spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

COVID-19 ထိန်းချုပ်ကာကွယ်ရေးအသိပညာပေး ဌာနဆိုင်ရာတွေ ဆက်လက် ဆောင်ရွက်နေ

Author

Date

Category

အန်ထောနီ

ကယားပြည်နယ်အတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ ဌာနဆိုင်ရာ အနေနဲ့ ဆက်လက် အသိပညာပေးလျက်ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် မီးသတ်စခန်း ဦးစီးအရာရှိ ဦးကြည်စိုးဟန်က ပြောပါတယ်။

“ နောက်ကျသွားတာမရှိပါဘူး ကျနော်တို့က social media ကနေပြီးတော့ အချိန်နှင့်တပြေးညီ နောက်ပြီးတော့ ဌာနကနေပြီးတော့လမ်းညွန်ချက်တွေနဲ့ ဆောင်ရွက်နေတာဆိုတော့ နောက်ကျတာမရှိပါဘူး။ ကျနော်တို့ချက်ချင်းပဲ လက်ငင်းပဲဆောင်ရွက်ကြတယ်။ ပြည်နယ်အစိုးရရဲ့လမ်းညွန်မှုနဲ့ ကျနော်တို့အကောင်ထည်ဆောင်ရွက်တယ်။” လို့ ပြောပါတယ်။

မေလ ၂၉ ရက်နေ့အထိ ကယားပြည်နယ်အတွင်း COVID-19 ကူးစက်ခံရမှုမရှိသေးခြင်းမှာ သက်ဆိုင်ရာဌာနများနှင့် အများပြည်သူများ စည်းကမ်းလိုက်နာမှုရှိနေခြင်း၊ သက်ဆိုင်ရာဌာနများ လိုက်လံအသိပညာပေးမှု အားကောင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မြို့ဝင်မြို့ထွက် တခြားဌာနဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဂိတ်တွေမှာ COVID- 19 ရောဂါအတွက် စစ်ဆေ၊းကြီးကြပ်ပေးခြင်း၊ ပိုးသတ်ဆေးများပက်ဖြန်းခြင်း၊ ကားဖြင့်လိုက်လံဆော်သြအသိပညာပေးခြင်းများအပြင် တစ်ခြားလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့များအနေဖြင့် အထွေထွေအုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ကြက်ခြေနီ အဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ လူဝငျမှုကွီးကွပျရေးနှငျ့ ပွညျသူ့အငျအားဆိုငျရာ မွို့နယျဦးစီးမှူးရုံး။ နှင့်တစ်ခြားသောဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

ကယားပြည်နယ်အနေဖြင့် COVID-19 အကြောင်းစသိချိန် ကတည်းက ကြိုတင်ပြင်ဆင်မှုများလုပ်ခဲ့သည့်အပြင် လူဦးရေနည်းပါးမှုကြောင့် ကူးစက်မှုမရှိသေးဟု မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန မန်နေဂျာ ဦးတင်သောင်းကပြောပါတယ်။

“ ကယားပြည်နယ်မှာ ကိုဗစ် စကြားကတည်းကစ ကြိုတင်ပြင်မှုတွေလုပ်ခဲ့တဲ့အတွက် နောက်ပြီးတော့ ကယားပြည်နယ်က ကျန်တဲ့ပြည်နယ်တိုင်းနဲ့စာရင် လူဦးရေနည်းတော့ အဲ့ဒီအတွက်တွေကြောင့် ကယားပြည်နယ်မှာဖြစ်ပွားမှုမရှိဘူးလို့ ကျနော့်အနေနဲ့မြင်ပါတယ်” လို့သူ၏အမြင်ကိုပြောပါတယ်။

ဒီလိုမျိုးစစ်ဆေးကာကွယ်တဲ့နေရာမှာလည်း ကယားပြည်နယ်အနေဖြင့် အားနည်းချက်အလွန်အကျူးမရှိဘူးလု့ိ ဦးတင်သောင်းက ဆက်လက်ဖြေကြားသွားခဲ့ပါတယ်။

တစ်ချို့သောကျေးရွာတွေမှာတော့ COVID-19 နှင့်ပတ်သက်လို့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တယ်ဆိုပေမယ့် အများပြည်သူဘက်က လိုက်နာမှုအားနည်းတာတွေ ရှိနေသေးတယ်လို့ လောထောတနော ကျေးရွာမှ ဒေါ်မူရီးနာကပြောပါတယ်။

“ ကျမတို့လောထောတနောရွာမှာလည်းလုပ်ပါတယ်။ဒါပေမယ့် သူတို့မှာတိကျမှုမရှိဘူးပေါ့။ ကျမတို့ရွာသားနဲ့ ဆရာမတစ်ယောက်နှစ်ယောက်ပဲနေတဲ့တွက်ကြောင့် ဖြတ်သွားတဲ့လူနဲ့ ဘေးရွာသားတွေက ဂရုမစိုက်ဘူးလေး ကျမတို့က လက်ဆေးဖို့ပြောရင် သူတို့ကမလေးမစားလုပ်တယ်ပေါ့နော်” လို့ပြောပါတယ်။

COVID-19 ထိန်းချုပ်မှုလုပ်ငန်းအခြေအနေနဲ့ပတ်သက်လို့ ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် တွေ့ဆုံမေးမြန်းဖို့ အချိန်မပေးနိုင်ခဲ့ပါဘူး။

ကူးစက်မြန်သောဗိုင်းရပ်(စ်)ပိုး covid-19 သည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များ တွင် အနည်းနှင့်အများကူးစက်ခံနေရပြီး ကယားပြည်နယ်မှာတော့ ယနေ့အချိန်ထိ ကူးစက်ခံရသူမရှိသေးပါဘူး။

ကယားပြည်နယ်တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ (၂၉.၅.၂၀၂၀)ရက်နေ့ ၇နာရီခွဲအချိန် စစ်ဆေးတွေ့ရှိချက်အရ သံသယရှိလူနာအဖြစ် ဆေးရုံမှာ စောင့်ကြည့်မှုအနေဖြင့် လွိုင်ကော်မြို့နယ်တွင် ၁ ဦး၊ မယ်စဲ့မြို့နယ်တွင်၄ဦးရှိပြီး ပိုးမတွေ့လူနာ ၂ ဦး၊ စစ်ဆေးချက်ပို့ရန်မလို လူနာ ၁ ဦး၊ ဆေးစစ်ချက်စောင့်ရန်လူနာ ၂ ဦးရှိတယ်လို့ ပြည်နယ်အစိုးရရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဖော်ပြချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts