတွေကို အမိန့်ချမှတ်လိုက်ပြီ ဆိုတဲ့ သတင်းအပြင် ‘Khi ao yu khein ha nu’ ဆိုတဲ့ ကယန်းသီချင်းကောင်းလေး တစ်ပုဒ်နဲ့ ကယန်းအလံ၊ ကယန်းဘုံဝတ်စုံတွေကို ဝယ်ယူဖို့နဲ့ ဝယ်ယူနိုင်တဲ့နေရာတွေကို နှိုးဆော်ကြေညာပေးခြင်း အကြောင်းတို့ကို ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။အားလုံးပဲ နားဆင်ပေးကြပါအုံး။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူတို့ အကြံပေးချက်တချို့

ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူတစ်ဦးအနေနဲ့ ဘယ်လိုမျိုးအကြံပေးချင်လဲ။ ဘာတွေ ထည့်သွင်းဆွေးနွေးခြင်းလဲဆိုတာနဲ့ ပတ်သက်လို့ ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်မှ ကျေးရွာတချို့ကို မေးမြန်းထားပါတယ်။ ဦးစောနေသာ ယိုကော်ခိုရပ်ကွက် (ရပ်ကွက်အတွင်းရေမှုူး) တစ်ဖွဲ့နှင့်တစ်ဖွဲ့က ပြန်လည်သင့်မြတ်ပြီးတော့ ညိုန်ှိုင်းပြီးမှသာလျင် ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကိုသိရမှာ အဲ့လိုပြေားချင်တာ။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဒီအတိုင်းပဲချောင်းမြောင်းနေထိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ တည်မြဲခြင်းမရှိဘူး။ ဒီထက်ပိုဆိုးဆိုးလာမယ်လို့ထင်တာပဲ။ သဘောထားတိုက်ဆိုင်မှသာလျှင် ငြိမ်းချမ်းရေးတည်မြဲမယ်။ ကိုဇော်ဦး စိုးရိမ်စိတ်က ဘယ်လိုရှိလဲဆိုတော့ အစိုးရကကောင်းပါတယ် တက်လာတဲ့့သူတွေကမကောင်းတာပါ။ ဘာတွေဆွေးနွေးခိုင်းစေချင်လဲဆိုရင်တော့ ကျနော်တို့ အနာဂတ်ရဲ့ ကလေးတွေကိုကြည့်ပါလို့ ကျနော်တို့ရဲ့ တစ်သက်သာကိုမကြည်ပါနဲ့။ ဒေါ်သန္တာမိုး ကိုယ်က ကျင်းလုပ်နေတယ်ဆိုတော့ ကျင်းအလုပ်သမားတွေအတွက် သူတို့ တွက်အခွင့်အရေးတွေကို လိုချင်တယ်ပေါနော်။ အခုဆိုရင် အလုပ်လုပ်ရတာရှုပ်တယ် ရှုပ်တယ်ဆိုတာက အလုပ်သမားတွေအတွက် […]

“မြေလွတ်မြေလပ်ဥပဒေတွေ အဲ့တာပြန်ပြင်တာတွေတွေ့တယ်၊ ဒါပေမဲ့ကောင်းတာဘာတစ်ခုမှ ကျနော်တို့မတွေ့ဘူး။”

ကန္တာရဝတီတိုင်း(မ်) လက်ရှိအစိုးရလက်ထက်မှာ လယ်ယာမြေဥပဒေနဲ့ပတ်သက်ပြီး ဖက်ဒရယ်စနစ်ကိုသွားဖို့ မဖြစ်နိုင်တဲ့မူဝါဒတွေဖြစ်နေတဲ့အတွက် စစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့မြေသိမ်းကိစ္စတွေကို လက်ရှိအစိုးရအနေနဲ့မကိုင်တွယ်နိုင်သေးဘူးလို့ လယ်ယာမြေအရေးဆောင်ရွက်နေတဲ့ တစ်ဖွဲ့ဖြစ်တဲ့ Kayah Earthright Action Network က တာဝန်ခံ စောအယ်စေးကပြောကြားလိုက်ပါတယ်။ စောအယ်စေးကို ကန္တာရဝတီတိုင်း(မ်) က မေးမြန်းထားပါတယ်။ Kayah Earthrights Action Network – KEAN အဖွဲ့ဟာဆိုရင် ကယားပြည်နယ်အခြေစိုက်အဖွဲ့ဖြစ်ပြီး ကယား(ကရင်နီ) ပြည်နယ်ရှိ ဌာနေတိုင်းရင်းသာတွေရဲ့ မြေနှင့်အရင်းအမြစ်ဆိုင်ရာအခွင့်အရေးကာကွယ်စောင့်ရှောက်တာတွေ၊ လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး ချိုးဖောက်တာတွေ စောင့်ကြည့်အစီအရင်ခံတာတွေ ၊ မြေ၊ သစ်တောနှင့် ပိုက်နက်နယ်နိမိတ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့တွေ၊ ပြည်နယ် ဖက်ဒရယ်မြေအုပ်ချုပ်စီမံမှု ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ ကန္တာရဝတီတိုင်း(မ်)။ ။ ဆိုတော့ ဆရာတို့ရဲ့အဓိကလှုပ်ရှားမှုတွေက ဘာတွေဖြစ်မလဲ။ စောအယ်စေး။ […]