spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

COVID-19 ကြောင့် ပြည်နယ်တွင်းရှိ ကျေးလက်နေပြည်သူတွက် လူမှုစီးပွားပြန်လည်ကုစားဖို့ ကျပ်သန်းပေါင်း ၁၈၅၀ သုံးပြုမည်

Author

Date

Category

စိုးထိုက်အောင်

COVID-19 ကြောင့် လူမှုစီးပွားထိခိုက်သွားတဲ့ ကျေးလက်နေပြည်သူတွေအတွက် ရင်းနှီးမတည်ငွေနဲ့ လုပ်အားခပေးချေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကျပ်သန်းပေါင်း ၁၈၅၀ ကျပ် ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က ပြောပါတယ်။

“စီမံကိန်းက ကိုဗစ်အလွန် ကိုဗစ်ကာလပေါ့နော်။ စီးပွားရေးပြန်လည်ပြီးတော့မှ နိုးဆွတဲ့အလုပ်ကိုလုပ်တာဖြစ်တဲ့အတွက် ကျနော်တို့မှာလက်ရှိအနေအထားမှာ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားပြီးတော့ ကျနော်တို့ရဲ့ Target (ဦးတည်ချက်) ပေါ့နော်။ လုပ်ငန်းပြီးစီးမှု target က အခုဘတ်ဂျက်ရဲ့ စက်တင်ဘာလကုန်အထိကို target ထားပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ဦးကျော်သူအောင်က ပြောပါတယ်။

ကျေးရွာတွေအတွက် ရင်းနှီးမတည်စီမံကိန်းအတွက် ကျပ်သန်း ၇၅၀ ၊ လုပ်အားခပေးချေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းမှာ ကျပ်သန်း ၁၁၀၀ ဖြစ်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း ၁၈၅၀ သုံးပြုမှာဖြစ်ပါတယ်။

ရင်းနှီးမတည်ငွေကို ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၀ ရင်းနှီးမတည်ငွေ ပံ့ပိုးပေးသွားမှာဖြစ်ပြီး လုပ်အားခပေးချေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၁၁၀ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်းနှစ်ခုကို ဆောင်ရွက်မည့် ကျေးရွာတွေကို ရွေးချယ်တဲ့ နေရာမှာ သက်ဆိုင်ရာ ကော်မတီတွေနဲ့ဆွေးနွေးညှိ့နှိုင်းပြီးမှရွေးချယ်ရတာဖြစ်တယ်လို့ဆိုပါတယ် ။

၎င်းက “ ရွာရွေးချယ်တဲ့ နေရာမှာလည်း ကျတော်တို့ဒီကျတော်တို့ သတ်မှတ်ထားတဲ့ စံနှုန်းလေးတွေရှိပါတယ်။ ကျတော်တို့ကမ္ဘာဘဏ်နဲ့ကျတော်တို့ဒါ စီမံဘဏ္ဍာဝန်ကြီးဌာနကနေပြီးတော့ ကျတော်တို့လမ်းညွှန်ထားတဲ့ လမ်းညွှန်ချက်တွေ နောက်တစ်ခုက ကျေးရွာရွေးချယ်တာလည်း စံနှုန်းတွေနဲ့ကျတော်တို့ ဒီပေါ်မှာ အခြေခံပြီးတော့မှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနော် ကျတော်တို့ TPIC လို့ခေါ်တဲ့ မြို့နယ်စီမံကိန်းရေးစွဲရေးနဲ့အထောက်အကူပြုရေး ကော်မတီတွေ နောက်တစ်ခါကျတော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျတော်တို့ပေါင်းစပ်ပြီးတော့ ဒီကျေးရွာတွေကို ကျတော်တို့ရွေးချယ်ထားခြင်းဖြစ်ပါတယ်။” ပြောပါတယ်။

ဇွန်လ အလယ်လောက်မှာ ရှေ့ပြေးစီမံကိန်းအနေဖြင့် လွိုင်ကော်မြို့နယ် ၊ ထီးစဲခါးကျေးရွာမှာ စပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ငွေတောင်အုပ်စု၊ စိုက်ကွင်း(၂) အောင်သပြေကျေးရွာ ဥက္ကဌ ဦးကျော်ဆန်းဦးက “ အလုပ်လက်မဲ့ကတော့ များတယ်ပေါ့ လောလောဆယ်တော့ ကြုံရာအလုပ် နည်းနည်းပါးပါးလုပ်၊ ပြီးတော့ ရွာမှာကျ လက်လုပ်လက်စားများသည့် အတွက်ပေ့ါ။”လို့ပြောပါတယ်။

စီမံကိန်းနဲ့ပတ်သတ်ပြီး ကျေးရွာတွေမှာ စီမံကိန်းအကြောင်းရှင်းလင်းတာတွေ၊ စီမံကိန်းဆောင်ရွက်ဖို့အတွက် ကျေးရွာကော်မတီတွေ ဖွဲ့စည်းတာတွေကိုဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။

သက်ဆိုင်ရာကျေးရွာမှာရှိတဲ့ အိမ်ေထောင်စုထဲကမှ အိမ်ထောင်စုအဆင့်အတန်းကိုခွဲခြားပြီး ဆင်းရဲတဲ့ အိမ်ထောင်စု၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စု၊ မသန်စွမ်းတွေပါတဲ့ အိမ်ထောင်စု၊ တကယ်ဝင်ငွေလိုအပ်တဲ့ အိမ်ထောင်စုတွေ ရွေးချယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ရင်းနှီးမတည်ငွေကို တစ်နိုင်ငံလုံး ကျေးရွာပေါင်း ၁၇၀၀ နဲ့ ကျပ် ၄၂ ဘီလီယံကို အသုံးပြုသွားမှာဖြစ်ပြီး လုပ်အားခပေးချေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းကို တစ်နိုင်ငံလုံး ကျေးရွာပေါင်း ၂၅၀၀ နီးပါးနဲ့ လုပ်သား အရေအတွက် ၂.၇ သန်း အတွက် စုစုပေါင်း လုပ်အားခ ကျပ်သန်းပေါင်း ၁၄၉၂၈ သန်း သုံးပြုသွားမယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts