Monday, September 20, 2021

CATEGORY

နိုင်ငံရေးပါတီများ

ဖရူဆိုမြို့နယ်တွင် အနိုင်ရပြန်သွားတဲ့ ဦးသဲရယ်နဲ့ မေးမြန်းချက်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် အမှတ်(၁) ပြည်နယ်လွှတ်တော်နေရာမှာ ကယားပြည်နယ်ဒီမိုကရက်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးသဲရယ်က အနိုင်ရခဲ့ပါတယ်။ မြို့နယ်အတွက် ဘာတွေဆောင်ရွက်ပေးမလဲဆိုတာနဲ့ ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက် စိုးထိုက်အောင်ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။ ဦးသဲရယ်က ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ၎င်းမဲဆန္ဒနယ်ကနေပဲ...

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အမြင်သဘောထား

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ( UEC ) ကအောက်တိုဘာလ ၁၂ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး က မြို့နယ်တချို့တို့ရဲ့ ကျေးရွာအုပ်စုတွေဖြစ်ပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တချို့ထုတ်ပြန်တဲ့အပေါ်တရားမျှတမှုမရှိဘူးလို့ KySDP ပြော

မော်မီမြာ၊ ဦးမြာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ လက်ရှိအာဏာရပါတီက ကိုယ်မနိုင်လောက်ဘူးဆိုတဲ့မဲဆန္ဒနယ်ကို ဖြုတ်ချလိုက်တဲ့အနေအထားတစ်ရပ်လိုဖြစ်နေတာကြောင့် တရားမျှတမှုမရှိဘူးလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) အတွင်းရေးမှူး ဦးသဲရယ်က ကန္တာရဝတီတိုင်းမ်ကိုပြောပါတယ်။

ကျေးလက်ပညာရေ းကြပ်မတ်ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းပြော

ကရင်နီသူ ကျေးလက်ဒေသတွေမှာ ပညာရေးနဲ့ပတ်သက်လို့မြို့ပြတွေနဲ့ အရမ်းကွာဟနေသေးတာကြောင့် အနိုင်ရလာခဲ့ရင် ပုဂ္ဂလိကကျောင်းတွေနဲ့ဒေသတွင်း ပညာရေးအသုံးစာရိတ်တွေကို မြှင့်တင်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်မယ်လို့လက်ရှိ KySDPပါ တီက အရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲက ပြောပါတယ်။ ″ကျေးလက်ပညာရေးနဲ့မြို့ပြပညာရေး။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာလမ်းတွေမပေါက်ဘူး၊...

“လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာ အတတ်ပညာရဖို့အတွက် အသက်မွေးဝမ်းကြောင်းကိစ္စတွေအတွက် လွှတ်တော်ထဲမှာ အဆိုတွေတင်ဖို့လည်းရှိတယ်။ ရဲဝံ့ပြတ်သားစွာ တောင်းဆိုမှာပါ”

လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ပြင်ဆင်ထားမှုတွေ၊နိုင်ငံရေးအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကနေ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ခူးမိုက်ကယ်ဘိုးရယ်အား အခုလို တွေ့ဆုံမေးမြန်ဖြစ်ခဲ့ပါတယ်။ ခူးမိုက်ကယ်ဘိုးရယ်က ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ကယန်းအမျိုးသားနိုင်ငံရေးကို ဖော်ဆောင်ချင်တဲ့ ကိုယ်စားလှယ်လောင်းခွန်းဒီးဒီ

"လက်ရှိလွှတ်တော်အမတ်တို့ နောက်ကယန်းအရေးကို လုပ်ပေးနေတဲ့ ကယန်းဝန်ကြီးတို့တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ်မှာ အားမလို အားမရတာတွေလည်းပါတယ်။ နောက်တစ်ခုကလည်း ကျနော် တို့က ကယန်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကယန်းအမျိုးသားနိုင်ငံရေးကို ကိုယ်တိုင်ပါဝင်ပြီး တော့မှ ထမ်းဆောင်ချင်တာလည်းပါတယ်။" https://youtu.be/PCd6Es62F54

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း KNP ပါတီမှ ခွန်းမျိုးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဘိန်းစိုက်တောင်သူတွေအတွက် ဘိန်းအစားထိုးစိုက်ပျိုရေးမူဝါဘယ်လိုတွေ ချမှတ်ထားတာလဲဆိုတာနဲ့ပတ်သက်လို့ ခွန်းမျိုးဦးကိုတွေ့ဆုံမေးမြန်းထားပါတယ်။ ကယန်းအမျိုးသားပါတီ(KNP) ရှမ်း/တောင်ပိုင်းမှာ နေရာ (၅) နေရာနဲ့ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ခွန်းမျိုးဦးကို ကန္တာရဝတီတိုင်း(မ်)မှ ခွန်းကလိုင်းဖရီးက တွေ့ဆုံမေးမြန်းထားတာပါ။

စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော

မော်ဦးမြာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပါတီခြား အမာခံလူထုတွေရဲ့ နှောင့်ယှက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ် ဒီမိုကရက်တီပါတီ KySDP မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ KySDP ကိုယ်စားလှယ်လောင်းများ

သူတို့ (၃) ဦးဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းဒေသတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တစ်ခြားအားကောင်းသော ပါတီကြီးတွေနဲ့လည်းရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကယန်းအမျိုးသားပါတီကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာကို ခွန်းမြင့်နိုင် နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်...

ပြည်သူလူထုတွေ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့အတွက် ကောင်းတဲ့လူ၊ကောင်းတဲ့ခေါင်းဆောင်ကို ရွေးကြပါဆိုလာတဲ့ NLD ကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ပြည်သူလူထုတွေအနေနဲ့ ကျမကိုရွေးချယ်ပါလို့လည်း မပြောချင်ပါဘူး ၊ကျမပါတီကိုမဲထည့်ပေးပါလို့မပြောချင်ပါဘူး။ လင်းတဲ့လမ်းကိုဆက်လျှောက်လှမ်းနိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းကိုရွေးချယ်ပြီး မဲထည့်ကြပါလို့ ဆိုလာတဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဖရူဆိုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်ကြူကြူအောင်ပဲဖြစ်ပါတယ်။ “ ဒီအချိန်မှာ...

Latest news

စက်တင်ဘာလ တတိယအပတ် ကယန်းဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/bvoy8uolfquf ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဥ်စနေနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ “တိုက်ပွဲဖြစ်ရာလမ်းတစ်လျှောက် ခရီးသွားလာခြင်းမပြုရန် KNDF အသိပေး” သတင်းနဲ့ “တိုက်ပွဲအတွင်းလက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦးကျဆုံး” ဆိုတဲ့သတင်းနဲ့အတူ “စစ်အာဏာရှင်ကို အမြဲတိုက်နေတဲ့ ကရင်နီအာဇာနည်သူရဲကောင်း”...

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ တတိယအပတ် ကယားဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/pioxw7mapbsc ကယားဘာသာရေဒီယိုအစီအစဉ် အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်(ကယား) မြန်မာစံတော်ချိန် သောကြာနေ့ည (၇) နာရီတိုင်း

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး...

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ်၂၇ရက်နေ့ကနေ စက်တင်ဘာလ၈ရက်နေ့အတွင်း ၂၅ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း...
- Advertisement -