ခွန်းကလိုင်းဖရီး ရှမ်း/တောင်ဒေသနှင့် ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဖာလာစိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းပြုနေကြသည့် တောင်သူများအနေဖြင့် လက်ရှိတွင် ဖာလာဈေး မရှိသည့်အတွက် မိသားစုစားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။ ယခင်နှစ်က ဖာလာအခွံအုပ်ခြောက် ၁ ပိဿကို ကျပ် (၁) သောင်းခွဲ၊ အခွံခွာပြီး အစေ့ခြောက် ၁ ပိဿကို ကျပ် (၃)သောင်း အထိဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ဖာလာအခွံအုပ်ခြောက် ၁ ပိဿကို ကျပ် (၇) ထောင်နှင့် အခွံခွာပြီး အစေ့ခြောက် ၁ ပိဿကို ကျပ် (၂) သောင်းအထိသာ ဈေးရှိနေကြောင်း သိရသည်။ ကယန်းဒေသ ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာတွင် ဖာလာစိုက်ပျိုးလုပ်ကိုင်နေသည့် ဦးသန်းမောင်က “ပြီးခဲ့တဲ့ နှစ်က ဈေးကတော့ […]

ခူးစိုးရယ်ဦး ကယားပြည်နယ်လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာနှင့် စက်မှု(၁)အကြားတွင် လွိုင်ကော်စက်မှုဇုန်၂ (အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ)တိုးချဲ့ရပ်ကွက် ထူထောင်ရန်အတွက် ဒေသခံတောင်သူများ ကန့်ကွက်ကြသည်။ “စက်မှုဇုန် ၂ ထူထောင်ရန် ဒေသခံတောင်သူများ၏ သဘောထားဆန္ဒကို မရယူဘဲ၊ မညှိနှိုင်းဘဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်သွားမှာဘဲ”ဟု တိုင်းရင်းသားလူထု အခြေပြု မိတ်ဖက်အဖွဲ့ (EDPD) ဗဟိုကော်မတီဝင်နှင့် ကယားပြည်နယ် မြေယာအသုံးချမှုအဖွဲ့ဝင် ဦးကိုးရယ်စိုးညွန့်က ပြောသည်။ လူထုသဘောထားမပါရှိဘဲ လုပ်ဆောင်နေခြင်းသည် တောင်သူများအား အကျပ်အတည်းဖြစ်စေကြောင်း ၎င်းက ပြောသည်။ “စက်မှု (၂)လို့ သတ်မှတ်ရလောက်အောင် သူတို့က ကျွန်တော်တို့ တောင်သူလယ်သမားတွေကို ဆန္ဒသဘောထားအရကော၊ ညှိနိုင်းဆွေးနွေးမှုအရကော၊ လျော်ကြေးငွေကိစ္စအရကော ခေါ်ယူညှိနိုင်းခြင်းမရှိဘူး သူတို့က စာထဲမှာပဲ ခေတ်အဆက်ဆက်က စီမံကိန်းတွေကို […]

မူအက်စတာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် 4 Star အဆင့်ရှိ အဆင့်မြင့်ဟိုတယ် တည်ဆောက်နေကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။ ̏ အဆင့်က ကြယ်လေးလုံးအဆင့်ထိရှိတဲ့ ဟိုတယ်ဆောက်မယ်ပြောပါတယ်၊ ဒါပေမယ့် သူတို့ဆောက်ပြီးမှ သတ်မှတ်လို့ရမယ်ပေါ့၊ နိုင်ငံတော် သမ္မတအဆင့်ထိ တည်းလို့ရမယ့်ဟိုတယ်ဖြစ်ပြီး ရေကူးကန်တွေ၊ အခန်းတွေပါမယ်ဆိုတော့ 4 Star ဟိုတယ်ပေါ့။ အဆင့်သတ်မှတ်ချက်တွေကတော့ အကုန်ပြီးစီးမှ သတ်မှတ်ပေးပါမယ်˝ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။ ယခုဟိုတယ်တွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း( ကျပ်သန်းပေါင်း ၆ ထောင်ခန့်﴿ ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး၊ Myanmar New Ray Co,Ltd မှ တာဝန်ယူတည်ဆောက်သွားမည် […]

