ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်တစ်ဝန်းမှ ပြည်နယ်ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံများတွင် Covid 19 ရောဂါ စောင့်ကြည့်နှင့် သံသယ လူနာ (၁၃)ဦးအနက် (၆) ဦးမှာ ရောဂါပိုးမရှိဘဲ ၆ ဦးကို ဆက်လက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ကျန် ၁ ဦးမှာ အခြားသော ရောဂါသာ ဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။ ရောဂါပိုး ရှိ မရှိ စစ်ဆေးအတည်ပြုရန် လိုအပ်နေသေးသည့် သံသယရှိ/ စောင့်ကြည့်လူနာ ၆ ဦးထဲမှ ၃ ဦးကို ဓာတ်ခွဲစစ်ဆေးရန် မတ်လ ၂၄ […]

ကန္တာရဝတီတိုင်း(မ်) (COVID-19) ရောဂါကူးစက်မှုကာကွယ်ဖို့အတွက် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဂိတ်တွေကို အသွားအလာပိတ်ထားတယ်လို့ကြားသိရပါတယ်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဒေသအခေါ်အဝေါ် (ကယောနီ)အဖွဲ့ကနေ မတ်လ ၂၀ ရက်နေ့က ဖရူဆို- ဟိုယာသွားတဲ့ လမ်း ၈ မိုင်ကဂိတ်ကို သူစိမ်းအဝင်အထွက်တွေ တားမြစ်ပိတ်ပင်ထားတယ်လို့ (KNPDP) ထိန်းချုပ်နယ်မြေထဲ ရာဧပရားအုပ်စုနှင့် ဒိုးလာစောအုပ်စုမှ ဒေသန္တာရအုပ်ချုပ်ရေးမှူး ဦးမိုင်ကယ်က ပြောပါတယ်။ “ဆေးစစ်ကပ်မပါတဲ့သူတွေ ရွာထဲမဝင်ခိုင်းဘူး။ အများအားဖြင့် နယ်စပ်ကနေပြန်လာတဲ့သူတွေ နိုင်ငံခြားကနေပြန်လာတဲ့သူတွေကိုတော့ ၁၅ ကြာ ကျန်းမာရေးစစ်ဆေးထားတဲ့ စီစစ်ခံထားတဲ့ ထောက်ခံစာပါမှရွာထဲပေးဝင်မယ်။” လို့ ဦးမိုင်ကယ်က ပြောပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာတော့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)ဂိတ်ရှိသလို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဂိတ်လည်းရှိပါတယ်။ ၎င်းဒေသဘက်မှာဆိုရင် ခရီးသွားလုပ်ငန်းအနေနဲ့ […]

ကန္တာရဝတီတိုင်း(မ်) ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ယခု မတ်လ အတွင်း ကယား (ကရင်နီ) ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသူ ဦးရေ ၄၇၄ ဦးရှိကြောင်း ကယားပြည်နယ် အစိုးရမှ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။ လက်တလောတွင် COVID 19 ကိုရိုနာဗိုင်းရပ် ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွတ်နေရာမှ နယ်စပ်ဝင်ပေါက် ပေါင်းစုံမှ ပြည်ပမှ ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသူများကို မတ်လ ၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ကောက်ခံထားခြင်း ဖြစ်သည်။ ယင်း ၄၇၄ […]

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ ကမ္ဘာ့ကပ်ရောဂါ COVID19 ကိုရိုနာဗိုင်းရပ်ရောဂါကို ကြိုတင်ကာကွယ်မှုအကြောင်း သိကောင်းစရာများအကြောင်း၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါအတွက် ကုသရေးအခန်းကြိုတင်ပြင်ဆင်ထားပြီဆိုတဲ့သတင်း၊ လွိုင်ကော်မြို့ရှိတက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ ယာယီပိတ်၊ စာမေးပွဲများရပ်ဆိုင်းလိုက်ပြီ ဆိုတဲ့ သတင်းနှင့် နိုင်ငံရပ်ခြားမှ ကယားပြည်နယ်သို့ ပြန်လာသူများအား အထူးမေတ္တာရပ်ခံ ပန်ကြားချက် စသည့်အကြောင်းအရာများအပြင် အပတ်စဉ် သီချင်းလက်ဆောင်အစီအစဉ်နှင့် ဆောင်းပါးတို့ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။အားလုံးပဲ နားဆင်ပေးကြပါအုံး