spot_img
Friday, September 29, 2023
spot_imgspot_imgspot_imgspot_img

သတင်း

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၌ အမျိုးသမီးပါဝင်မှုကို အားရကျေနပ်မှု မရှိသေးသော အမျိုးသမီးအဖွဲ့

မူအက်စတာရေးသားသည်။ ၂၀၁ဝခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီး ငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲမှုများလည်း စတင်အသက်ဝင်လာခဲ့ပါသည်။ ထိုအချိန်မှစ၍ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက်လုံးတွင် အမျိုးသမီးများ ပါဝင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းကို အမျိုးသမီးထုတစ်ရပ်လုံးက ပါဝင်တောင်းဆိုမှုသည်လည်း ကျယ်လောင်လာသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဖို့ အမျိုးသားထုကိုယ်တိုင်လည်း လက်တွဲခေါ်သည့်အပိုင်း အားနည်းနေကြောင်း အမျိုးသမီးအဖွဲ့က ဝေဖန်သည်။ “ဒီအမျိုးသမီးတွေ ပါဝင်မှု ဘာကြောင့်အားနည်းနေတာလဲဆိုရင် အမျိုးသားတွေရဲ့ လက်တွဲကူညီမှုတွေ အားနည်းလို့ပါ။ ပြီးတော့ သူတို့ရဲ့ တွန်းအားပေးမှုတွေလည်း အားနည်းနေသေးတယ်”...

ပျောက်ဆုံးဆိုင်ကယ် ၃ဝ စီး ဖေါ်ထုတ်ခဲ့သော ကယားရဲတပ်ဖွဲ့နှင့် အရပ်သားကို အစိုးရဂုဏ်ပြု 

လင်းသန့် ခိုးယူပျောက်ဆုံးခဲ့သည့် မော်တော်ဆိုင်ကယ်များကို စွမ်းစွမ်းတမံဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သား ၄ ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ခိုးယူပျောက်ဆုံးခဲ့သည့် မော်တော်ဆိုင်ကယ်များကို ဖော်ထုတ်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကန္တရဝတီခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးမှ...

ကရင်နီဂေဟစနစ်စိုက်ပျိုးရေးသင်တန်းဆင်းကျောင်းသားများ ဒေသခံသို့ ဂေဟစိုက်ပျိုးနည်း ဆင့်ပွားပညာပေးမည်

ဖရဲရယ် ကရင်နီဂေဟစနစ်စိုက်ပျိုးရေးကျောင်းမှ သင်ယူခဲ့သော စိုက်ပျိုးရေးဆိုင်ရာ အသိပညာများကို လူထုထံသို့ ပြန်လည်ပို့မည့်အစီအစဉ်ကို သင်တန်းဆင်း ကျောင်းသား/သူများက ဆင့်ပွားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယား(ကရင်နီ)ပြည်နယ်အတွင်း   ဖြတ်လမ်းဖြင့် အသုံးပြုလာသော ဓါတ်မြေဩဇာနှင့် နည်းလမ်းမမှန်သော စိုက်ပျိုးမှုကြောင့် သဘာဝပတ်ဝန်းပျက်ဆီးနေမှုကို တစိတ်တပိုင်း ပြန်လည်ကုစားနိုင်ရန် သင်တန်းကျောင်းအား ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ “သင်တန်းပြီးသွားတဲ့ ကျောင်းသူ/သားတွေ ဒီသင်တန်းမှာ ဘယ်လိုမျိုး သင်တန်းမှာ သင်ယူရရှိခဲ့ သင်ခန်းစာ ဘာသာရပ်တွေကို ကိုယ့်ရဲ ့ပြည်သူ အတွင်းမှာ...

တောင်သူများ ဈေးကွက်အရ ဖော်ဆောင်ရတော့မည့် အော်ဂဲနစ်စနစ် စိုက်ခင်း

ဒီနေ့ ခေတ်မှာ သဘာဝပတ်ဝန်းကျင်က ဓါတ်တုဆေးဝါးတွေ၊ မြေဩဇာတွေ ၊ ပိုးသတ်ဆေးတွေကြောင့် သဘာဝဂေဟစနစ် ပျက်စီလာသည်နှင့်အမျှ စိုက်ပျိုးသီးနှံတွေက ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။ ဘယ်လိုတွေလုပ်ဆောင်ရမလဲ၊ ဘာတွေစိန်ခေါ်မှုရှိနေကြလဲဆိုတာ ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/utHXl5VlVxI

ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း ( ၆ )

ေကျာ်ထင်အောင်ရေးသားသည်။ ကယားပြည်နယ် လွှတ်တော် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို ၂၀၁ရ ခုနှစ်၊ နိုဝင်ဘာလ( ၁၆ နှင့် ၁ရ ) နှစ်ရက်တာ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦး၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် (၁)ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေစုစုပေါင်း(၁၀၀%) တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးသည် အောင်မြင်သော အစည်းအဝေးဟု သတ်မှတ်ရပေမည်။ ကယားပြည်နယ်လွှတ်တော်၏...

လယ်ယာမြေများ ပျက်စီးစေသည့် သွင်းအားစုများကို ထိန်းချုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

မော်ဦးမြာ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကြောင့် လယ်ယာမြေရှိ မြေဆီလွှာတွေ ပျက်စီးနေတဲ့ကိစ္စကို ပြည်နယ်အစိုးရမှ စိစစ်ပေးရန် တိုင်းရင်းသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့သည်။ သီးနှံအထွက်တိုးရေးအတွက် ဓာတ်မြေဩဇာ အသုံးပြုမှု များပြားလာနေပြီး တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးမြေများ ပျက်စီးလာနိုင်သည့်ကိစ္စအား ကြိုတင်ကာကွယ်ရန် လုပ်ဆောင်သင့်ပြီဟု ဖရူဆိုမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ သုတေသနလုပ်ငန်းတွေ သေချာလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တာပေါ့နော။ ပြည်နယ်အစိုးရနဲ့ ဆိုင်ရာ...

Popular