လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါအတွက် ကုသရေးအခန်းကြိုတင်ပြင်ဆင်

ကန္တာရဝတီတိုင်းမ် လတ်တလောကမ္ဘာ့အနှံမှာဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကုသရေးအခန်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားတယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် ဖြစ်နိုင်ချေ ကူးစက်ရောဂါတွေ ကျတော်တို့လူတွေ သွားပြီးအလုပ်လုပ်နေကြတဲ့ ထိုင်း၊ မလေးရှားမှာလည်း ရောဂါတွေဖြစ်တယ်။ သူတို့တွေက နွေရာသီမှာ အကုန်လုံး ကျတော်တို့နိုင်ငံသားတွေပြန်ဝင်လာကြတယ်။ မတော်မဆဝင်လာလု့ိ ရောဂါအများအပြားဖြစ်လာရင် ကျတော်တို့စောင့်ရှောက်နိုင်အောင် ကုသပေးနိုင်အောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။ လောလောဆယ် လူနာ၅ယောက်ပဲရှိပေမယ့် လက်ရှိပြင်ဆင်ထားပြီးတဲ့ကုတင်က ၂၅လုံးရယ် အရေးပေါ်ကုသပေးဖို့ ကုတင် ၈ လုံး ၃၃လုံးရှိတဲ့အပြင် နောက်ထပ်ကုတင် အလုံး ၆၀စာ အခန်းတွေပြင်ဆင်ထားပါတယ်။ ဒါက ပြည်နယ်အစိုးရအဖွဲ့ရဲ့ပံ့ပိုးမှု သိန်း ၉၇၃ ကျန်တဲ့ဆေးနဲ့ ဆေးပစ္စည်းတွေဝယ်ဖို့ ပြည်နယ်အစိုးရကပံ့ပိုးပေးတဲ့အတွက် ကျတော်တို့အမြန်ဆုံးဆောင်ရွက်နေတာဖြစ်ပါတယ်” […]

သူရဦးရွှေမန်းဦးဆောင်တဲ့ပါတီ ကယားမှာ မဲဆန္ဒနယ်အားလုံးဝင်ပြိုင်ဖို့ရှိ

အန်ထောနီ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ လာမည့် ၂၀၂၀ရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးဝင်ပြိုင်သွားမယ်လို့ ၎င်းပါတီမှ ဒီးမော့ဆိုမြို့နယ် အလုပ်မှုဆောင်ကော်မတီ ဥက္ကဌ ဦးဆော်ရယ်က ပြောပါတယ်။ ဦးဆော်ရယ်က “မြန်မာကိုယ်စားလှယ်ကတော့ လျှာထားခြင်းမရှိသေးဘူး။ ပြည်သူ့လွှတ်တော်အဆင့်ရယ် အမျိုးသားလွှတ်တော်အဆင့်ရယ် ပြည်နယ်အဆင့်မှာ မဲဆန္ဒအားလုံးကို ဝင်ပြိုင်ဖို့ရည်ရွယ်ထားပါတယ်”လို့ ပြေားကြားသွားခဲ့ပါတယ်။ အဓိက ကယားဒီမိုကရက်တီပါတီနှင့်ပူးပေါင်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဆင့်တွေ ဝင်ပြိုင်နိုင်ဖို့ ပါတီခေါင်းဆောင်၏ညွန်ကြားထားတဲ့အတွက် အလားအလာရှိတဲ့ ပုဂ္ဂိုလ်တွေကို ရွေးခြယ်ထားမယ်လို့ သိရပါတယ်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွတ်တော်အဆင့်တို့တွင် အမျိုးသမီးများကိုလည်း ပါဝင်ဖို့လျာထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၁ ရက်နေ့နံနက်က ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ဆိုင်းဘုတ်တင်အခမ်းအနားကို ဒီမောဆိုမြို့ မြိုမရပ်ကွက် တွင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလိုတိုင်းရင်းသားဒေသမှာ ယှဉ်ပြိုင်ရတဲ့ရည်ရွယ်ချက်ကိုလည်း ဦးဆော်ရယ်က “တိုင်းရင်းသားဒေသမှာ ယှဉ်ပြိုင်ရခြင်းရည်ရွယ်ချက်ကတော့ […]

Kayan Radio March 4th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ တိုင်းရင်းသားပါတီများကို ကရင်နီပြည်လူမျိူးစုလူငယ်များမှ ဝန်းရံသွားမယ်ဆိုတဲ့သတင်း၊ ဖုန်ထမှုကြောင့် နာမည်ကြီးနေသည့် အဆင့်မြှင့်တင်ဆဲ လွိုင်ကော်နဲ့ ဒီးမော့ဆိုလမ်းကို သတ်မှတ်ချိန်ထက် စောပြီး ပြီးအောင် ဆောင်ရွက်မည်ဆိုတဲ့သတင်း၊ 2020 မတ်လ ၂၀ ရက်နေ့ ကယန်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင်ကျင်းပသော ၂၀ ကြိမ်မြောက် ကယန်းအမျိူ းသားနေ့ ကျင်းပရေး အရေးပေါ် အစည်းအဝေးထုတ်ပြန်ချက်၊ ကမ္ဘာ့ကပ်ရောဂါ COVID19 ကိုရိုနာဗိုင်းရပ်ရောဂါကို ကြိုတင်ကာကွယ်မှုအကြောင်း သိကောင်းစရာများ၊ မူမိငယ်မှ သူအရမ်းချစ်ရတဲ့ ကိုကို နားဆင်ဖို့ရန်အတွက် တောင်းဆိုထားတဲ့ ‘Hello’ သီချင်းနဲ့ လတ်တလောကြုံတွေ့နေရတဲ့ ပိုက်ဆံလိမ်စားနည်းအမျိူးမျိူးထဲမှ ပစ္စည်းတွေလိုက်ရောင်းပြီးကံစမ်းမဲဖောက်ခိုင်းခြင်းအားဖြင့် ပိုက်ဆံလိမ်စား […]