spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

COVID-19 ကာလအတွင်းမှာ ပြည်နယ်ရဲ့အရေးပေါ် ရန်ပုံငွေကို အသုံးပြုသင့် ဟုဆို

Author

Date

Category

စိုးထိုက်အောင်

ကယားပြည်နယ် အတွင်းမှာCOVID-19 ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ပြည်နယ်ရဲ့အရေးပေါ်ရန်ပုံငွေကိုအခုအချိန်မှာ အသုံးပြုသင့်တယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါတယ်။

“ ဒီ COVID-19 ရောဂါ ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာကျတော်တို့ပြည်နယ် အနေနဲ့ဒီအရေးပေါ်ရန်ပုံငွေနဲ့ ပတ်သတ်ပြီးတော့ ဘယ်နေရာဘယ်လောက်သုံးတယ် ဆိုတဲ့ဟာမျိုးတွေတော့ ကျတော်မတွေ့ရဘူးပေါ့နော်။ အခုထိဖော်ပြပေးတာလဲမရှိဘူးနောက်ပြီးတော့မှကျတော် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လည်းကျတော်စာတင်တယ်၊ ကြယ်ပွင့် မပြမေးခွန်းမေးတယ် ဒါပေမဲ့ ဒီမေးခွန်းကလဲ ဆိုင်းငံ့ခံရတာပေါ့နော်။” လို့ ပြောပါတယ်။

တိုင်းနှင့်ပြည်နယ်တိုင်းမှာ ပြည်ထောင်စုအစိုးရကနေအရေးပေါ် ရန်ပုံငွေတွေကို နှစ်စဉ် ပြည်နယ်အစိုးရကနေ အသုံးပြုဖို့ ချပေးတဲ့ ဘတ်ဂျက်တွေရှိပါတယ်။ ဒါတွေကိုအခုလို ကပ်ဆိုက်ချိန်မှာအရေးပေါ် သုံးသင့်တာ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြနေခြင်းဖြစ်ပါတယ်။

ဦးသဲရယ်က ပြည်နယ်ရဲ့အရေးပေါ်ရန်ပုံငွေနဲ့ပတ်သတ်ပြီးတော့ ပြည်နယ်လွှတ်တော်မှာ ကြယ်ပွင့် မပြမေးခွန်းမေးတဲ့ အပေါ်မှာလည်း မေးခွန်းကိုဆိုင်းငံ့ခံရတယ်လို့ ပြောပါတယ်။

အခုလိုကပ်ရောဂါဖြစ်တဲ့အတောအတွင်းမှာအရေးပေါ်ရန်ပုံငွေကိုဘယ်လောက်အထိလျာထားတယ်၊ ဘယ်လောက်အထိအသုံးပြုထားပါတယ်၊ မသုံးသေးဘူးဆိုရင်လဲ ဘာကြောင့်မသုံးသေးတာလဲဆိုတာ တွေကိုပြည်နယ်အစိုးရအနေနဲ့ ချပြတာမရှိ သေးပါဘူး။

ပြည်နယ်အစိုးရအနေနဲ့ အခုလိုCOVID-19ကာလမှာအရေးပေါ်ရန်ပုံငွေကို သုံးသင့်ကြောင်းနဲ့ အရေးပေါ် ရန်ဘုံငွေတွေ ဘယ်လောက်ရှိပြီးတော့ ဘယ်နေရာတွေမှာဘယ်လောက်သုံးထားလဲဆိုတာတွေကို ချပြသင့်တယ်လို့LAIN Technical Support Group မှ ဘုတ်အဖွဲ့ ဥက္ကဌကိုကျော်ထင်အောင်ကပြောပါတယ်။

“ အခုဆိုရင်တော့ ကျတော်တို့ပြည်နယ်ရဲ့ ဟုတ်လားအရေးပေါ်ရန်ပုံငွေကဘယ်လောက်ရှိပြီးတော့ ဘယ်လောက်သုံးနေတယ်ဆိုတာ ကျတော်တို့လိုနိုင်ငံရေးလေ့လာ စိတ်ဝင်စားသူတွေရော၊ ဒီလိုစောင့်ကြည့် နေတဲ့ သူတွေပါ မသိရတဲ့ အနေအထားမျိုးဖြစ်နေတယ်ပေါ့။”လို့ ကိုကျော်ထင်အောင်ကပြောပါတယ်။

နိုင်ငံခြားမှ နေရပ်ပြန် စောင့်ကြည့်ခံရတဲ့သူတွေက သတ်မှတ်ထားတဲ့နေရာမှာနေထိုင်ခဲ့စဉ် အစားအသောက်မလုံလောက်တာတွေ၊ တခြားလိုအပ်ချက်တွေရှိနေသေးတယ်လို့ ကန္တာရဝတီတိုင်း(မ်) ကိုပြောဆိုခဲ့ဖူးပါတယ်။

သက်ဆိုင်ရာတားဆီးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာတွေကို လိုက်လံမေးမြန်းရာမှာတော့ အခက်အခဲတွေလိုအပ်ချက်တွေ မရှိကြောင်း၊ အစိုးရကနေညွန်ကြားချက်အတိုင်းဆောင်ရွက်လျက်ရှိကြောင်းဖြေကြားခဲ့ကြပါတယ်။

လတ်တလော ပြည်ပဝင်ပေါက်/ထွက်ပေါက်ဂိတ်တွေမှာ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်း၍စစ်ဆေးဆောင်ရွက်တာတွေရှိနေပြီးဖျားနာခြင်း၊ချောင်းဆိုးခြင်းများကြောင့်ဆေးရုံလာရောက် ပြသသူတွေကိုလည်းစနစ်တကျစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်လို့ ပြည်နယ်အစိုးရရဲ့ လူမှုကွန်ယှက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ၁ရက်နေ့ (၀၇:၃၀) နာရီအချိန်စစ်ဆေးတွေ့ရှိချက်အရ သံသယရှိလူနာအဖြစ်ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုမှုအနေဖြင့်လွိုင်ကော်မြို့နယ်တွင် (၁) ဦး၊မယ်စဲ့မြို့နယ်တွင် (၄) ဦးရှိပြီးပိုးမတွေ့လူနာ (၄) ဦး၊ဆေးစစ်ဆေးချက်ပို့ရန်မလိုလူနာ (၁) ဦးရှိတယ်လို့ဖော်ပြပါရှိပါတယ်။

ထို့အပြင် CBFQ ထားရှိသောလွိုင်ကော်မြို့နယ်ပညာရေးကောလိပ်(၁၉)ဦး၊လမ်းဦးစီးဝန်ထမ်းအိမ်ရာ(၂)ဦး၊ Hospital Quarantine (၁)ဦး၊ရှားတောမြို့နယ်အားကစားခန်းမ (၁၁)ဦး၊ တိုင်းရင်းဆေး အိမ်ရာ(၂)ဦး ၊ဒီးမော့ဆိုမြို့နယ်စိုက်ပျိုးရေးသိပ္ပံ (၁၆)ဦး၊စုစုပေါင်း (၅၁) ဦးတို့၏ ဓာတ်ခွဲနမူနာများကို ပေးပို့ထားတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts