COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၄)ဦး ထပ်တိုး၊ စုစုပေါင်း ၁၇၆ ဦးအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ မေလ ၇ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၁၄)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရသည့်အတွက် ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၇၆) ဦး ရှိသွားပြီ ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၁၇၆) ဦး အနက် ပြန်လည် ကောင်းမွန်လာသူ (၆၂)ဦးနှင့် သေဆုံးသူ (၆)ဦး ရှိပြီ ဖြစ်သည်။

ရောဂါမှ ပြန်လည် ကောင်းမွန်လာပြီး ပိုးကင်းစင်သူ (၆၂) ဦးတို့အနက် (၃၇) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

Comments

comments

Next Post

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ချဉ်းကပ်ခြင်း ( ၄ )

Fri May 8 , 2020
ယခု ဆောင်းပါးရေးနေချိန် ( ၂၀၂၀ ခုနှစ် ဧပြီလကုန် ) အထိ Coronavirus Disease 2019 ( COVID-19 ) ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ကာလ အတိုင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပနိုင်မည် / မကျင်းပနိုင်မည် အတပ် မပြောနိုင်သေးပေ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတတ်နိုင်ဆုံး သတ်မှတ်ကာလ အတိုင်း ကျင်းပပေးနိုင်ရေး ကြိုးပမ်းမည်ဟု ဆိုသော်ငြား အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမှ ၎င်း၏ အမြင်ကို ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် […]