COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦး ထပ်မံတွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာ (၂၀၃) ဦးရှိပြီဖြစ်ကြောင်း ယနေ့ မေလ ၂၅ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦး ထပ်မံတွေ့ရှိ

ယင်းအပြင် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၃) ဦးရှိပြီ ဖြစ်သည့်အနက် (၁၁၂) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ ဆက်လတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ၏ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၃) ဦးအနက် (၆) သေဆုံးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်း/ပြည်နယ်များ အာလုံးအနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ကယားပြည်နယ်သာ ကျန်ရှိတော့သည်။

Comments

comments

Next Post

NCA မထိုးထားတဲ့ နယ်မြေမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုတွေပြင်ဆင်ထားကြလဲ

Tue May 26 , 2020
စိုးထိုက်အောင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ကယား(ကရင်နီ)ပြည်နယ်ဟာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် (NCA) မထိုးထား သေးတဲ့ပြည်နယ်ဖြစ်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းမှာဆိုလျှင် ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီတွေအနေနဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်(NCA) မထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားဒေသတွေဘက်က နယ်မြေအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ဘယ်လိုမဲဆွယ်စည်းရုံးရေးဆင်းကြမလဲဆိုတာ ဒီးမော့ဆိုမြို့နယ်အတွင်းက နိုင်ငံရေးပါတီ ၄ ခုကို သွားရောက်မေးမြန်းထားတာကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။ ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ ပြည်နယ်ဥက္ကဌ ဦးဖိုးရယ် “ ကျတော်တို့ပါတီအနေနဲ့ကတော့ ဒီ KNPP နဲ့ပတ်သတ်ပြီးတော့မှ ကျတော်တို့ဘယ်လိုမှ မပတ်သတ်ဘူးပေါ့လေ မပတ်သတ်နိုင်ဘူးပေါ့ ဆိုတော့ သူတို့ထိန်းချုပ်တဲ့နေမြေမှာ ဆိုလို့ရှိရင်တော့ […]