သျှံထွန်းတောက် ရေးသားသည်။ နေ့ရက်က ၂၀၁၈ ခုနှစ် မေလ ၂၆ ရက်။ နေရာက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကယား ပြည်နယ်ခန်းမ။ ကျင်းပသွားတဲ့ပွဲက ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်။ ကျင်းပရတဲ့ ရည်ရွယ် ချက်က ကယားပြည်နယ်အတွင်း ပြည်တွင်း/ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့။ ဟုတ်ကဲ့။ ဖိုရမ်ကို ကယားပြည်နယ်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်ပက လုပ်ငန်းရှင်တွေ ဌာနဆိုင်ရာတွေ ပေါင်းရင် လူဦးရေ ၆၀၀ လောက်တက်ရောက်သွားတဲ့ ပွဲဖြစ်လေတော့ ကယားပြည်နယ်မှာ အောင်မြင်တဲ့ ပွဲတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ ကဲ ဒါဆို ဖိုရမ်ကြောင့် ကယားပြည်နယ်အတွက် ဘာတွေကျန်ခဲ့လဲဆိုတဲ့ မေးခွန်းကတော့ လူတိုင်း သိချင်နေတဲ့ […]

နော်ဒွေးအယ်ခူ ကယားပြည်နယ် မြို့နယ်လေးခုရှိ မြေဧရိယာ ၄ သောင်းကျော်ပေါ်တွင် ခနောက်စိမ်းနှင့် ခဲသတ္တုများတူးဖော်ထုတ်လုပ်ရန် အသေးစားနှင့် လက်လုပ်လတ်စားလုပ်ကွက်များကို ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း ကယာပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ သိရသည်။ “လုပ်ကွက်ကိုလျှောက်ထားနိုင်ပြီ။ ဒါပေမယ့် လျှောက်ထားတာကိုတော့ မြေစာရင်းပုံစံနဲ့ ပြောရရင် မြေယာပိုင်ဆိုင်မှု ပုံစံ-၁၀၅က လက်ထဲမှာရှိရမယ်။ကိုယ့်ရဲ့ လယ်၊ကိုင်းထဲမှာ ကိုယ်ပိုင်တဲ့တောတောင်ထဲမှာဆိုရင်တော့ မြေပိုင်ဆိုင်မှုက ကိစ္စမရှိဘူး။ဒါပေမယ့် သူများရဲ့ လယ် မြေ ခြံထဲမှာဆိုရင်တော့ ကိုယ်က မြေပိုင်ဆိုင်မှုကိုအရင်စလုပ်ရမယ်။”ဟု  ကယားပြည်နယ်သတ္တုတွင်းဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးမောင်အေးက ပြောသည်။ ခနောက်စိမ်း၊ ခဲသတ္တု အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခြင်းလုပ်ကွက်များကို ဘောလခဲခရိုင်အတွင်းရှိ မယ်စဲ့မြို့နယ် ဟွေပုံလောင်းဒေသရှိ မြေဧရိယာ တစ်သောင်းလေးထောင်ကျော်နှင့် ရွာသစ်မြို့ ပိလုတောင်ဒေသရှိ မြေဧရိယာ ၉ ထောင်ကျော်တွင် […]

