သတင်း
ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ရန် အခက်အခဲဖြစ်နေ
ထျိုးမြာ
ဝင်ငွေခွန်များကောက်ခံရာတွင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ခံရန် အခက်အခဲဖြစ်နေသည်ဟု ကယားပြည်နယ်၏ အခွန်ဦးစီးမှူး ဦးခင်မောင်ညွှန့်က ဆိုသည်။
“အခွန်ရှောင်တဲ့သူကတော့ လူ့ရဲ့သဘောတရားကတော့ မပေးလို့ရရင် မပေးချင်ဘူးပေါ့လေ ”ဟု၎င်းကဆိုသည်။
အခွန်မဆောင်ပဲ မသိကျိုးကျွံပြုလုပ်နေသူများကိုလည်း အခွန်ပေးဆောင်လာစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဟု ဦးခင်မောင်ညွှန့်က ထပ်မံပြောသည်။
ပြည်သူများအနေဖြင့် အခွန်ဆောင်ခြင်း၏ အကျိုးကို တိုက်ရိုက်ခံစားခွင့်မရှိသော်လည်း ပြည်နယ်အတွက် လမ်းတံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်းနှင့် ဝန်ထမ်းလစာပေးခြင်းတို့တွင် ပြန်လည်အသုံးပြုနိုင်သည်ဟု...
သတင်း
ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် KNPP မပါဝင်ပါက အမျိုးသားရင်ကြားစေ့ရေးနစ်နာမှုရှိနိုင်
ကော်မိန်း
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အနေဖြင့် ၂၁ ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် မပါဝင်နိုင်ပါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နစ်နာမှုရှိနိုင်သည်ဟု ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ အဖွဲ့ဝင် ဦးပလုရယ်က ပြောသည်။
“သူတို့ဆွေးနွေးတာ တင်ပြတာတွေကိုတော့ တကယ့်ဆုံးဖြတ်တဲ့အထဲမှာ မပါဘူးဆိုရင်တော့ ဒါကအရမ်းကို နစ်နာနို်င်တယ်ပေါ့နော်။ သူတို့အတွက်မကဘူး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပြောရမလား၊ အဲဒါတွေမှာ နစ်နာမှုတွေ ရှိနိုင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။
၂၁ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး...
သတင်း
နမ့်ပွန်ချောင်းပေါ် ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ရန် KNPP စမ်းသပ်ခွင့်ပြု
စိုင်းလင်းလင်းဦး
နမ့်ပွန်ချောင်း ရေလှောင်တမံရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကျော်ဆည် (Low Overflow Weir) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် ဒေသအခေါ် (တာဆိုင်း) ဒေသ၌ လေ့လာဆန်းစစ်ချက်များအား ၆ လအတွင်း ပြုလုပ်သွားရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က စမ်းသပ်ခွင့်ပြုလိုက်ပြီဖြစ်သည်ဟု KNPP လွိုင်ကော်ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ခွင့်ပြုထားပြီး ပညာရှင်များမှ လေ့လာဆန်းစစ်ပြီးနောက် ၆...
ဒုက္ခသည်များအရေး
ကရင်နီဒုက္ခသည် ဆိုုတာ
ဇွန်လှိုင်လ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ကမာ္ဘ့ဒုက္ခသည်များနေ့ မှာ ထိုင်းမြန်မာ နယ်စပ်က လူဦးရေ ၁၅၀၀ဝ ခန့် ရှိတဲ့ ရင်နီဒုက္ခသည်စခန်း ၂ခု မှာ ရောက်ရှိနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘယ်လိုကြောင့် ဒုက္ခသည်စခန်းကို ရောက်ရှိလာတာလဲဆိုတဲ့ သူတို့ရဲ့ ရင်ဖွင့်သံ လေးတွေကို စုစည်းထား ပါတယ်။
စူးမယ်
ရှားတောမြို့နယ် ဒေါစဲရွာမှ ၁၉၉၆ ခုနှစ်မှာ ကရင်နီ ဒုက္ခသည်စခန်းကို...
နိုင်ငံရေး
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ခွန်းအေဘယ်တွိနှင့်တွေ့ဆုံခြင်း
“လူထုတစ်ရပ်လုံး ပြည်တွင်းစစ်အောက်မှာ နှစ် ၇ဝ နီးပါးနေလာပြီး ဆင်းရဲနွမ်းပါးနေကြတယ်…..ဆိုတော့ တိုင်းပြည်ကို ဒီ့ထက်နည်းနည်းပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ”
ကော်မိန်း
ပြီးခဲ့သည့် ဇူလှိုင်လ ၁ရ - ၁၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒယ်ရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ကော်မိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့်အချက်များကို ဖော်ပြလိုက်ရပါသည်။
မေး...
ပညာရေး
ဂီတဖျော်ဖြေပွဲမှ ရရှိသည့် ပညာရေးရံပုံငွေ ၃၆ သိန်းကျော်ကို အနုပညာရှင်များအဖွဲ့ လှူဒါန်း
ထ ျို း မြာ
ကယားပြည်နယ်၏ ပညာရေးရံပုံငွေပွဲအဖြစ် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စင်ကာပူ၌ သွားရောက်ဖျော်ဖြေခဲ့ကြသည့် ကယား ပြည်နယ်အနုပညာရှင်များအဖွဲ့သည် ရံပုံငွေပွဲမှ ရရှိလာသည့် အလှူငွေ (၃၆) သိန်းကျော်ကို ကယားပြည်နယ်အတွင်းရှိ စာသင်ကျောင်းများသို့ လာရောက်လှူဒါန်းခဲ့ကြသည်။
နာမည်ကြီး အဆိုတော်များဖြစ်ကြသည့် အောင်ထက်၊ ဟက်ကက်၊ သောမတ်စ်ကောင်းမြတ်နှင့် မော်ဒယ် ကယ်ရိုလိုင်းတို့ ပါဝင်သည့် ကယားပြည်နယ်မှ အနုပညာကြယ်ပွင့်များ (Karenni Artistes...