COVID-19 ရောဂါပိုးတွေ့ရှိသူ (၂)ဦး ထပ်တိုး၊ စုစုပေါင်း ၁၈၀ ဦး ရှိပြီ

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ မေလ ၁၀ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၂)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရသည့်အတွက် ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၈၀) ဦး ရှိသွားပြီ ဖြစ်သည်။

COVID-19 ရောဂါပိုးတွေ့ရှိသူ (၂)ဦး ထပ်တိုး၊ စုစုပေါင်း ၁၈၀ ဦး ရှိပြီ

လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၁၈၀) ဦး အနက် ပြန်လည် ကောင်းမွန်လာသူ (၇၂)ဦးနှင့် သေဆုံးသူ (၆)ဦး ရှိပြီ ဖြစ်သည်။

ရောဂါမှ ပြန်လည် ကောင်းမွန်လာပြီး ပိုးကင်းစင်သူ (၇၂) ဦးတို့အနက် (၅၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

Comments

comments

Next Post

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)

Mon May 11 , 2020
(တနင်္လာနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ ဒေသခံတွေ သဘောမတူတဲ့အတွက် ခဲတ္တုတူးဖော်မည့်ကိစ္စဆက်လုပ်ရန် အစီစဉ်မရှိတော့ဘူးဆိုတဲ့သတင်း၊ ယုံကြည်မှုကို ပိုမိုပျက်ပြားစေနိုင်တဲ့ လုပ်ရပ်တွေကိုပည်နယ်အစိုးရရှာင်ရှားဖို့လိုအပ်ကြောင်း KNPP က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းနဲ့ “အိမ်ရှင်မတို့၏ အိမ်မက်” ဆိုတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ် တင်ဆက်နေကျ သီချင်းလက်ဆောင် အစီအစဉ်ကနေ ‘Mon apyo me mon Kayan’ ဆိုတဲ့ ကယန်းသီချင်းကောင်းလေး တစ်ပုဒ်ကိုလည်း ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Comments comments