မူအက်စတာ လက်ရှိကယား(ကရင်နီ)ပြည်နယ်သည် ငြိမ်းချမ်းနေပြီဟုဆိုသော်လည်း နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခဲ့သည့် အချိန်များစွာ ကြုံတွေ့နေခဲ့သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးပြည်နယ်ထဲတွင် ပါဝင်နေရသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံး၏ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။ “စီးပွားရေးလုပ်ငန်းရှင်နဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီဟာကိုစောင့်ကြည့်နေတယ်ပေါ့။ အထူးသဖြင့် NCA မထိုးရသေးတဲ့အချိန်ကိုလည်း သူတို့စောင့်ကြည့်နေပါတယ်။ ဒီအခြေအနေတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက် အဟန်အတားပဲ၊ အဆင်မပြေမှုတွေ ဖြစ်နိုင်တယ်။”ဟု ၎င်းကပြောသည်။ တဘက်တွင်လည်း ပြည်သူများ မကန့်ကွက်သည့် စီမံကိန်းမဖြစ်များ မဖြစ်စေရန်အတွက်လည်း ပြည်နယ်အစိုးရမှ ပြည်သူများနှင့် အပြန်အလှန်အကျိုးအမြတ်ရရှိစေရေးအတွက် မူဘောင်တွေရေးဆွဲပြီး ကြပ်မတ်ဆောင်ရွက်မှုများ နှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေကြောင်း ဒေါ်မေမျိုးဇော်ကဆက်ပြောသည်။ မြန်မာနိုင်ငံ၌ ကယားပြည်နယ်သည် ချင်းပြည်နယ်ပြီးလျှင် ဒုတိယ ရင်းနှီးမြှုပ်နှံမှု […]

လင်းသန့် ကယားပြည်နယ်ရင်းနှီးမြှပ်နှံမှုဖိုရမ်ကျင်းပပြီးနောက် ကုမ္ပဏီအစုအဖွဲ့ ၁၀ ခုက ကယားပြည်နယ်အတွင်း  ကဏ္ဍ ၅ ခုတွင်  ရင်းနှီးမြုပ်နှံရန် ပြည်နယ်အစိုးရထံ တွေ့ဆုံအဆိုပြုတင်ပြသည်။ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ မေလ ၂၇ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ရုပ်ရှင်ရုံလုပ်ငန်း၊ အလှဆင်ကျောက်ထုတ်လုပ်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် သတ္တုတွင်းကဏ္ဍတို့တွင် ရင်းနှီးမြှပ်နှံရန် ပုဂ္ဂလိကကုမ္ပဏီများက စိတ်ဝင်စားနေသည်။ ကုမ္ပဏီ(၂)ခုက လွိုင်ကော်မြို့အတွင်း ရုပ်ရှင်ရုံလုပ်ငန်းဆောင်ရွက်ရန်၊ ကုမ္ပဏီ(၃)ခု မာဘယ်ကျောက် ထုတ်လုပ်ရေး လုပ်ငန်း ဆောင်ရွက်ရန်၊ ကုမ္ပဏီ (၁)ခုက ပွန်ချောင်း Advendure Tourism အပန်းဖြေစခန်းတည်ဆောက်ရန်၊ ကုမ္ပဏီ (၁)ခုက နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ကိုင်ရန်၊ ကုမ္ပဏီ (၂)ခုက ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန်နှင့်ကုမ္ပဏီ(၁)ခုက သတ္တုနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန်  လိုလားနေသည်။ ရုပ်ရှင်ရုံလုပ်ငန်း ဦးနေလင်းနှင့် […]

