spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၂ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၄၁ ဦး ရှိပြီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ နံနက် ၀၀း၃၀ နာရီ နောက်ဆုံးရ အချက်အလက်များအရ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၂ ဦး ထမ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ ယခုဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၄၁ ဦးအထိ ရှိလာပြီ ဖြစ်သည်။

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၂ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၄၁ ဦး ရှိပြီ

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူများသည် ရန်ကုန်မှ ၂၈ ဦး၊ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှ ၄ ဦး၊ မန္တလေးမှ ၁ ဦး၊ ချင်းပြည်နယ် တီးတိန်မြို့မှ ၃ ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့မှ ၁ ဦး၊ နေပြည်တော်မှ ၁ ဦး၊ လှည်းကူးမြို့မှ (၁)ဦး၊ တောင်ကြီးမြို့မှ (၁)ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြသည်။

ယင်း Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၄၁ ဦးထဲမှ ၄ ဦးသည် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

spot_img
spot_img

Recent posts