ကျော်စိုးသူ (Economic Development)ရေးသားသည်။ ခေါင်းစဉ်ကို ဆောင်းပါးရေးရန် စဉ်းစားထားသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်၏ ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဍာန်များကို ပြည်သူများ မသိနားမလည်ဖြစ်ရုံမျှမက နိုင်ငံရေးနယ်ပယ်က လူများကပါ မသိနားမလည်ကြသည်ကို သတိပြုမိပေသည်။ ထိုအကျိုးဆက်များက နိုင်ငံတော်တည်ဆောက်ရေး၊ စီးပွားရေး၊ အုပ်ချူပ်ရေးစနစ်များကိုပါ ထိခိုက်အားနည်းစေပါလိမ့်မည်။ ထိုအကြောင်းအချက်များကြောင့်ပင် နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း အထူးသဖြင့် ပြည်ထောင်စုအစိုးရနှင့် ဒေသအစိုးရများ၏ ဖွဲ့စည်းတည်ဆောက်ထားမှုပုံသဏ္ဍာန်များကို ပြည်သူအများသိရှိအောင် အကြမ်းဖျင်း ရေးသားလိုခြင်းဖြစ်ပေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အခန်း (၁) ၊ နိုင်ငံတော်အခြေခံမူများတွင်ပါရှိသော “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်မည်။” နိုင်ငံတောင်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် […]

မူအက်စတာရေးသားသည်။ ရှားတောမြို့နယ်၊ ကေ့ထျိုးဘိုးကွင်းနံဘေးရှိ ၁ ဧကဝန်းကျင်ရှိ မြေနေရာတွင် ပညာရေးဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် အစပြုနေစဉ်အတောအတွင်း မြေယာပိုင်ဆိုင်မှုအငြင်းပွားစရာများ စတင်လာသည်။ ကယားတိုင်းရင်းသားတို့၏ အထွတ်အမြတ်ထားရာ ကေ့ထျိုးဘိုကွင်းနေရာအား ယင်းအဆောင်အဦးကို လာရောက်ဆောက်လုပ်ခြင်း ခွင့်မပြုဟု ရှားတောမြို့နယ်ကေ့ထျိုးဘိုးအဖွဲ့နှင့် ဖေစိုးလေးအဖွဲ့က ကြေညာထုတ် ကန့်ကွက်သည်။ မူလက ယင်းနေရာကို မြို့နယ်ဘောလုံးကွင်းတည်ဆောက်ရန် လျာထားသဖြင့် ကေ့ထျိုးဘိုးကော်မတီက ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။ သို့သော် ခွင့်ပြုထားသော ဘောလုံးကွင်းအဖြစ် အကောင်အထည်ဖေါ်ခြင်းမဟုတ်ဘဲ ဝန်ထမ်းအိမ်ယာဆောက်လုပ်နေခြင်းကို ရပ်တန့်ထားရန် ၎င်းတို့က တာဝန်ရှိသူထံ တောင်းဆိုလိုက်သည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပိုလျှံရန်ပုံငွေ ကျပ်သန်း ၂၃ဝ ဖြင့် ပေ ၁၅ဝ ၊ ၃ဝ ( ၆ )ခန်းတွဲ […]

ခူးလီးတခဲ သဘာဝလောင်စာကနေတဆင့် ဖြစ်ပွားလာတာကြောင့် လူသားတွေအနေနဲ့ တောမီးလောင်တာကို ထိန်းချုပ်ရ မလွယ်လှပါဘူး။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တောမီးတွေလောင်ကျွမ်းမှုကြောင့် ဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ သဘာဝပတ်ဝန်းကျင်၊ သစ်ပင်သစ်တောတွေနဲ့ သတ္တဝါတို့ အပြန်အလှန် အမှီတဟဲပြုနေတဲ့ အသိုက်အမြုံကြီးကို သဘာဝတောမီးကြီးက ဆိုးရွားစွာ အန္တရာယ်ပြုလျက်ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်၊ ရေ၊ မြေ၊ တိရိစ္ဆာန်တို့ကို ထိခိုက်နေတဲ့အပြင် လူသားတို့ ပိုင်ဆိုင်မှုဥစ္စာတွေနဲ့ လူသားတို့ရဲ့ အသက်ကိုပါ အန္တရာယ်ပြုလာပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ခရီးသွားလာရေးကိစ္စရပ်တွေပါ ဆိုးကျိုး သက်ရောက်လာနေတဲ့အတွက် ကြီးမားတဲ့ ပြဿနာတခုလို့ ဆိုရတော့မှာပါ။ ဒါဟာ ကြီးမားတဲ့ပြဿနာလို့ သိနေလျက်နဲ့ ကြိုတင်ကာကွယ်မှုတွေနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ လူမှုအသိုက်အမြုံထဲမှာ လက်ဆင့်ကမ်း […]

ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ “ကျွန်မ အဲဒီမြေတော့ မပေးနိုင်ဘူး သေရင်လည်းဒီမြေ ရှင်ရင်လည်း ဒီမြေပဲ” လို့ဆိုသူက နှီးဦးထုပ်ဆောက်လျှက် မျက်နှာကို မြေအောက် စိုက်ကြည့်နေတဲ့ အသက် ၅ဝ ကျော်အရွယ် ဒေါ်မဲမိုပါ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့အတူ ဥပဒေရဲ့အားနည်းချက်ကြောင့် ကယားပြည်နယ်အတွင်းက တောင်သူတွေရဲ့ လယ်ယာမြေတွေဟာ မတရားသိမ်းဆည်းခံရတဲ့အပြင် လယ်ယာမြေပြဿနာတွေကြောင့် တောင်သူတချို့ဟာ တရားစွဲဆိုခံနေရပါတယ်။ အသက် ၆ဝ အရွယ်ရှိ ဦးထျိုးရယ်နဲ့ ဒေါ်မဲမိုတို့ မိသားစုဟာ မြန်မာနိုင်ငံအတွက် လျှပ်စစ်စွမ်းအင်တွေကို အဓိကထုတ်ပေးတဲ့ စက်ရုံတွေ တည်ရှိရာ လွိုင်ကော်မြို့နယ် လောပိတအုပ်စု လောကထုကျေးရွာမှာ နေထို်င်တဲ့ တောင်သူလယ်သမား မိသားစုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက လောပိတအမှတ် (၁) ရေအားလျှပ်စစ်စက်ရုံစီမံကိန်းအတွက် ဒေါ်မဲမိုမိသားစု […]

မူအက်စတာရေးသားသည်။ စင်ပေါ်ရောက်လာတဲ့အခါမှာ စကားကို စချီတည်းက အသံတုန်တုန်ရီရီနဲ့ ကယားပြည်နယ်ရဲ့ အခြေအနေကို ဘွားဘွားပေါ်အောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှာ ရင်ဖွင့်ခဲ့တဲ့သူက လွိုင်လင်သား ကယန်းလူမျိုး ခွန်းမားရီယိုပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ကယားပြည်နယ်၊ လွိုင်ကော်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်း တစ်ခုမှာဖြစ်ပါတယ်။ “လူကြီးတွေအတွက် ဟင်းကောင်းကောင်းချက်ကျွေးရတယ်။ ကျနော်တို့က အကြွင်းအကျန်ပဲ စားရတယ်။” “စစ်ပြီးလို့ပြန်လာတော့ ကျနော့တို့ရဲ့ မြေနေရာမှာ တပ်သိမ်းမြေ၊ မကျူးကျော်ရဆိုပြီးဖြစ်ကုန်ပြီ။”လို့ အစချီတဲ့ စကားတွေဟာ နိုင်ငံကျော်ခဲ့ပြီး ဒီစကားတွေဟာ ခွန်းမာရီးယိုဆီကနေ ထွက်ပေါ်လာတဲ့စကားတွေပါ။ ငြိမ်းချမ်းရေးစကားဝိုင်းအပြီး ခွန်းမာရီးယိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေဟာ သတင်းမီဒီယာမှာသာမက မြန်မာတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးစကားဝိုင်းကို စောင့်ကြည့်နေကြတဲ့သူတွေ စကားသံမှာ တော်တော်လေး ပြောစမှတ်ပြုခဲ့ကြပါတယ်။ “ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျွန်တော်တို့လို တောသူတောင်သားတွေ၊ […]

