spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

CDM ဝန်ထမ်းတွေကို စီမံခန့်ခွဲပေးဖို့လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လုပ်ငန်းယန္တာရားတွေ ရပ်တန့်အောင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM လုပ်ဆောင်နေကြတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းအားလုံးကို နည်းလမ်းကောင်းကောင်းနဲ့ နောက်ကွယ်ကနေ စီမံခန့်ခွဲမှုပေးနိုင်တဲ့သူ လိုအပ်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP) အတွင်းရေးမှူး-၂ ခူးဒယ်နီယာယ်က ပြောလိုက်ပါတယ်။

“တကယ်လို့သာ အစိုးရဝန်ထမ်းတွေအားလုံးက ဘားမှမလုပ်ဘဲနဲ့ အပြင်မှာထွက်နေရင်တော့ အစိုးရကလည်း လည်ပတ်နိုင်မှာမဟုတ်ဘူး။ သို့သော် အဲဒီကြားထဲမှာ နည်းလမ်းကောင်းကောင်းလေးနဲ့ နောက်ကွယ်က စီမံခန့်ခွဲမှုကောင်းကောင်းလေးလုပ်ပေးနိုင်တဲ့သူကလိုတယ်။ ဆိုတော့ အခုက ဝင်တော့ဝင်နေကြတယ်ပေါ့နော CDM ဝင်တယ် တချို့ကလည်း ရုံးတွေပြန်တက်ကြတယ် အဲလိုမျိုးရှိတယ်။ ဘာဖြစ်လို့ အဲလိုမျိုးဖြစ်ရလဲဆိုရင် နောက်ကွယ်ကသေချာစီမံခန့်ခွဲပေးတဲ့သူက လိုအပ်တယ်။ အကြောင်းကလည်းအမျိုးမျိုးပေါ့လေ တချို့ကလည်း မိသားစုတွေရှိတယ် တချို့ကလည်း ဒေသခံမဟုတ်ဘူး ဒေသခံဝန်ထမ်းကတော့ ပြဿနာမရှိဘူး စားဝတ်နေရေးက ပြဿနာမရှိပေမယ့် တခြားပြည်နယ်က ဝန်ထမ်းတွေက် အစိုးရဝန်ထမ်းအိမ်ယာမှာနေရတယ် လစာကိုမှီခိုပြီးရပ်တည်တာရှိတယ်ဆိုတော့ သူကို ထောက်ပံ့မယ့်သူမရှိဘူးဆိုရင် သူက ခံနိုင်မှာမဟုတ်ဘူး အဲဒါနဲ့ ပြန်ဝင်သွားကြတာရှိတယ်။ ပြန်ဝင်တဲ့သူတွေကလည်း တရားစွဲခံရတာရှိတယ်။ အကောင်းဆုံးဖြစ်ရမှာက နောက်ကွယ်မှာ သူ့ကို ကောင်းကောင်းစီမံခန့်ခွဲပေးနိုင်တဲ့သူ၊ သူတို့ ကို Plan ချပေးနိုင်တဲ့သူ လိုအပ်တယ်ဆိုတာ ပြောပြချင်တယ်။” လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

စစ်ကောင်စီအုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်တွေမှာ ဌာနဆိုင်ရာအသီးသီးမှ အစိုးရဝန်ထမ်းအများအပြားပါဝင်လာခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာညွန်ကြားရေးမှူးတွေက ဖိအားပေးမှု၊ အရေးယူမှု၊ ခြိမ်းခြောက်မှု၊ တရားစွဲဆိုမှု စသဖြင့် ပြောဆိုနေပြီး CDM ဆက်လက်တောင့်ခံနိုင်ဖို့အတွက် စီမံခန့်ခွဲမှုလိုအပ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဆက်လက်ပြီး တောင့်ခံပေးဖို့လိုတယ်။ ဆိုတော့ ဒါကို တောင့်ခံပေးဖို့ကလည်း အဖက်ဖက်က CRPH သော်လည်းကောင်း၊ NUG သော်လည်းကောင်း၊ သက်ဆိုင်တဲ့ပြည်နယ်တွေကသော်လည်းကောင်း ကြိုးစားပေးနေကြတာရှိတယ်ပေါ့။ ဒါပေမယ့် တော်လှန်ရေးဆိုတာကတော့ အားလုံးက ပေးဆပ်ခြင်းနဲ့ အနစ်နာခံရခြင်းတွေ အများကြီးရှိပါတယ်။ ဒီအပေါ်မှာကတော့ ပြည့်စုံတယ် မပြည့်စုံဘူးဆိုတာကတော့ ဒီကနိုင်ငံရေးပေါ့နော ခုခံတော်လှန်ရေးရဲ့သဘောသဘာဝကို အားလုံးကလက်ခံပြီးတော့မှ ဆက်လက် တိုက်ပွဲဝင်ကြပါလို့ ကျတော်က အဲလိုပြောချင်ပါတယ်။” လို့ပြောပါတယ်။