စိုးရယ် ကယားပြည်နယ်ထွက် ယခုနှစ် ပြောင်းဆံများကို ဆယ်စုနှစ်တစ်ခုအတွင်း တန်ချိန် အများဆုံးတင်ပို့နိုင်ခဲ့သည်ဟု ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောသည်။ “ကယားပြည်နယ်ရဲ့ အဓိကတင်ပို့နေတဲ့ ပြောင်းဖူးစေ့ရယ် ကျွန်တော်တို့ ကယားဆန်ရယ် နှမ်းရယ် ဒီနှစ်ကတော့ ထူးထူးခြားခြားကို တက်ပါတယ်။ ကုန်သွယ်ရေးစကားနဲ့ ပြောရရင် ကုန်သွယ်မှုပမာဏ အများကြီးတိုးတယ်” ဟု ဦးခမ်လျန်စွမ်းက ပြောသည်။ ပြောင်းဆံ တန်ချိန် ၃ သောင်းနီးပါး တင်ပိုခဲ့ပြီး ရရှိငွေပမာဏမှာ ကျပ်သန်း ၇ ထောင်ကျော်ရှိကြောင်း မတ်လ ၁၈ ရက်နေ့တွင် ဦးခမ်လျန်စွမ်းက ပြောကြားခဲ့သည်။  ကယားပြည်နယ်ထွက် ပြောင်းများကို ထိုင်းနှင့် တရုတ်နိုင်ငံကို အဓိက တင်ပို့သည်ဟု ဦးခမ်လျန်စွမ်းက ပြောသည်။ ကယားပြည်နယ်၏ […]

သျှံထွန်းတောက်ရေးသားသည်။ “မင်းတို့ မြန်မာပြည်က ဘီယာတွေရဲ့ အရသာကို ငါမကြိုက်ဘူးကွာ။” “ကျွန်တော်လည်း ဂျပန်က ဘီယာရဲ့ အရသာကို မကြိုက်ဘူးဗျ” အနှီစကားကိုပြောဖြစ်ခဲ့တာကတော့ စာရေးသူနဲ့ ဂျပန်နိုင်ငံ Kyoto Comparative Law Centre – KCLC က ပရော်ဖက်ဆာ မစ်စတာကီနိုရှိတာ တို့ပဲ ဖြစ်ပါတယ်။ မစ်စတာ ကီနိုရှိတာ ဆိုတာ မြန်မာနိုင်ငံမှာ ၂ နှစ်ကျော် နေထိုင်ခဲ့ဖူးသူတစ်ယောက်ဖြစ်လို့ မြန်မာနိုင်ငံ အကြောင်းကိုလည်း တော်တော်များများသိထားသူပါ။ မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်ဥပဒေ ထုတ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ အသိပညာတွေ ဖြန့်ဝေခဲ့သလို ဥပဒေကြမ်းတစ်ခု ရုပ်လုံးပေါ်လာအောင် ထုဆစ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ပရောဖက်ဆာနဲ့ စာရေးသူတို့ ဘီယာကောင်းကြောင်း မကောင်းကြောင်း စကား […]

လင်းသန့်/ဖဲဘူး ကယားပြည်နယ်အတွင်းမှာပင် လုပ်ငန်း သို့မဟုတ် ကုမ္ပဏီများ အလွယ်တကူ မှတ်ပုံတင်နိုင်ပြီးဖြစ်သည့် အတွက် မေလမှစပြီး ၆ လအတွင်း ကုမ္ပဏီ ၃၂ ခု လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ “အရင်တုန်းက တာဝန်အရ နေပြည်တော် သွားရတာပေါ့ တောင်ကြီးသွားရတယ် ရန်ကုန်မှာ လုပ်ချင်တယ်ဆိုလည်း လုပ်ပေးတာလည်း ရှိတယ်ပေါ့နော် ခုတော့ ကိုယ့်ပြည်နယ်အတွင်းမှာပဲ စီးပွားရေးသမားတွေပေါ့ အလွယ်တကူ လုပ်လို့ရအောင် ကုမ္ပဏီအလုပ်တွေကော ရင်းနှီးမြုပ်နှံမှုတွေကော။ ရုံးခွဲလာဖွင့်တာပေါ့နော် တခြားတိုင်းဒေသ ပြည်နယ်တွေမှာ ဒီလိုရုံးခွဲသစ်တွေ ဖွင့်ပြီကုန်ပါပြီ မပြီးသေးတာ ချင်း တခုတည်းပဲပေါ့နော်”ဟု ဒေါ်မေမျိုးဇော်က ပြောသည်။ ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် […]