spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲ

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ပြင်ဆင်မှုတွေပြုလုပ်ပြီး ထပ်မံကြိုးစားမည်

ကန္တာရဝတီတိုင်း(မ်) နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အားလုံးနီးပါး ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထပ်မံကြိုးစားသွားမယ်လို့ ပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။ “ပြင်ဆင်မှုတွေဆက်ရှိလိမ့်မယ်။ ဒါကိုအားကောင်းအောင်ဆက်လုပ်ဖို့လိုလိမ့်မယ်ပေါ့။ ကျွန်တော်သုံးသပ်တာက အဓိက လူထုတွေရဲ့နိုင်ငံရေးအပေါ်မှာရချင်တဲ့စိတ်က လူထုပေးတဲ့မဲအပေါ်ကွဲတယ်လို့ယူဆတယ်။ ကျွန်တာ်တို့ လူထုတွေကို ပိုပြီးရှင်းလင်းတဲ့နိုင်ငံရေးချပြမှုတွေ ပါတီဖက်မှာအရမ်းအားနည်းလို့လား။ ကျွန်တော်တို့ကိုရှိပြီး အားပေးတာထက် ပါတီမူဝါဒကိုအားပေးတယ်၊ ပါတီရဲ့ရပ်တည်ချက်ကို အမှန်တကယ်အားပေးတဲ့အနေအထား ဖြစ်အောင်...

ကယားတစ်ပြည်နယ်လုံး မဲလာပေးသူ ၇၆ ရာခိုင်နှုန်းသာရှိခဲ့

ဦးမြာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကယားတစ်ပြည်နယ်လုံးရှိမဲပေးပိုင်ခွင့်ရှိသူ ၇၆ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကယားတစ်ပြည်နယ်လုံးမှာ မဲပေးခွင့်ရှိသူ ၂၁၂၉၁၆ ဦးရှိပြီး မဲလာပေးသူ ၁၆၂၈၇၅ ဦးရှိခဲ့ပါတယ်။ ကယားပြည်နယ်ဟာဆိုရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုက မဲပေးတဲ့ရာခိုင်နှုန်းအများဆုံးရဲ့ နံပါတ်၅နေရာမှာ ရှိပါတယ်။ လွိုင်ကော်မြို့နယ်မှာ ၁၀၀၂၆၇ ဦးမဲပေးပိုင်ခွင့်ရှိခဲ့ပြီး ၇၅၇၅၇ ဦး မဲလာပေးခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာတော့ ၅၆၆၇၄...

ဆိတ်သုန်းနေတဲ့ အမျိုးသမီးထုအသံ လွှတ်တော်အတွင်း မြိုင်ဆိုင်လာတော့မလား

ကရင်နီသူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကနေ အရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက လွှတ်တော်တွေမှာ ယခင်လွှတ်တော်သက်တမ်းထက် (၆)ရာခိုင်နှုန်း ပိုမိုပါဝင်ပြီး ဆွေးနွေးခွင့် ရတော့မှာပါ။ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၇၉၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၅၂)ဦး အနိုင်ရရှိခဲ့တာဖြစ်ပြီး မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၈၉၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂၁၉)ဦး အနိုင်ရရှိခဲ့တယ်လို့...

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်တွင် အနိုင်ရရှိသွားသော KySDPမှ ဒီးဒီ(ခ)စစ်မုန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်တွင် အနိုင်ရရှိသွားသော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)မှ ဒီးဒီ(ခ)စစ်မုန်းနှင့် တွေ့ဆုံမေးမြန်းခြင်း https://youtu.be/BaGF4lDevKY

ဘောလခဲမြို့နယ် အနိုင်ရပါတီကိုယ်စားလှယ်က သီးနှံဈေးကွက်အာမခံချက်ရှိအောင် အဓိကဆောင်ရွက်သွားမယ်လို့ပြော

အန်ထောနီ ဘောလခဲမြို့နယ်မှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်စားသောက်ကြပြီး တောင်သူလယ်သမားတွေအနေနဲ့ တိကျမှန်ကန်တဲ့ဈေးနှုန်းမရှိတဲ့အတွက် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေကြရတဲ့အပေါ်မှာ အနိုင်ရသွားတဲ့ ၎င်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးကျော်သန်းက ပြောပါတယ်။ တောင်သူလယ်သမားတွေရဲ့ ထွက်ကုန်တွေ ကုန်ကျစရိတ်ထက်သာတဲ့ ဝင်ငွေရရှိဖို့နဲ့ ဈေးကွက်တည်ငြိမ်ဖို့အတွက်လည်း ပြည်ထောင်စုမှာ အဓိက ဆွေးနွေးသွားမယ်လို့လည်းဆိုပါတယ်။ https://youtu.be/NMVTPK53CPs

ရှမ်းပြည်နယ်တောင်ပိုင်း ကယန်းတိုင်းရင်းသားလူမျိုးရေးရာနေရာတွင် အနိုင်ရရှိသွားသူ KNPမှ ဦးတင်နု၏ ကတိကဝတ်မေးမြန်းချက်

ရှမ်းပြည်နယ်တောင်ပိုင်း ကယန်းတိုင်းရင်းသားလူမျိုးရေးရာနေရာတွင် အနိုင်ရရှိသွားသူ ကယန်းအမျိုးသားပါတီ(KNP)မှ ဦးတင်နု၏ ကတိကဝတ်မေးမြန်းချက် https://youtu.be/oGbyITW5OUI

Popular