spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

အယ်ဒီတာ့အာဘော်

ပွဲခွင့်ပြုမိန့် ကြန့်ကြာမှု ဖြေရှင်းပါ

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဟိုတယ်များတွင် ဆွေးနွေးပွဲများ ၊ဟောပြောပွဲများပြုလုပ်လိုလျှင် ပြည်နယ်အစိုးရသို့ ၁၅ရက်ကြို တင်ကာ စာတင်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဘာသာရေးအဆောက်အဦးများတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောပွဲများ မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ NGO၊ INGOနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူမှုရေးနှင့် အသိပညာပေးသင်တန်းများ ပြုလုုပ်ရာတွင် ခွင့်ပြုမိန့်များ စောင့်ဆိုုင်းနေရခြင်းကြောင့် အခက်အခဲကြုံနေကြရသည်။ အစည်းအဝေးပွဲလုပ်ရန် ၁၅ရက်ကြိုတင်ကာ စာတင်ရမည်ဖြစ်သော်လည်း ၎င်းတို့ အစိုးရဘက်မှ ၎င်းရက်အတွင်း အကြောင်းမပြန်နိုုင်ခြင်းကြောင့် အဖွဲ့အစည်းများက...

တစ်နှစ်စာ ဝမ်းရေးဖြောင့်ဖြူးရန် ကူညီပါ

စက်တင်ဘာလ ၁  ရက်နေ့ထုုတ် ကန္တာရဝတီတိုုင်း(မ်)သတင်းဂျာနယ်ပါ အယ်ဒီတာအာဘော် များမကြာခင်ကာလတွင် တောင်သူများ၏ တစ်နှစ်ပတ်လုုံး သီးနှံများထွက်ရှိလာတော့မည်ဖြစ်သည်။ လုုပ်အား၊ ငွေအားဖြင့် ရင်းနှီးထားသည့် ၎င်းတိုု့၏ ချွေးနည်းစာကိုု ဖျက်ဆီးရန် အသင့်စောင့်ကြိုနေသော အရာများလည်း ရှိနေသည်။ မူမမှန်သော ရာသီဥတုကိုု ဒီကာလအတွင်း ကြုံခဲ့ကြရပြီးဖြစ်သည်။ မိုုးမမှန်၍ နောက်တစ်ကြိမ်ထပ်မံ စိုုက်ပျိုးရသည့် စိုုက်ခင်းအများအပြားရှိသည်။ မိုုးများ၍ သီးနှံပင်များမအောင်မြင်မှုလည်း ထိုုနည်းတူတူဖြစ်သည်။ ကုုန်ကျစရိတ်များ ပုုံမှန်ထက်ပိုုကုုန်ရသည်။ ယင်းကဲ့သိုု့ အခက်အခဲများကြောင့် စိုုက်ပျိုးရေးတွင်...

ဗိုလ်ချုပ်ကြေးရုပ်က ပေးသော သင်ခန်းစာ

ကန္တာရဝတီတိုုင်း(မ်) ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စကြောင့် ဖြစ်လာသော လူတစ်ဦးနှင့်တစ်ဦး အမုန်းပွားမှု၊ သွေးကွဲမှုနှင့် အငြင်းပွားမှုသည် ကယားပြည်နယ်တွင်းသာမက မြန်မာတစ်နိုင်ငံလုံးကို ဂယက်ရိုက်ခတ်စေသည်။ ကယားပြည်နယ်အတွင်းတွင် ကြေးရုပ်ထားရှိရန် အစိုးရ၏ ကြိုးပမ်းမှုကို လူငယ်တို့က အပြင်းအထန်ကန့်ကွက်မှုနောက်ဆက်တွဲ ဖြစ်ပေါ်လာသော တရားစွဲဆိုမှုများ ငြင်းခုန်မှုများ၊ စေ့စပ်ညှိနှိုင်းမှုများသည် ယခုုရက်သတ္တပတ်အတွင်း နှိမ့်ချည်မြင့်ချည်ရှိခဲ့သည်။ ကန့်ကွက်ဆန္ဒပြမှုများကြောင့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ဦးဆောင်နေသော ကော်မတီကိုလည်း ပြည်နယ်အစိုးရဖျက်သိမ်းပေးလိုက်ရသည်။ သို့သော် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သူများသည် အာဏာပိုင်မှ ပုဒ်မတပ် တရားစွဲဆိုခံရသည့် ရလဒ်သာ...