မူအက်စတာ ဘိန်းအစားထိုးမယ် အကောင်ဖြူဖြူလေးနဲ့ အမွေးထူထူရှိတဲ့ သိုးကလေးတွေဟာ ဘုရားကျောင်းဝန်းထဲမှာ သွားလာလှုပ်ရှားနေပါတယ်။ သူတို့တွေဟာ ကျောင်းဝန်းထဲမှာ စိုက်ထားတဲ့အလှပင်၊ သီးပင်စားပင်တွေ တွေ့သမျှကို လိုက်စားနေပါတယ်။ ကယားပြည်နယ် ရဲ့ အဓိက ဘိန်းစိုက်ပျိုးတဲ့ ဒေသတချို့ ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁ရခု အောက်တိုဘာ လပိုင်းလောက်မှာ ဘိန်းအစားထိုးဖို့ ဆိုပြီး စီမံချက်နဲ့ သိုးကောင်တွေ အစုလိုက်အပြုံလိုက် ရောက်ရှိလာပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ဘိန်းစိုက်ဒေသတွေ ဘိန်းအစားထိုးဖို့အတွက်ဆိုပြီး ပြည်နယ်ဝန်ကြီးဦးဘောစကို က လွှတ်တော်ကိုတင်ပြတောင်းဆိုပြီး ရရှိလာတဲ့ သိုးကောင်တွေပဲဖြစ်ပါတယ်။ ဘိန်းအစားထိုးဖို့ အတွက် သိုးကောင်တွေ လာခြင်းကောင်းပေမယ့် ပြန်လမ်းမကောင်းခဲ့ပါဘူး။“တစ်ရက်ကို လေး၊ ငါးကောင်လောက်ကို သေနေတာ၊ ဘယ်သူမှဘာမှမတတ်နိုင်ဘူး” […]

ခူးလီးတခဲ တောင်နဲ့ မြောက်ဘက်က အအေးဒါဏ်တွေကြောင့် နေရာအသီးသီးက အပူချိန်တွေ ကျဆင်းလာပါတယ်။ ဒါကြောင့် လူ့ရဲ့ခန္ဓာကိုယ်ထဲက အပူချိန်ဟာလည်း သာမာန်ထက် တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ အအေးဒါဏ်ဟာ သက်ကြီးရွယ်အို၊ ကလေးငယ်၊ နှလုံးရောဂါသည်နဲ့ အကြောသေလူနာတို့အတွက် အန္တရာယ်ပိုများစေပြီး အထူးသဖြင့် ဦးနှောက်ပိုင်းဆိုရင် ချို့ယွင်းမှု၊ အာရုံကြောဖွဲ့စည်းမှုစနစ်နဲ့ နှလုံးတို့ကို ထိခိုက်စေပါတယ်။ ရာသီဥတုအေးလှတဲ့ ခုလိုဆောင်းရာသီမျိုးမှာ ကျနော်တို့ရဲ့ ကျန်းမာရေးကို ပိုမို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အအေးဒါဏ်ကြောင့် မကြာခဏ ဖျားလေ့ရှိတဲ့သူတွေအတွက် အောက်ပါအချက် ၅ ချက်ကို အကြံပြုပေးလိုပါတယ်။ ၁။ ဆောင်းရာသီမှာ ခြေတိုလက်တိုအဝတ်အစားတွေကို ရှောင်ရှားပြီး ကိုယ်ခန္ဓာကို အနွေးပေးနိုင်မယ့် အင်္က ျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ အနွေးထည်တို့ကို တတ်နိုင်သဘောက်ဝတ်ပေးပါ။ ၂။ […]

သျှံထွန်းတောက်ရေးသားသည်။ “မင်းတို ့မြန်မာပြည်က ဘီယာတွေရဲ့ အရသာကို ငါမကြိုက်ဘူးကွာ။” “ကျွန်တော်လည်း ဂျပန်က ဘီယာရဲ့ အရသာကို မကြိုက်ဘူးဗျ” အနှီစကားကိုပြောဖြစ်ခဲ့တာကတော့ စာရေးသူနဲ့ ဂျပန်နိုင်ငံ Kyoto Comparative Law Centre – KCLC က ပရော်ဖက်ဆာ မစ်စတာကီနိုရှိတာ တို့ပဲ ဖြစ်ပါတယ်။ မစ်စတာ ကီနိုရှိတာ ဆိုတာ မြန်မာနိုင်ငံမှာ ၂ နှစ်ကျော် နေထိုင်ခဲ့ဖူးသူတစ်ယောက်ဖြစ်လို့ မြန်မာနိုင်ငံ အကြောင်းကိုလည်း တော်တော်များများသိထားသူပါ။ မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်ဥပဒေ ထုတ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ အသိပညာတွေ ဖြန့်ဝေခဲ့သလို ဥပဒေကြမ်းတစ်ခု ရုပ်လုံးပေါ်လာအောင် ထုဆစ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ပရောဖက်ဆာနဲ့ စာရေးသူတို့ ဘီယာကောင်းကြောင်း မကောင်းကြောင်း စကား […]

