spot_img
22.7 C
Loikaw
Saturday 24, January 2026
spot_img
Homeကန္တာရဝတီတိုင်း(မ်)ဒေါတမကြီး ကျေးရွာထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး၊ ရွာသားတစ်ဦး လက်နက်ကြီးစ ထိမှန်

ဒေါတမကြီး ကျေးရွာထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး၊ ရွာသားတစ်ဦး လက်နက်ကြီးစ ထိမှန်

-

ကန္တာရဝတီတိုင်း(မ်)

မနေ့က ည၁၀ နာရီခွဲအချိန်မှာ စစ်ကောင်စီဖက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ဒေါတကြီးကျေးရွာထဲ ကျရောက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တစ်ဦးဆီကနေ ကနဦး သိရှိရပါတယ်။

“ည ၁၀ နာရီ မိနစ် ၂၀ ဝန်းကျင်မှာပါ။ လက်နက်ကြီး တစ်လုံးထုလာတယ်။ အဲ့မှာ ဒေါတမကြီးမှာရှိတဲ့ နေအိမ်တစ်လုံးကို ထိမှန်ပြီးတော့မှ ထိမှန်တဲ့ နေအိမ်က မီးလောင် ပျက်စီးသွားတယ်။ ပြီးတော့မှ ဒေါတမကြီး ရွာသားတစ်ဦးကိုလည်း လက်နက်ကြီးစ ထိမှန်သွားတာပေါ့“ လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပြပါတယ်။

ဘောလခဲ အမြောက်တပ်ကနေ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတဲ့ ကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒေါတမကြီးကျေးရွာဟာဒီးမော့ဆိုမြို့တွင်းမှာပါရှိပြီး ဘောလခဲနဲ့ နီးတဲ့ ကျေးရွာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