spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

COVID -19 ကာကွယ်ထိန်းချုပ်ရေးကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ KNPP မှ အကြောင်းမပြန်သေး

Author

Date

Category

မော်ဦးမြာ

COVID -19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ” နှင့် NCA-S EAO ကိုယ်စားလှယ်များ COVID -19 ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ အလွတ်သဘော ဆွေးနွေးညှိနှိုင်းအစည်းအဝေးကို မေလ ၅ ရက်နေ့ ရန်ကုန်ရှိ NRPC ရုံးတွင် ပြုလုပ်စဥ် Credit. Hla Maung Shwe Facebook

COVID -19 ကာကွယ်ထိန်းချုပ်ရေးကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ အကြောင်းမပြန်သေးဘူးလို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( ငြိမ်း) က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

၎င်းက “ကျန်တဲ့ ၄ ဖွဲ့ကတော့ ကျတော်တို့ကို ပြန်ဆက်သွယ်တာ မရှိသေးပါဘူး။ KNPP က အကြောင်းမကြားသေးဘူး။ နောက်တစ်ခါ မြောက်ပိုင်း ၃ ဖွဲ့က မဆက်သွယ်သေးဘူး။”လို့ ပြောပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ ကော်မတီဝင် ၄ ဦးဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၎င်းကော်မတီကနေပြီး အခုလို (NCA) မထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းလား၊ “ဝ”၊ SSA ၊ KIA စတဲ့ အပစ်ရပ် မထိုးသေးတဲ့ အဖွဲ့တွေက တရားဝင် ပြန်လည်အကြောင်းကြားလာပြီ ဖြစ်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အကြောင်းပြန်ကြားလာခြင်း မရှိသေးဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( ငြိမ်း) က ပြောပါတယ်။

နိုင်ငံတော် သမ္မတရုံးမှာ ထုတ်ပြန်ထားတဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချက်အလက်တွေကို လူမှုကွန်ယက်ပေါ်မှာ ဖတ်ရှုခဲ့ရပေမဲ့ ကပ်ရောဂါကြောင့် ရုံးကို ခေတ္တာယာယီပိတ်ထားတဲ့အတွက် တရားဝင်အကြောင်းကြားစာကို မတွေ့ရသေးဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ဒါကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ရောဂါဆိုတော့ အားလုံး တာဝန်ရှိသလို အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့နော။ အခုလောလောဆယ်တောင်မှ ကျတော်တို့ ထိုင်း-ကရင်နီနယ်စပ်မှာ လူတွေက ပြန်လာချင်တယ်။ ဒါပေမဲ့ မြန်မာဖက်ကကော၊ ထိုင်းဖက်ကကော ခရီးသွားလာမှုတွေကို lockdown လုပ်ထားတဲ့ခါကျတော့ ပိတ်ခံနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ ကျတော်တို့ကတော့ သေသေချာချာတော့ ဆွေးနွေးဖို့တော့ လိုလိမ့်မယ်။ ဖွဲ့စည်းထားတဲ့ ဒီ COVID ထိန်းချုပ်ကာကွယ်ရေးကော်မတီကလူတွေကလည်း ငြိမ်းချမ်းရေးတွေ့ဆုံတဲ့အခါမှာ သိနေတဲ့ လူတွေပါပဲ။ ဆိုတော့ ဒီလို ပိတ်ထားတဲ့အခါမှာ ပိတ်ခံနေတဲ့ ကျတော်တို့ လူထုတွေ အများကြီး ရှိတယ်။ နှစ်ဖက်လမ်း ပြန်ဖွင့်ပြီဆိုတဲ့အခါမှာ ပြန်လာမဲ့သူတွေက အများကြီး ရှိလိမ့်မယ်။ အဲ့ဒါကို ကျတော်တို့ ဘယ်လို ပူးပေါင်းပြီးတော့ ပြင်ဆင်မလဲဆိုတာကို ကျတော်တို့ လက်တွေ့ကျကျ ဆွေးနွေးဖို့တော့ လိုမှာပေါ့နော။” လို့ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ ဒီရောဂါကတော့ တစ်ပြည်လုံးမှာ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် သူတို့ကလည်း ဒီတိုင်းပြည်မှာ ရှိတဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့် နောက်ပြီး သူတို့ ဒေသတွေကလည်း တစ်ဖက်နိုင်ငံက ပြန်တဲ့သူတွေကလည်း ဖြတ်သန်း ဝင်ရောက်လာနိုင်တဲ့အတွက်ကြောင့် ဒါတွေကို တားဆီးကာကွယ်ဖို့ လိုအပ်တယ်လေ။ ဒါကြောင့် သူတို့ကိုလည်း participant အနေနဲ့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။” လို့ NCA လက်မှတ် ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကို ဖိတ်ခေါ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ကော်မတီ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( ငြိမ်း) ကပြောပြပါတယ်။

အပစ်ရပ် ၁၀ ဖွဲ့နဲ့ မေလ ၈ ရက်နေ့မှာ အွန်လိုင်းမှတစ်ဆင့် ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ထပ်မံဆွေးနွေး ညှိနှိုင်းသွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး( ငြိမ်း) က ဆက်ပြောပါတယ်။

၎င်းကော်မတီနဲ့ NCA လက်မှတ် ရေးထိုးတဲ့အဖွဲ့တွေနဲ့ မေလ ၅ ရက်နေ့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

အကြောင်းပြန်ကြားလာခြင်း မရှိသေးတဲ့ အပစ်ရပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့ ၄ ဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ထပ်မံအကြောင်းကြားပြီး ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts