Saturday, May 15, 2021

CATEGORY

လူ့အခွင့်အရေး

ဒေါဆိုရှေးတောင်သူ (၃)ဦး ထပ်မံဖမ်းဆီးခံရ

ကန္တရဝတီတိုင်း(မ်) ယနေ့ ဒီးမော့ဆိုတရားရုံးသို့ ပုဒ်မ ၄၄၇ နှင့် ၆(၁) ဖြင့် အမှုလာရောက်ရင်ဆိုင်သည့် ဒေါဆိုရှေးတောင်သူ ၁၅ ယောက်ထဲမှ ၃ ဦး ထပ်မံဖမ်းဆီးခံရပြီး လွိုင်ကော်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားသည်ဟု ရုံးချိန်းကိုလာရောက်ဝန်းရံသည့် ကိုကျော်ထင်အောင်က...

တရားမျှတဖို့ ရပ်တည်ပြောဆိုပေးမည့် ကိုယ်စားလှယ် တောင်သူတွေမျှော်လင့်နေကြပြီ

မော်ဦးမြာ ဒေါဆိုရှေး တောင်သူတွေက သူတို့ရဲ့ တောင်ယာကိုပြန်ရနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုတရားစွဲထားတဲ့ စစ်တပ်တွေက သူတို့ကို ဖြေလျော့ပေးမလား၊ ဒါမှမဟုတ် သူတို့မြေပေါ်မှာ သူတို့လုပ်စားနေတာ အခုထောင်ကျခံရတော့မလား စတဲ့လိုက်မမှီနိုင်တဲ့တရားစီရင်ရေးကိစ္စရပ်တွေမှာ သူတို့ အမျိုးမျိုးစိုးရိမ်ကြောက်ကြမှုတွေအပြည့်နဲ့ ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့မှာ...

လိင်အကြမ်းဖက်သည့် တပ်သားကို စစ်ခုံရုံးတွင် စစ်ဆေးမည့်ကိစ္စ တရားမျှတမှူမရှိမည်ကို စိုးရိမ်

ကရင်နီသူ ဖရူဆိုမြို့နယ်တွင် အသက်၁၃နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်သားမှ အတင်းအဓမ္မပြုကျင့်သည့်ကိစ္စ သက်ဆိုင်ရာ ရဲစခန်းတွင် အမှူဖွင့် တိုင်ကြားထားသော်လည်း စစ်တပ်မှ စစ်ခုံရုံးတွင်စစ်ဆေးမည်ဟုကြားသိရသည့်အတွက် တရားမျှတမှု မရမည်ကို စိုးရိမ်နေကြသည်ဟု future Woman Association မှ ဒါရိုက်တာ ဒေါ်စန္ဒာဝင်းကပြောသည်။ 

ပြည်တွင်းတိုက်ပွဲများကြောင့် လူအခွင့်အရေးချိုးဖောက်မှု ယခင်နှစ်ထက်ပိုများပြားလာ

ဦးမြာ၊ မီမြာ ပြည်တွင်းတိုက်ပွဲများဖြစ်ပွားသဖြင့် ၂၀၁၉ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ဟု (NETWORK FOR HUMAN RIGHTS DOCUMENTATION-BURMA) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ လွေးချီ,ဆငါး ကပြောပါသည်။

တိတ်တဆိတ်ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များ

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်၏ သတ္တုတူးဖော်ရေးအကြီးဆုံးလုပ်ငန်းဖြစ်တဲ့ မော်ချီးခဲမဖြူအဖြိုက်နက် သတ္တုလုပ်ငန်းတည်ရှိရာနေရာဟာဆိုရင် တောင်ကုန်းတောင်တန်းတွေပေါတဲ့ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ တည်ရှိပါတယ်။ အဲဒီလုပ်ငန်းဟာဆိုရင်နှစ်ပေါင်းတစ်ရာကျော်နေပြီဖြစ်တဲ့အတွက် ခေတ်အဆက်ဆက်အစိုးရလက် ထက်တွေမှာ လုပ်ကိုင်လာခဲ့ကြပေမယ့်လို့ ပွင့်လင်းမြင်သာမှု ယခုချိန်ထိ မရှိသေးဘူးလို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောင့်ရေးအဖွဲ့တွေက ဝေဖန်သုံးသပ်နေကြပါတယ်။

“ပပွာကလူ”အမျိုးသမီး အဖွဲ့ဘာတွေလုပ်လဲ

ဒွေးအယ်ခူ မြန်မာနိုင်ငံရဲ့ အကြီးဆုံးခဲသတ္တုတွင်းလည်း ဖြစ်သလို ကမ္ဘာအဆင့်မှီခဲသတ္တုတွင်းထွက်သည့်နေရာဖြစ်သည့် မော်ချီးဒေသသည် အဖိုးတန် ခဲသတ္တုတောင်တန်းများမှ ကာရံထားသည့် နေရာတစ်ခုဖြစ်လေသည်။ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းတွင် တည်ရှိပြီးတောင်ကုန်းများ မြင့်မားထူထပ်သောဒေသလည်း ဖြစ်သည်။ မော်ချီးဒေသခံအများစုကလည်းကရင်လူမျိုးများ ဖြစ်ကြသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးလုပ်ဆောင်

ခွန်းကလိုင်းဖရီး ကယန်းဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများ ပပျောက်လာစေရေးအတွက် ကယန်းအမျိုးသမီး အစည်းအရုံးအဖွဲ့မှ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်းသိရသည်။ ၎င်းတို့မှ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အမြင်ဖွင့်သင်တန်းပေးခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စည်းရုံလံှု့ဆော်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ကယန်းဒေသတွင်း ကျေးရွာပေါင်း (၈၀) တွင် အမျိုးသမီးများအား...

မသန်စွမ်းသူ ၅၀၉ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းကျပ်နှင့် အထောက်အကူပစ္စည်းများ ထောက်ပံ့

လင်းသန့် ကယားပြည်နယ်အတွင်း ဒေသအသီသီးရှိ မသန်စွမ်းသူ ၅၀၉ ဦး၏ ဘဝရပ်တည်ရေးအတွက် ငွေသားနှင့် အထောက်အကူပြုပစ္စည်းများကို အစိုးရက ထောက်ပံ့ပေးအပ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းမှုနှင့် သဟဇာတဖြစ်မည့် အတားအဆီးကင်းသော(Barrier Free)ပတ်ဝန်းကျင်အခြေအနေများ ဖန်တီးပေးခြင်းဖြင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာပြီး လူနေမှုဘဝများ တိုးတက်မြင့်မားလာကာ ပိုမိုသာယာပျော်ရွှင်စွာ ရပ်တည်နေထိုင်သွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းထောက်ပံ့လှူဒါန်းပွဲကို...

တရားဝင်စာချုပ်မရှိသဖြင့် မော်ချီးခဲလုပ်သားများ၏ ကျန်းမာရေးထိခိုက်မှု အာမခံချက်မရှိ

ဖဲဘူး မော်ချီးခဲသတ္တုတွင်းရှိ ခဲကျင်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် အလုပ်ရှင်အကြား လုပ်ငန်းစာချုပ်ချုပ်ဆိုထားခြင်း မရှိသဖြင့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်ပါက အငြင်းပွားမှု ဖြေရှင်းပေးရန် အခက်အခဲရှိနေသည်။ လုပ်ငန်းခွင်မှ ရရှိလာသော ခဲအဆိပ်သင့်ရောဂါလက္ခာဏာများ ဖြစ်ပွားပါက နစ်နာမှုကို ဖြေရှင်းရန် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးရန်လိုအပ်နေပြီဟု ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ “သူတို့အခုလုပ်နေတာတွေက တရားဝင်မဟုတ်ဘူးလေ။...

“စားဝတ်နေရေးအခက်အခဲကြောင့် အိမ်တွင်းအကြမ်းဖက်မှု များလာရတယ်” 

စားဝတ်နေရေးအခက်အခဲကြောင့် အိမ်တွင်းအကြမ်းဖက်မှု များပြားလာနေတယ်ဆိုတဲ့ အသက် ၃ဝ နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင် ရှားတောမြို့နယ် ဒေါလယ်ခူကျေးရွာက အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်ဘယ်နဒဲတာနှင့် တွေ့ဆုံခြင်း။ မူအက်စတာမေးမြန်းသည်။ မေး။ ။ အရင်က ကျေးရွာတွေမှာ ဘာတာဝန်တွေ ယူခဲ့ရဖူးလဲ။ ဖြေ။ ။ ဒေါလယ်ခူကို စစရောက်တုန်းက အစ်မကျောင်းဆရာမလုပ်တယ်၊ ရွာကခန့်တဲ့ ဆရာမပေါ့။...

Latest news

မေလ ဒုတိယအပတ် ကယားဘာသာ ရေဒီယိုအစီအစဉ်

ကယားရေဒီယိုအစီအစဉ်အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ် (ကယား)သောကြာနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ ‘ဖမ်းဆီးခံ နာနတ်တောရပ်ကွက် ပြည်သူ ၃ ဦးထပ်မံလွှတ်မြောက်လာ’ ဆိုတဲ့သတင်းနဲ့ ‘Non CDM ပညာရေးဝန်ထမ်းတွေကို CDM ပြန်ဝင်ကြဖို့...

ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်ကသေနတ်ဖြင့်ပစ်ခတ်

ကန္တာရဝတီတိုင်း ယနေ့မေလ ၁၄ ရက်နေ့ မနက်၈ နာရီ ခွဲ အချိန်မှာ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ မှာ အတားအဆီးအဖြစ်ထားထားတဲ့ ပေပါ ပုံးတွေကို ကားတစ်စီးက...

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နာနတ်တောသပိတ်ဖြိုခွင်းခံရအပြီး အသက်၁၃နှစ်အရွယ်မိန်းကလေးအပါအဝင် စုစုပေါင်း ၁၃ဦးဖမ်းဆီးခံရ

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ယနေ့ မေလ ၁၂ရက်နေ့ ညနေပိုင်းမှာ စစ်တပ်၊ ရဲ အင်အား အများအပြားက လာရောက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့...

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံမူဝါဒရှိရမယ်လို့ KSCCပြော

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်စနစ်အမြစ်ပြတ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်ကြမယ့် ဖွဲ့စည်းလိုက်တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ အခြေခံမူဝါဒ ရှိရမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ( KSCC) ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထောက်ပြပြောဆိုပါတယ်။ "တကယ့်တကယ်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာက ပြောရရင်တော့...

ဖမ်းဆီးထားတဲ့ လူငယ် ၇၄ ကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်း နေဆဲလို့ KNPP အတွင်းရေးမှူးပြော

ကန္တာရဝတီတိုင်း(မ်) လူငယ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်ပြီး အပြန်မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၇၄ဦးကို ပြန်လွှတ်ပေးဖို့ ညှိ့နှိုင်းနေဆဲလို့ KNPP အတွင်းရေးမှူး(၂) ဦးဒယ်နီယာယ် ကန္တာရဝတီတိုင်းမ်ကိုပြောပါတယ်။ ဖမ်းဆီးထားတဲ့လူငယ်တွေထဲမှာ ၁၈နှစ်အောက်လူငယ်...
- Advertisement -

Comments

comments