COVID-19 ရောဂါပိုးတွေ့ရှိသူ (၁)ဦး ထပ်တိုး၊ စုစုပေါင်း ၁၆၂ ဦးအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ မေလ ၇ ရက်နေ့ မနက် ၇ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၁)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

COVID-19 ရောဂါပိုးတွေ့ရှိသူ (၁)ဦး ထပ်တိုး၊ စုစုပေါင်း ၁၆၂ ဦးအထိ ရှိလာ

ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၆၂) ဦး ရှိသွားပြီ ဖြစ်သည်။

ယခု တွေ့ရှိသည့် လူနာသည် ရန်ကုန်မြို့ အင်းစိန်မှ ဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ တစ်ဦးဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၆၂) အနက် ပြန်လည် ကောင်းမွန်လာသူ (၅၀)ဦးနှင့် သေဆုံးသူ (၆)ဦး ရှိပြီ ဖြစ်သည်။

Comments

comments

Next Post

COVID -19 ကာကွယ်ထိန်းချုပ်ရေးကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ KNPP မှ အကြောင်းမပြန်သေး

Thu May 7 , 2020
မော်ဦးမြာ COVID -19 ကာကွယ်ထိန်းချုပ်ရေးကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ အကြောင်းမပြန်သေးဘူးလို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( ငြိမ်း) က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ၎င်းက “ကျန်တဲ့ ၄ ဖွဲ့ကတော့ ကျတော်တို့ကို ပြန်ဆက်သွယ်တာ မရှိသေးပါဘူး။ KNPP က အကြောင်းမကြားသေးဘူး။ နောက်တစ်ခါ မြောက်ပိုင်း ၃ ဖွဲ့က မဆက်သွယ်သေးဘူး။”လို့ ပြောပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို ပြီးခဲ့တဲ့ ဧပြီလ […]

ဆက်စပ်သတင်းများ