spot_img
16.1 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)ဝဥ ဖော်ချိန် လွန်လာသော်လည်း တောင်သူများ ဝဥ မဖော်နိုင်သေး

ဝဥ ဖော်ချိန် လွန်လာသော်လည်း တောင်သူများ ဝဥ မဖော်နိုင်သေး

-

 CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် ဘက်မှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ ဝဥစိုက်ခင်းတွေဟာ ဖော်ချိန်တန်နေပေမယ့်လည်း ဖော်ခွင့်မရကြသေးဘူးလို့ ဝဥစိုက် တောင်သူတွေကပြောပါတယ်။

“ထုတ်မယ်လို့ တော့စဉ်စားထားတယ်ပေါ့နော။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေက အဆင်မပြေတော့ မထုတ်ဖြစ်တော့ဘူး။”  လို့ ဖရူဆိုမြို့နယ်က ဝဥစိုက်တောင်သူတစ်ဦးကပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ ဝဥကို တနိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဝဥအစေ့ကို တစ်ပိဿာ တစ်သောင်း အထိစျေးရရှိခဲ့ကြောင်း တောင်သူတစ်ဦးကပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ဖရူဆိုမြို့နယ်ကို သွားလာဖို့ လုံခြုံရေးအရအဆင်မပြေတာကြောင့် ဒေသခံတွေက ဝဥကို ရောင်းချနိုင်တာမျိုးမရှိပါဘူး။


“ဝဥက ကယားပြည်နယ်(ကရင်နီပြည်)မှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာတာများနေပြီ ဝဥ ရောင်းနေရတဲ့ အဆင့်တော့ မဟုတ်သေးရင်တော်မှ အစေ့ရောင်းရတာပေါ့နော။ ဝဥစျေးက အဆင်ပြေတယ်လေး။ အစေ့ရောင်းတာ တစ်ပိသာ တစ်သောင်းထိတော့ အောင်ထားတာပေါ့။ နိုင်ငံရေး အခြေနေကြောင်း ဝဥတော့ မဖော်ဖြစ်ဘူး ၃ နှစ်ရှိပြီ အရင်နှစ်တော့ အစေ့ရောင်းတာ ပိသာ ၁၀၀ အထိတော့ ရောင်းရတယ်” ဟု ဝဥ စိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး တစ်ပိုင်တစ်နိုင် ဝဥ စိုက်ခင်းကို တစ်နှစ်ကျော်ကြာ ပစ်ထားခဲ့ရကြောင်း ဝဥ စိုက်ပျိုးသူ တစ်ဦးက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