နော်ဒွေးအယ်ခူ လွိုင်ကော်မြို့ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် ခရီးသွားပြည်သူများကို ရောဂါနဲ့ပတ်သက်တဲ့ အသိပညာပေး စာစောင်များ၊ ခရီးမထွက်ခင် ခရီးသည်များကို အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်း စတာတွေကို မတ်လ ၂၅ရက်နေ့ကစပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီ(ယကက) ဥက္ကဌ ဦးစံအေးက “ လုပ်မှသာလျှင် သံသယရှိတဲ့လူနာကို တွေ့ရင်အချိန်မှီ သက်ဆိုင်ရာဌာနတွေကို သတင်းပို့ပြီးတော့ ချိတ်ဆက်ပြီးတော့ သံသယရှိလူနာကို ခရီးဆက်သွားခွင့်မပြုဘူး လုံခြုံစိတ်ချတဲ့နေရာပို့မယ် ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် လုံးဝစိတ်ချရတဲ့အခြေအနေရောက်မှ လိုရာခရီးကို ကျတောတို့ ဆက်လွှတ်မှာဖြစ်ပါတယ်” လို့ မတ်လ ၂၅ရက်နေ့ကပြောပါတယ်။ အခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းများအားလုံးကို ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိတယ်လို့ ဆိုပါတယ်။ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် […]

အန်ထောနီ ဖရူဆိုမြို့နယ် ဒိုးပရယ်ကျေးရွာအုပ်စုတွင်း ရေရှားပါးမှုကြောင့် ကလေးသူငယ်တွေရဲ့ တကိုယ်ရေသန့်ရှင်းရေး မပြုလုပ်နိုင်တဲ့အနေအထားမှာ အသက်အန္တရာယ်အထိ ကြုံတွေ့လာ ရမှာကိုစိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေဆီကနေ ကြားသိနေရပါတယ်။ “ အခုချိန်နွေရာသီ ရေရှားပါးတဲ့အချိန်မျိုးမှာဆိုရင် ကျနော်တို့ကလေးတွေ (၅) နှစ်အောက်ကလေးတွေဆိုရင် လက်ဆေးဖို့တောင်မှ တော်ရုံတန်ရုံ ရေကမရှိတဲ့အနေအထားမျိုးမှာပေါနော်။ ဝမ်းပျက်ဝမ်းလျှောတို့ အဲ့လောက်ထိတောင်ဖြစ်သွားတယ်ပေါ့။ သေတဲ့အထိတောင်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကို ကျနော်တို့ဒေသမှာ ကြုံတွေ့နေရတယ်ပေါနော။ မျက်မြင်သက်သေတွေလည်းရှိခဲ့ပါတယ်” လို့ ဒိုပရယ်ကျေးရွာအုပ်စု ဝယ်သူတော် ကျေးရွာနေ ဦးထျားရုကပြောပါတယ်။ ကလေးသူငယ်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့် အဝတ်လျော်ဖို့မလုပ်ပေးနိုင်တဲ့အတွက် အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ လက်တွေတောင် ပုံမှန်ဆေးဖို့ အခက်အခက်ကြုံတွေ့နေကြရတာပါ။ အခုလိုပြသနာများနှင့်ရင်ဆိုင်နေရပြီး တိရိစ္ဆာန်များလည်း ရေရှိရာအရပ်သို့ရွှေ့ပြောင်းသွားသောကြောင့် အသေအပျောက်ရှိတယ်လို့ သိရပါတယ်။ “အခုမွေးထားတဲ့ တိရစ္ဆာန်တွေဆိုလည်း […]

မော်ဦးမြာ ကပ်ရောဂါဖြစ်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကြောင့် ပြည်နယ်အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ လစဉ်ပုံမှန်တွေ့ဆုံရန် အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP လွိုင်ကော်ဆက်ဆံရေးရုံး ဒု-တာဝန်ခံ(လွိုင်ကော်) မှ ခူးဖိုးရယ်က ပြောပါတယ်။ ခူးဖိုးရယ်က “ လောလောဆယ်ကတော့ အစည်းအဝေးတွေကိုလည်း ရပ်တန့်ထားတယ်လေ အစိုးရကလည်း မလုပ်ဖြစ်ဘူး။ နှစ်ဦးနှစ်ဖက်က ရပ်တန့်ထားတယ်။ ဒီအခြေအနေကြောင့်ပေါ့။ ကပ်ရောဂါကြောင့် မတွေ့ဖြစ်တော့ဘူး ဆိုတဲ့ဟာကို နုတ်နဲ့ပဲ ပြောထားကြတယ်။”လို့ ခူးဖိုးရယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ အတည်ပြုလူနာ ၃ ဦးတွေ့ရှိပြီးနောက် လွိုင်ကော်မြို့အတွင်း အချို့စားသောက်ဆိုင်များ ခေတ္တပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ နောင်ယား(ခ)ရပ်ကွက်အတွင်း ဒေသရိုးရာအစားအသောက်နဲ့ အအေးမျိုးစုံ ရောင်းချနေတဲ့ IORA ဆိုင် တာဝန်ရှိသူက စားသောက်ဆိုင်ဖြစ်တဲ့အတွက် လူအဝင်အထွက်များတာကြောင့် ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဆိုင်မှာ စားသောက်ခွင့်မပြုတော့ဘဲ ပါဆယ်သာလက်ခံတော့တယ်လို့ ဆိုပါတယ်။ “ခုလောလောဆယ် Delivery ပဲပို့ပေးတယ် ပါဆယ်ပဲပို့ပေးတယ် ဆိုင်ကိုခေတ္တပိတ်ထားတယ်။အခု ကူးစက်ပျံ့ပွားနေတဲ့ရောဂါကို စိုးရိမ်တယ်။ စားသောက်ဆိုင်ဆိုတော့ လူအဝင်အထွက်များတယ် ကျတော်တို့ဆိုင်က တခြားတိုင်းနဲ့ပြည်နယ်က လာတဲ့ဧည့်သည်တွေများလို့” လို့ IORA ဆိုင်မှ စောဝီစတင့်ဂျော့က ပြောပါတယ်။ ခုချိန်မှာတော့ ဆိုင်ဝန်ထမ်းတွေကို အိမ်မပြန်ရအောင် ပါဆယ်၊Home Delivery Service ဖြင့်သာ […]