ကန္တာရဝတီတိုင်း(မ်) ရေရှည်တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအတွက် အခြေခံပညာရေးကျောင်းတချို့မှာ ကျောင်းပြင်ပအချိန် သင်ကြားနေရတာဟာ စိတ်ဝင်စားမှုအားနည်းတာကိုတွေ့ရတဲ့အတွက် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး ထောက်ပြဝေဖန်မှုတွေ ရှိလာနေပါတယ်။ ကျောင်ချိန်အတွင်း ထည့်သွင်းသင်ကြားနိုင်ရေးဟာ တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထမဆုံးခြေလှမ်းအဖြစ် လိုအပ်တယ်လို့ ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီရဲ့ ဥက္ကဌ ခူးပလုရယ်က ပြောပါတယ်။ “တစ်ချို့ကျောင်းမှာလည်း ဆရာ/မ တွေရှိရဲ့သားနဲ့ မသင်ပေးဘူး ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ကို ဖဲ့မပေးနိုင်ဘူး ဒီမှာအားနည်းချက်တစ်ခုရှိလာတာကကျောင်းချိန်ပြင်ပလို့ ပြောတဲ့ခါကြရင် ဥပမာ ကျောင်းမတက်ခင် (၈) နာရီ နှင့် (၉) နာရီကြား ဒါမှမဟုတ်ကျောင်းဆင်းပြီး (၃)နာရီ နှင့် (၄) နာရီကြား ဆိုတော့ ဆရာ/မတွေအဲ့မှာ ပန်းနေပြီ။ ကိုယ့်ရဲ့မိသားစုကိစ္စ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ဖြစ်တဲ့ခါကျတော့ ဒီဟာကိုသီးသန့်အချိန်တစ်နာရီလောက် သင်မယ်ပြောတော့ လည်းတစ်ချိူ့ကလည်း စိတ်မပါတော့ဘူ တချို့ကလည်းပင်ပန်းနေပြီး အဲ့ခါကြတော့ […]

(စိတ်ဝင်စားဖွယ် တိုုင်းရင်းသားဒေသ ခရီးသွားစာစုု) မင်းဂေါလ်လိုုက်ခ်ရွှေရေးသားသည်။ ဆင်ဖြူတောင်ကြောသည် လွိုင်ကော်မှ ဖရူဆို ထိုမှတဆင့် လိပ်သို တလျောက် သွယ်တန်းနေသော တောင်ကြော ဆိုလဲ မမှားပါဘူး။ ဖြစ်ချင်တော့ လေယာဉ်ပေါ်မှဆင်း၊ ပစ္စည်းစု၊ မနက်စာ စားပြီးသည်နှင့် လွိုင်ကော်မှ ဟိုယာကျေးရွာသို့ ခရီးဆက်လာခဲ့သည်။ ၃ နာရီခန့် ကြာမြင့်သည်။ ရည်မှန်းချက်ကတော့ ခေါသမော့တောင်တက်ရန်ဖြစ်သည်။ လွိုင်ကော်မှ ထွက်လာပြီး ၁ နာရီခန့်အကြာတွင် “ထီးပရူနူ သဘာဝလိုဏ်ဂူ” ကို ရောက်ရှိပါလိမ့်မည်။ ကယောဒေသ၏ အမွေအနှစ်တခု ဆိုရင်လဲ မမှားပါ။ သက်ရင့်ကျောက်များပင် ရှိသည်ဟု ယုံကြည်ရသည့်အတွက် သုတေသနပြု မှတ်တမ်း တင်နိုင်ရန် ကြိုးစားနေကြဆဲ။ ဒီလိုဏ်ဂူသည် ပြောရမည်ဆိုလျှင် ယခင့် ယခင်ကတည်းရှိခဲ့သော်လည်း […]