spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

COVID-19 ရောဂါပိုးတွေ့ရှိသူ (၄)ဦး ထပ်တိုး၊ စုစုပေါင်း ၁၄၃ ဦး ရှိပြီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၄)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

COVID-19 ရောဂါပိုးတွေ့ရှိသူ (၄)ဦး ထပ်တိုး၊ စုစုပေါင်း ၁၄၃ ဦး ရှိပြီ

ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၄၃) ဦး ရှိသွားပြီ ဖြစ်သည်။

ယခု ထုတ်ပြန်သော COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၄)ဦးသည် ရန်ကုန်မှ ၃ ဦးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှ ၁ ဦးတို့ ဖြစ်ကြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၄၃) အနက် ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီ ဖြစ်ပြီး သေဆုံးသူ (၅)ဦး ရှိပြီ ဖြစ်သည်။

spot_img
spot_img

Recent posts