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်ကိစ္စ လူထုအသံနားထောင်ပါ

အယ်ဒီတာအာဘော် မြန်မာနိုင်ငံတစ်ဝန်း၌ ကြေးရုပ်ထားရှိသော အလေ့အထသည် ကယား(ကရင်နီ)ပြည်နယ်သို့ ကူးစက်လာကာ ဗိုလ်ချုပ်ကြေးရုပ်ကို လွိုင်ကော်မြို့ ာဂေန္ဓာဟေဝန်ပန်းခြံတွင်ထားရှိရန် ပြည်နယ်အစိုးရက ကမကထလုပ်ခဲ့သည်။ တိုင်းဒေသကြီးများတွင် အလွယ်တကူထားရှိလို့ရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ကယားပြည်နယ်၌မူ လူထုအကြား သဘောထားကွဲလွဲနေကြသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးဖခင်ဖြစ်၍ ကြိုက်နှစ်သက်သူရှိသလို ကယား(ကရင်နီ)ပြည်နယ်နှင့် ဗိုလ်ချုပ်သည် လုံးဝမသက်ဆိုင်ဟုယူဆကာ မနှစ်သက်သူများလည်း ရှိကြသည်။ သမိုင်းသို့ ပြန်လည်ကြည့်သောအခါ မြန်မာနိုင်ငံ၌ ကယားပြည်နယ်သည် နယ်ချဲ့လက်အောက်သို့ မကျရောက်ခဲ့သော တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါသည်။ ၁၉၄ရ...

ဒေသအတွက် အကျိုးဖြစ်မည့် ရင်းနှီးမြှုပ်နှံမှုများ ဖေါ်ဆောင်ပါ

ကယားပြည်နယ်မှာ စီးပွားရေးဆိုင်ရာ ဆွေးနွေးဖေါ်ထုတ်မှုနှင့် ပတ်သက်သည့် ဖိုရမ်ကို ပထမဦးဆုံးအကြိမ်အဖြစ် မေလ ၂၆ ရက်နေ့တွင် အစိုးရက ဦးဆောင်ပြီး ကျင်းပသည်။ အဆိုပါ ဖိုရမ်တွင် ရင်​းနှီးမြှုပ်​နှံမှုဆိုင်ရာ အချက်အလက်များနှင့် အခွင့်အလမ်းများကို ဝေဝေဆာဆာ ဖေါ်ထုတ်ပြသခဲ့သည်။ ဖိုရမ်မှတဆင့် ပြည်​တွင်​း၊ ပြည်​ပ ရင်​းနှီးမြှုပ်​နှံသူ​များနှင့် ​ချိတ်​ဆက်​​ကာ ပြည်နယ်၏ စီးပွားရေးကို တဖက်တလမ်းကနေ မြှင့်တင်နိုင်မည့် ပြည်နယ်အစိုးရ၏ ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပေသည်။ ဖိုရမ်အတွင်း စိုက်​ပျိုး​မွေးမြူရေး၊ တွင်​းထွက်​သယံဇာတ၊...

လက်ရှိငြိမ်းချမ်းရေးကို ဆက်ထိန်းပြီး ရှေ့တိုးပါ

အယ်ဒီတာ့အာဘော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့်  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့၏ ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို လွိုင်ကော်မြို့၌ ဧပြီ ၂၆ နှင့် ၂ရ ရက်နေ့ ၂ ရက်တာ ပြုလုပ်ခဲ့သည်။ ယင်း ၂ ရက်တာ အတောအတွင်း တရားဝင်တွေ့ဆုံဆွေးနွေးပွဲအပြီး  ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့အကြား  နှစ်ဘက်သဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်။ ယင်းသည် ကယားပြည်နယ်အတွက် ငြိမ်းချမ်းရေးအား ပုံဖေါ်ရန် ယခင်ထက် ပိုကောင်းမွန်သော ကနဦးခြေလှမ်းအစ...

Popular