ပညာရေးဝန်ထမ်းတွေအနေနဲ့ သင်္ကြန်ပြီးနောက်ပိုင်းမှာ ဖိအားပေးခံရမှုအများဆုံးဖြစ်နေပြီး CDM ဆက်လုပ်ပါက အလုပ်မှထုတ်ပယ်မှာဖြစ်ပြီး Non-CDM ပြန်ပြောင်းပါက စွဲချက်တင်ထားတဲ့ပြစ်ချက်တွေကို အရေးမယူဘဲဖြေလျော့ပေးမှာဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက “သင်ကြားရေးလုပ်သားတွေပေါ့နော CDM လုပ်နေတဲ့ ကျတော်တို့ ဆရာ ဆရာမတွေကို Non CDM ကို ရုံးမှာပြန်လာပြောင်းပေါ့ အဲလိုပြောင်းမယ်ဆိုရင် လစာပေးမယ် အကယ်၍ CDM ဆက်လုပ်မယ်ဆိုရင် လစာမပေးဘူးဆိုတဲ့ လစာအပေါ် အခြေခံပြီး ခြိမ်းခြောက်ပြီးတော့ ပြောတာတော့ရှိတယ်။” လို့ ဆိုပါတယ်။

လူထုတစ်ရပ်လုံးအပါအဝင် CDM လုပ်ဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းအားလုံးက နိုင်ငံကိုယ်စားပြုအစိုးရဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အများကြီးမျှော်လင့်ထားသလို CDM ပြုလုပ်ကြတဲ့ဝန်ထမ်းတွေကို ထောက်ပံ့မှုပေးနိုင်ဖို့ ၎င်းတို့မှာ တာဝန်ရှိတယ်လို့ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

“လူထုတစ်ရပ်လုံးအပါအဝင် CDM အားလုံးက CRPH ကိုအများကြီးမျှော်လင့်လို့ပဲ ဒီလိုပါဝင်လာခဲ့တာပေါ့လေ။ ဒီနောက်ပိုင်းမှာက NUG ပေါ်လာတယ် ဆိုတော့ အဓိက တာဝန်ရှိတာ သူတို့ပဲ အမှန်တော့ နိုင်ငံကိုယ်စားပြုအစိုးရတစ်ခုအနေနဲ့ သူတို့ရှိနေတယ်ပေါ့လေ။ ဖြစ်စဉ်အားလုံးက သူမှာတာဝန်အကြီးဆုံးပဲ CRPH ပဲပြောပြော NUG ပဲပြောပြော ဒီဖြစ်စဉ်အားလုံးအပေါ်မှာ တာဝန်အရှိဆုံးပဲလို့မြင်တယ်။ ခုနပြောတဲ့ CDM ဝင်တဲ့ဝန်ထမ်းတွေရဲ့ ထောက်ပံ့မှု စီစဉ်ပေးမှုက သူတို့မှာတာဝန်ရှိတယ်ဆိုတာ ပြောလိုပါတယ်။” လို့ ဆိုပါတယ်။

မေလ ၃ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးလျက်ရှိတဲ့ ဝန်ထမ်းအကြီးအကဲ၊ တက္ကသိုလ်ကောလိပ်၊ ကျောင်းအကြီးအကဲ၊ ဌာနအကြီးအကဲ (၂၈)ဦးကို အမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ်ကြေညာလိုက်ပြီး ၎င်းတို့ရဲ့ ရာထူးတည်ရှိမှုအပါအဝင် ကိစ္စအဝဝကို ပြည်သူ့အစိုးရမှ လုံးဝ(လုံးဝ) အသိအမှတ်ပြုတော့မှာ မဟုတ်ဘူးဆိုတဲ့အကြောင်းကို ထုတ်ပြန်ကြေညာထားပါတယ်။

spot_img
spot_img

Recent posts