ကန္တာရဝတီတိုင်း(မ်)မြန်မာနိုင်ငံတွင် တစ်နေ့အတွင် Covid-19အဆုတ်ရောင် ကူးစက်မြန် ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် အသက် ၆၃ နှစ်အရွယ် လူနာအမှတ်- (၁၆)သည် သေဆုံးသွားခဲ့ပါပြီဟု အတည်ပြု ပြောကြားခဲ့ပြီးနောက် မြန်မာတွင် Covid-19 ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိခဲ့ပါပြီ။ အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကုတင် ၅၀၀ဆေးရုံတွင် အထူး သီးသန့်ခန်းတွင် ထားရှိ ကုသလျက်ရှိသည့် Covid-19 အတည်ပြုလူနာ အမှတ် (၁၇) သည်လည်း ယနေ့ […]

နော်ဒွေးအယ်ခူ ကယားပြည်နယ်ရှိ မြို့သုံးမြို့ကို ကိုဗစ်-19 ရောဂါ ကာကွယ်တဲ့လုပ်ငန်းစဉ်မှာ အသုံးပြုရန်အတွက် ယူနီဆက်ရန်ပုံငွေ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဦးစီးမှူး ၊ ညွန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။ UNICEF ကရန်ပုံငွေနဲ့ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေးလုပ်ငန်းတွေကို တစ်မြို့လျှင် ရန်ပုံငွေ ကျပ် ၃၂သိန်း ၅သောင်းကို ယူနီဆက်က ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ “ လက်ရှိအချိန်ထိ ကျတော်တို့ ၇ရက် ၄လ ၂၀၂၀ ရက်နေ့အထိတော့ ကျေးရွာပေါင်း ၁၀ရွာမှာ လက်ဆေးဘေစင် ၁၀ခု တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အမြန်ဆုံးပြီးစီးရေးအတွက်ကိုဆောင်ရွက်လျက်ရှိပါတယ်” လို့ ဦးကျော်သူအောင်က […]

“ပြည်နယ်အစိုးရဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နားလည်အောင်လည်းမကြိုးစားခဲ့သလို အရေးတယူနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မလုပ်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် တွေကို သူတို့နဲ့မဆိုင်သလို သဘောထားတဲ့ကိစ္စပါဘဲ။” NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းဟာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့တာဝန်စတင်ယူစဉ် ကာလကနေ အခုချိန်ထိ ကယားပြည်နယ် (ကရင်နီပြည်) မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဘယ်လောက် အထိလုပ်နိုင်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်ကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။ KT – NLD အစိုးရ စတက်လာတော့ ကရင်နီပြည်ညီလာခံကိုလုပ်ခဲ့တယ်နော်။ အဲ့ဒီမှာ ကရင်နီပြည် အမည်နာမ ပြန်လည်ခေါ်ဆိုရေးအပါအဝင် အချက်တော်တော်များများကိုအတည်ပြုခဲ့ကြတယ်။ မီဒီယာနဲ့တွေ့ဆုံတဲ့ နေရာ မှာလည်း ဆရာတို့ဘက်က ဒီအစိုးရလက်ထက်မှာ ပူးပေါင်းတာတွေအများကြီးလုပ်နိုင်မယ်လို့ပြောခဲ့တယ်။ ဆိုတော့ အခုအစိုးရက […]

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)ဒီတစ်ပတ်မှာတော့ ကမ္ဘာ့ကပ်ဘေး ရောဂါဖြစ်တဲ့ COVID19 ရောဂါ အကြောင်းသိကောင်းစရာများ၊ အစိုးရလက်လမ်းမမှီတဲ့ဒေသဘက်မှာ လူထုနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်ရေး လုပ်ဆောင်နေကြတယ် ဆိုတဲ့သတင်း၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်းချဖို့ ညွှန်ကြားချက် လိုက်နာမှုရှိတယ်ဆိုတဲ့ သတင်းနှင့် “မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျေးလက်နေပြည်သူလူထုအနေနဲ့ ဘယ်လောက်များ သိရှိကြပါသလဲ” ဆိုတဲ့ ဆောင်းပါးလေးတို့အပြင် အပတ်စဉ် သီချင်းလက်ဆောင် အစီအစဉ်တို့ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကုတင် ၅၀၀ဆေးရုံတွင် အထူး သီးသန့်ခန်းတွင် ထားရှိ ကုသလျက်ရှိသည့် Covid-19 အတည်ပြုလူနာ အမှတ် (၁၇) သည် ယနေ့ (၈ ဧပြီလ) နံနက် ၃:၄၀ နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ လူနာအမှတ် (၁၇) သည် ပေါက်ခေါင်းမြို့နယ်၏ ဒုတိယ အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပြီး SOS ဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် လူနာအမှတ် (၁၅)၏ ခင်ပွန်းလည်း ဖြစ်သည်။ လူနာအမှတ် (၁၇)နှင့်အတူ ၁၀ နှစ်အရွယ်သား၊ အသက် ၈ နှစ်အရွယ်သမီးနှင့် အသက် ၁၈ နှစ်အရွယ် တူမတို့ကိုလည်း ရောဂါပိုးကူးစက်ခြင်း ခံထားရကြောင်း သိရှိရသည်။ကျန်အခြား လူနာများအနေဖြင့် […]