spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

ကရင်နီ

မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်မှ ထပ်မံသိမ်းယူ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် မယ်စဲ့မြို့နယ် အတွင်းက စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့မှာ ထပ်မံသိမ်းယူလိုက်တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ “မယ်စဲ့အခြေကုပ်စခန်းကို ကျနော်တို့ ၅နာရီခွဲမှာ ပြီးသွားပြီး စခန်းသိမ်းတာ။ ၅နာရီခွဲမှာပြီးတော့ ၆နာရီလောက်မှာ လေယာဉ်က ၄စီးနဲ့ လာကြဲတာ။ မယ်စဲ့ ပင်မစခန်း...

မိုလိုချောင်း အတက်ကျ ပုံမှန်မရှိတာကြောင့် ချောင်းအတွင်းခဲရှာသူများ အခက်တွေ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဖားဆောင်းမြိုကနယ် ခဲမဖြူကျေးရွာ အနီးက မိုလိုချောင်းအတွင်းမှာ ခဲရှာယူ နေကြတဲ့ ဒေသခံတွေဟာ ချောင်းရေအတက်အကျ ပုံမှန်မရှိတာကြောင့် အခက်တွေ့နေကြရတယ်လို့ ချောင်းခဲလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဒီရာသီဥတုအခြေအနေပေါ့နော် မိုးရေနဲ့ ဥပမာ မိုးမမှန်တာပေါ့နော်။ တခါတေလေ ရေတက်လိုက်ရေကျလိုက် ဒါ အခက်တစ်ခုရှိမယ် နောက်တစ်ခုက ဒီ ကိုယ်ခဲလုပ်တဲ့အချိန်မှာပေါ့နော် တစ်နေရာထဲလုပ်လို့မရဖူးနော်...

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတစ်ခုက ကလေးငယ်တွေကို  ဓာတ်မြင့်တင်ရေးလုပ်ဆောင်

CJ (ကန္တာရဝတီတိုင်း(မ်))ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် အမှတ် ၃ (A) စခန်းက ကလေးငယ်တွေကိုကို ပရဟိတအသင်းတစ်ခုက စိတ်ဓာတ်မြင့်တင်ပေးခြင်း တွေကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ လုပ်ဆောင်ပေး ခဲ့ပါတယ်။ “ကျနော်တို့ အနောက်ဘက်ခြမ်းက စစ်ရှောင်တွေအားလုံးကို စိတ်မပျက်သွားအောင် သူတို့ စိတ်ဓါတ်မကျသွားအောင် စိတ်ဓါတ်မြင့်တင်ရေးအပိုင်းအနေနဲ့ ၁၈...

မိုးဗြဲမြို့ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျပြီး ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားနှစ်ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေ

ကန္တာရဝတီတိုင်း( မ် ) ဒီကနေ့ စက်တင်ဘာလ ၁၆ရက်နေ့ မနက်အစောပိုင်း မိုးဗြဲမြို့ မွေတော်ဘုရားမှာ လက်နက်ကြီးကျရောက်ပြီး အသက် ၁၀နှစ်အောက် မောင်နှမနှစ်ဦးနဲ့ အသက်၅၀ကျော် အမျိုးသားနှစ်ဦး သေဆုံးသွားသလို အရပ်သားပြည်သူ ၁၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ မိုးဗြဲဒေသခံ တစ်ဦးဆီကနေ သိရပါတယ်။ “ မိုးဗြဲမွေတော်ဘုရားမှာ လက်နက်ကြီး အရမ်းထုတာ...

ကိုယ်ထူကိုယ်ထကျောင်း ၆ ကျောင်းရှိသည့်အနက် ၃ ကျောင်းသာ ကရင်နီစာပေသင်ကြားနိုင်

CJ (ကန္တာရဝတီတိုင်း(မ်)) စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထကျောင်းများ ၆‌ ကျောင်းဖွင့်ထားပြီး ကရင်နီစာပေကို ၃ ကျောင်းသာ သင်ကြားနိုင်ပါတယ်။  ကိုယ်ထူကိုယ်ထကျောင်းမှာ က‌လေးတွေကို စာသင်ကြား ပေးတဲ့ ဆရာမတစ်ဦးကတော့ " ဟုတ်အဲ့ဒီ ဒီ အခြားကယားစာပေနဲ့ပတ်သက်ပြီးတော့ ဒီဆရာမတွေကတော့ အချိန်ပြည့် မပေးနိုင်ဘူး၊...

သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိမှတ်စရာများ

လေးမြာ (ကန္တာရဝတီတိုင်း(မ်)) သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒင်းဂီး (Dengue) ဗိုင်းရပ်စ် အမျိုးအစားဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးသို့ ဗိုင်းရပ်စ် သယ်ဆောင်တဲ့ အင်းဒီးစ် (Aedes) ခြင်ကျား (အမ) ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နိုင်ပါတယ်။အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အသက် (၁၅) နှစ်အောက် ကလေးတွေ...

အက်ကြောင်းပိုများလာတဲ့ မော်ချီးဒေသက “ပေါင်မုန့်တောင်” နဲ့ ဒေသခံစိုးရိမ်ပူပန်မှု

ကန္တာရဝတီတိုင်း(မ်) အဝေးကနေ ကြည့်လိုက်ရင် ပေါင်မုန့်တုံး ပုံစံလိုဖြစ်နေတဲ့ ဒေသအခေါ် “ပေါင်မုန့်တောင်” လို့ အများသိထားကြတဲ့ အဲဒီတောင်ကို အနီးကပ်ရောက်ရှိသွားတဲ့အချိန်မှာတော့ ကွဲအက်နေတဲ့ အက်ကြောင်းတွေက လူတစ်ရပ်စာဝင်ဆန့်ပြီး ၃ပေခန့် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီ “ပေါင်မုန့်တောင်”လို့ ခေါ်ကြတဲ့ နေရာကတော့ ဖားဆောင်းမြို့နယ်အတွင်းက မော်ချီးဒေသမှာ တည်ရှိတာပါ။ တောင်ပေါ်ရပ်ကွက်၊...

လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ဘေးရှောင်တချို့ရဲ့ ဆန်စပါးတွေကို ကြွက်ဖျက်စီးမှုရှိနေ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ဘေးရှောင်တွေစိုက်ပျိုး စပါးခင်းတွေကို ကြွက်တွေဖျက်စီးမှုရှိနေပြီး စစ်ရှောင်တွေအနေနဲ့ ရေရှည် စားဝတ်နေရေးအတွက် စိုးရိမ်ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ “ပိုးတွေလည်းကျတယ်။ မိုးလည်း တအားမရွာတော့ သူ့အညွှန့်တွေပဲ ကျန်တယ်။ နေရာတိုင်းက ကြွက်တွေစားတယ်။ ဟိုး ငါးလပိုင်းကတည်းက တချို့စိုက်တယ်။ ၇လပိုင်းမှာ စိုက်တဲ့ဟာတွေ တချို့ပေါက်တယ်။ ဒီအတိုင်းပဲ စိုက်တယ်။ ဟိုး...

မိုးဗြဲမြို့ ဘုရားကျောင်းဝန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ပြန်လည်ဆုတ်ခွာ

ကန္တရဝတီတိုင်း(မ်)မိုးဗြဲမြို့ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၂ရက်နေ့မှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် က စက်တင်ဘာလ ၁၂ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီဘုရားကျောင်းဝန်းကို တပ်ပေါင်းစုအဖွဲ့ ဝင်ရောက်ရှင်းလင်းရာ 7.62ကျည်ဆံ (၅၂၁)တောင့်၊ 5.56ကျည်ဆံ (၂၆၀) တောင့်၊ စုဗုံး (၁၄) လုံး၊ ကျည်ဘောက်...

“တစ်ခါ ရောင်း မှားသွားတာနဲ့ တစ်နှစ်စာ ငတ်မယ် “ ဆိုတဲ့ နှမ်းစိုက်တောင်သူတွေရဲ့ အပူ

ကန္တာရဝတီတိုင်း(မ်)ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ဒေါတမကြီး ကျေးရွာ အုပ်စုဖက်မှာဆိုရင် နှမ်းကို အဓိကထား စိုက်ပျိုးလေ့ရှိကြပြီး ဒီတစ်နှစ်မှာတော့ နှမ်းစိုက်ပျိုးတဲ့အချိန်မှာ မိုးမရွာတဲ့အတွက် ၂ခါ၊ ၃ခါ အထိ ကြဲရတဲ့ သူတွေရှိသလို အပင်မသန်တာတွေကြောင့် နှမ်းအထွက်နှုန်း တစ်ဝက်လောက် လျော့ကျသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။အရင်နှစ် နှမ်း ၁၀...

Latest news

- Advertisement -spot_img