spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

သတင်း

လွိုင်ကော်စက်မှုဇုန်အလုပ်မဖြစ်

စိုင်းလင်းလင်းဦး ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်စက်မှုဇုန်လုပ်ငန်းကို ဆယ်စုနှစ်နီးပါးတည်ဆောက်ထားပြီးဖြစ်သော်လည်း လုပ်ငန်း ဖွံ့    ဖြိုး တိုးတက်မှု မရှိသေးကြောင်း စက်မှုစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်မြင့်က ကန္တာရဝတီတိုင်းသို့ ပြောသည်။ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းအများစုမှာ ဆက်သွယ်ရေးကောင်းမွန်သော လွိုင်ကော်မြို့အတွင်း၌သာ ပိုမို လုပ်  ကိုင်     ကြသောကြောင့် စက်မှုရပ်ကွက်ရှိ မြေနေရာအများစုတွင် ဂိုဒေါင်များနှင့် အလုပ်ရုံအချို့ကို တည်ဆောက်ထားသော်လည်း အများစုမှာ အသုံးပြုခြင်းမရှိဘဲ လည်ပတ်မှုရပ်ဆိုင်းထားရခြင်းဖြစ်သည်။ “လွိုင်ကော်သူ/သားတွေ အများဆုံးဝယ်ထားတဲ့နေရာ...

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ဝန်ထမ်းများ ခေါ်ယူနေ

စိုင်းလင်းလင်းဦး ကယားပြည်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် ခန့်အပ် တာဝန်ထမ်းဆောင်မည့် ဥက္ကဌနှင့် အဖွဲ့ဝင်များ(အများယုံကြည်လေးစားခံရသောပုဂိ္ဂုလ်များ)ကို ခေါ်ယူလျက်ရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။ "ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် သူနေရာနဲ့သူအလိုက် ဥက္ကဌတစ်ဦးနဲ့ အဖွဲ့ဝင်နှစ်ဦး စုစုပေါင်းသုံးဦးကို ခန့်အပ်မှာပါ။ "ဟု      ဦးကျော်ဆန်းဝင်းက ဇူလိုင်လ ၂၆ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)ကိုပြောသည်။ တာဝန်ခန့်အပ်ရန် ဝန်ထမ်းလျှောက်လွှာများအား ၂၀၁၆ခုနှစ်...

နိုင်ငံရေးအသိပညာနိုးကြားစေမည့် ဘာသာရပ်များ ပညာရေးစနစ်တွင် ထည့်သွင်းစေလို

မူအက်စတာ လူငယ်များ နိုင်ငံရေးအသိပညာ တိုးပွားလာစေရန်အတွက် ပညာရေးစနစ်တွင် နိုင်ငံရေးအသိပညာနိုးကြားစေသည့်ဘာသာရပ်များ ထည့်သွင်းသင်ကြားပေးရန် လိုအပ်နေသည်ဟု ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ (KSWDC)မှ ပြည်တွင်းစီမံကိန်းတာဝန်ခံ ကိုဗညားက ပြောသည်။ နိုင်ငံရေးအသိပညာမရှိခဲ့သည့်အတွက် နိုင်ငံတော်တည်ဆောက်မှုအပိုင်းတွင် ပြည်သူများကိုအလုပ်အကျွေးပြုလုပ်ပေးမည့် မူဝါဒရေးဆွဲရန် အသိတရားအားနည်းစေသည်ဟု ၎င်းက ဆိုပါသည်။ "နိုင်ငံရေးအသိအမြင်ဖွံဖြိုးမှ နိုင်ငံကိုဘယ်လိုတည်ဆောက်မယ် ဘယ်လို မူပေါ်လစီတွေချမှတ်မလဲ ကဏ္ဍအစုံမှာလဲ ဘယ်လိုမျိုးလုပ်မလဲ ပြည်သူတွေကို ဘယ်မျိုးအလုပ်အကျွေးပြုမလဲ၊ မတူကွဲပြားမှုတွေကို ဘယ်လိုအတူယှဉ်တွဲနေထိုင်လို့ရမလဲ စတဲ့အရာတွေကို သိလာမှာပါ။"ဟု ကိုဗညားက...

သစ်မှောင်ခိုကိစ္စအတွက် ကုမ္ပဏီကြီးများကို အရေးယူသင့်

ဦးမြာ ကယား( ကရင်နီ) ပြည်နယ်အတွင်း သစ်မှောင်ခိုများအား တားဆီးအရေးယူရာတွင် အဓိက ကုမ္ပဏီများကိုသာ တားဆီးအရေးယူသင့်သည်ဟု ဖရူဆိုမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီးက ပြောသည်။ “အခုပိတ်ချင်တာက ကျနော်တို့ ကိုင်ချင်တာက အဓိက ကုမ္ပဏီကြီးတွေပေါ့နော။ အခြား ပြည်နယ်တို့ တိုင်းတို့က လာတဲ့လူတွေ နောက်ပြီး တချို့ အကြီးအကဲနဲ့ ပေါင်းပြီးမှ အဆမတန် ခုတ်ထုတ်တဲ့လူတွေပေါ့နော။ ”ဟု...

ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ရန် အခက်အခဲဖြစ်နေ

ထျိုးမြာ ဝင်ငွေခွန်များကောက်ခံရာတွင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ခံရန် အခက်အခဲဖြစ်နေသည်ဟု ကယားပြည်နယ်၏ အခွန်ဦးစီးမှူး ဦးခင်မောင်ညွှန့်က ဆိုသည်။ “အခွန်ရှောင်တဲ့သူကတော့ လူ့ရဲ့သဘောတရားကတော့ မပေးလို့ရရင် မပေးချင်ဘူးပေါ့လေ ”ဟု၎င်းကဆိုသည်။ အခွန်မဆောင်ပဲ မသိကျိုးကျွံပြုလုပ်နေသူများကိုလည်း အခွန်ပေးဆောင်လာစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဟု ဦးခင်မောင်ညွှန့်က ထပ်မံပြောသည်။ ပြည်သူများအနေဖြင့် အခွန်ဆောင်ခြင်း၏ အကျိုးကို တိုက်ရိုက်ခံစားခွင့်မရှိသော်လည်း ပြည်နယ်အတွက် လမ်းတံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်းနှင့် ဝန်ထမ်းလစာပေးခြင်းတို့တွင် ပြန်လည်အသုံးပြုနိုင်သည်ဟု...

ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် KNPP မပါဝင်ပါက အမျိုးသားရင်ကြားစေ့ရေးနစ်နာမှုရှိနိုင်

ကော်မိန်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အနေဖြင့် ၂၁ ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် မပါဝင်နိုင်ပါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နစ်နာမှုရှိနိုင်သည်ဟု ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ အဖွဲ့ဝင် ဦးပလုရယ်က ပြောသည်။ “သူတို့ဆွေးနွေးတာ တင်ပြတာတွေကိုတော့ တကယ့်ဆုံးဖြတ်တဲ့အထဲမှာ မပါဘူးဆိုရင်တော့ ဒါကအရမ်းကို နစ်နာနို်င်တယ်ပေါ့နော်။ သူတို့အတွက်မကဘူး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပြောရမလား၊ အဲဒါတွေမှာ နစ်နာမှုတွေ ရှိနိုင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။ ၂၁ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး...

Popular