ကန္တာရဝတီတိုင်း(မ်) NCA ထိုးဖို့ ဖိအားပေးတိုက်တွန်းတာထက် သဘောတူညီထားချက်တွေကို အကောင်ထည်ဖော်ပြီး ယုံကြည်မှုတည်ဆောက်ပေးရင် အနာဂါတ်အပစ်ခတ်ရပ်စဲရေးဆီကို အမြန်ရောက်နိုင်မယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ ပြည်နယ်အစိုးရ တာဝန်ရှိသူများနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ၂၀၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု အခြေအနေနဲ့ ပြည်နယ်အတွင်း အခြေအနေတွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးကို တွေ့ဆုံမေးမြန်းထားပါတယ်။ ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာတို့နဲ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ဘယ်လိုရှိလဲ။ ခူးထဲဘူး ။ ။ ကျတော်တို့က ပုံမှလစဉ်တွေ့ဆုံတဲ့အစည်းအဝေးပဲဖြစ်တယ်။ အဓိကကတော့ မြေပြင်မှာ […]

ကန္တာရဝတီတိုင်း(မ်) စစ်တပ်ကနေ ကယား(ကရင်နီ) ပြည်နယ်အတွင်း တရားစွဲထားတဲ့ တောင်သူတွေကော၊ စက်သမားတွေကော၊ တောင်သူအရေးလုပ်ရှားတဲ့ လူငယ်တွေဟာဆိုရင် အခုချိန်မှာ ထောင်ဒဏ်နဲ့ ငွေဒဏ်အမိန့်ချမှတ်ခံလိုက်ရပြီး ချုပ်ရက်နဲ့ ခံစားခွင့်နုတ်လိုက်ရာမှာ မတ်လ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြပါပြီ။ မတ်လ ၁၃ ရက်နေ့ ဒီးမော့ဆိုမြို့နယ် တရားရုံးမှာတော့ ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခံရတဲ့ တောင်သူတွေကို ဦးဆုံး အမိန့်ချခဲ့ပါတယ်။ ထောင်ဒဏ် ၁၅ရက်ကျခံရမှာဖြစ်ပြီး ထောင်ဒဏ်မကျခံပါက ငွေဒဏ်တစ်သောင်း ဒဏ်ငွေ ဆောင်ရမည်လို့ အမိန့်ချမှတ်လိုက်ပါတယ်။ ပုဒ်မ ၄၄၇ အမိန့်ချမှတ်အပြီး တရားရုံးကနေ ဦးဆုံး အပြင်ထွက်လာခဲ့တဲ့ တောင်သူတွေဟာ အမျိုးသမီးတွေ အများစုဖြစ်ကြပြီးတော့ မျက်နှာမရွှင်မပျနဲ့ဝမ်းနည်းလျက်ထွက်လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ပုဒ်မ အမျိုးမျိုးစွဲခံရတဲ့ […]