spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

CDM မပြုလုပ်တဲ့ဝန်ထမ်းတွေကို အရေးယူမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

CDM မပြုလုပ်သူ ဝန်ထမ်းတွေအပြင် ၊ စစ်အာဏာရှင်ရဲ့ လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင်တွေနဲ့ပူးပေါင်းသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တခုကို ဒီကနေ့မတ်လ ၃၁ရက်နေ့ မှာ CRPH ရဲ့ Facebook စာမျက်နှာမှာ မျှဝေထားပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ( CRPH ) က CDM စာရင်းသွင်းဖို့ နောက်ဆုံးရက်ကို ဒီကနေ့မတ်လ ၃၁ရက်​နေ့ ည၁၂နာရီအထိသတ်မှတ်ထားပါတယ်။

ကယားပြည်နယ်သပိတ်ကော်မတီကြေညာချက်အရ မတ်လ ၂၉ရက်နေ့အထိ ကယားပြည်နယ် CDM ဝန်ထမ်း ၃၆၀၀နီးပါးရှိပါတယ်။

CDM နောက်ဆုံးရက်ဖြစ်တဲ့အတွက် အမြန်ဆုံးပူးပေါင်းစေချင်တယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

” ကျနော်တို့ ဆရာဆရာမတွေကိုပြောချင်တာပေါ့နော။ ကျောင်းမှာကျနော်တို့ ဒီဆောင်ပုဒ်တွေရှိတာပေါ့နော။ စိတ်ဓာတ်စည်းကမ်းပညာပေါ့နော။ ကျနော်တို့ရဲ့စိတ်ဓာတ်ကို ကျနော်တို့ရှေ့ဆုံးကနေပြင်ပေးရမှာပေါ့နော။ ကျနော်တို့စိတ်ဓာတ်က ဓမ္မနဲ့ အဓမ္မကိုတောင် မခွဲခြားနိုင်ဘူးဆိုရင် ကျနော်တို့မွေးထုတ်မယ့် မျိုးဆက်တွေဟာ လုံးဝ ရေစုန်မျောပါသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ CDM မှာအမြန်ဆုံးပါဝင်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။” လို့ ပညာရေးဝန်းထမ်းတစ်ဦးကပြောပါတယ်။

CRPH က မတ်လ ၂၇ရက်နေ့မှာ ဝန်းထမ်းတွေကို CDM ပြုလုပ်ဖို့ တိုက်တွန်းပြီး CDM နောက်ဆုံးစာရင်းသွင်းရမယ့်ရက်ကိုလည်း CRPH Facebook page မှာ ထုတ်ပြန်ထားပါတယ်။

CDM စာရင်းပေးထားပြီး မွမ်းမံသင်တန်းတက်နေတဲ့ ပညာရေးဝန်ထမ်းတချို့ရှိနေတယ်လို့CDM ဝင်ပညာ​​ရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

” ကျောင်းဆရာဆရာမတွေကလေ အခုချိန်က ကျောင်းမဖွင့်သေးခါကျတော့လေ တချို့က CDM စာရင်းသာပေးထားတယ်။ တချို့က သင်တန်းတွေပြန်တက်နေရတယ်လို့ကြားထားတယ်။ တချို့မူအုပ်တွေပေါ့ အခုဆိုရင်မွမ်းမံသင်တန်းတွေပေးနေတယ်။ တချို့က CDM စာရင်းတွေပေးထားတယ်။ ဆရာများသမ္မဂ္ဂကိုပေါ့။ ဒါပေမယ့် သင်တန်းတွေပေးနေတဲ့အချိန်မှာ သင်တန်းတွေပြန်တက်နေတယ်ပေါ့နော။ အဲ့လိုအခြေအနေလေးတွေရှိတယ်ပေါ့နော။ “

CDM စာရင်းပေးထားပြီး အာဏာသိမ်းစစ်ကောင်စီက ခေါ်ယူတဲ့ မွမ်းမံသင်တန်းတွေတက်ရောက်မယ်ဆိုရင်လည်း တက်ရောက်တဲ့ ဝန်ထမ်းတွေကို social punishment ပြုလုပ်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ကယားပြည်နယ်မှာ CDM ပြုလုပ်လို့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေလည်းရှိပါတယ်။
စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်တဲ့အတွက် နှုတ်ထွက်သွားတဲ့ ဝန်ထမ်းတွေကိုလည်း CDMဝန်ထမ်းအဖြစ်သတ်မှတ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts