စိုးရယ်ဦး ဒီဇင်ဘာလအတွင်း ကရင်နီမျိုးနွယ်စုအနွယ်ထဲက ပရဲမျိုးနွယ်တွေရဲ့ နှစ်စဉ်နှစ်တိုင်းပြုလုပ်လျက်ရှိတဲ့ ရိုးရာပွဲတော်တခုကို မတွေ့ကြုံ စဖူး ပွဲတော်တခုကို အလည်ရောက်ရှိခဲ့ပါတယ်။ ၂၀၁ရ ခုနှစ်ရဲ့ အေးချမ်းလှတဲ့ ဒီဇင်ဘာလအတွင်း ကယား(ကရင်နီ) ပြည်နယ်ရဲ့ အနောက်ဘက်ခြမ်း ဖရူဆိုမြို့နယ်ဘက်ကို ခရီးဆက်ခဲ့ရင်း ကေကောအုပ်စု ဘွတ်လွတ်တာ ရွာ ပရဲမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတခုဖြစ်တဲ့ စုပေါင်း ကေ့ထျိုးဘိုး စိုက်ထူခြင်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ ပရဲမျိုးနွယ်စုတို့ရဲ့ ကေ့ထျိုးဘိုးပွဲတော်ဟာ တခြား ကျနော်တို့ ကယား(ကရင်နိ) မျိုးနွယ်စုတို့နဲ့တော့ ပြုလုပ်ပုံ ပြုလုပ်နည်းတွေ ခြားနားတာကို တွေ့ရပါတယ်။ တမူထူးခြားဆုံးကတော့ ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင်ကို ဝါးလုံးကြီးနဲ့ ပြုလုပ်ထားပြီး တံခွန်ကိုလည်း ဝါးရွက်တွေနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ တိုင်တော်ထူပြီး […]

ထူးချစ်ရေးသားသည်။ “ဆယ်တောရုို” ဆုိုသည်ကား ဒေသခံ ကယားလူမျိုးများ၏ ဘာသာစကားအရ “မိုးသောက်ကြယ် (သုို့မဟုုတ်)ရောင်နီဦးကြယ်ဟုု” အဓိပ္ပာယ် ဖွင့်ဆုိုကြသည်။ ဆယ်တောရုိုပညာရေး အစီအစဉ်ကို ပြည်နယ်သားတုို့၏ အနာဂတ်၊ မျိုးဆက်သစ်များအတွက် အိပ်မက်၊ ပြည်နယ်ဖွံ့ဖြိုးခြင်း၏ ရှေ့ဆောင်လမ်းပြဟုု ဒေသခံများ၏ အသွေးအသားထဲမှ ယုုံကြည်နေကြ၏၊။ ကယား(ကရင်နီ) ပြည်နယ်သည် ပြည်နယ်သေးငယ်သော်လည်း လက်နက်ကုိုင် အဖွဲ့ အစည်းများ များပြား၏။ ဒေသခံ လက်နက်ကုိုင် အဖွဲ့အစည်းများ အချင်းချင်း ပဋိပက္ခများ ဖြစ်ခဲ့ဖူး၏။ ပြည်တွင်းစစ်ဒဏ်ကုို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရ၏။ ပြည်တွင်းစစ်၏ နောက် ဆက်တွဲ ဆိုုးကျိုးများအဖြစ် ပြည်နယ်အတွင်း စိတ်ဝမ်းကွဲမှု၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးထုုတ် လုပ်သုုံးစွဲနေမှုများ ဖြစ်ပေါ်ခဲ့ပြီး လူငယ်များ၏ ပညာရေးမှာ နိမ့်ကျခဲ့ရ၏၊ […]

လင်းသန့်ရေးသားသည်။ မော်ချီးတောင်ကမ်းပါးယံတွင် သတိထားလျှောက်နေသော ဂျော်နီမင်း၏ ခြေလှမ်း တည်ငြိမ်မနေပါ။ ခြေလှမ်းမှားလိုက်သည်နှင့် တဖက်တွင် အချိန်မရွေး သူ့၏ အသက်ကို နုတ်ယူနိုင်သော ပေ ၁၀၀ဝ နီးပါးအမြင့်ရှိ ချောက်ကမ်းပါး ရှိသည်။ မလှမ်းမကမ်းတွင် သတ္တုတူးဖေါ်သည့် လုပ်ငန်းခွင် တစ်ခု။ ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည်မှာ ဆယ်စုနှစ်ကြာပြီဖြစ်သော လက်နက်ကိုင်အဖွဲ့က လုပ်ကိုင်ခွင့်ရထားသော သတ္တုတွင်းကို အစီရင်ခံစာတစ်ခုအတွက် ခိုးဝှတ်ပြီး ဓါတ်ပုံမှတ်တမ်းရယူနိုင်ရန် နိုဝင်ဘာလ၏ နေအပူရှိန်အောက် သူကြိုးစားနေသည်။ ကင်မရာမဆိုနှင့် ဓါတ်ပုံရိုက်ကူးနိုင်သည့် ဖုန်းတောင်မှ ယူဆောင်ခွင့်မပေးသော သတ္တုတွင်း လုပ်ကွက်၏ ပုံရိပ်များ မှတ်တမ်းတင်ခြင်းမှာ သာမာန်လူအတွက် လွယ်ကူသည့်အလုပ်မဟုတ်။ သတ္တုများ ရွေးထုတ်ပြီးသား ဗဟန်း (ဒေသအခေါ်) တင်းနစ်ဘောလုံးအရွယ် ကျောက်တုံးကို ချောက်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် […]

မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)ရေးသားသည်။ ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ စစ်ဘေးရှောင် စခန်းတွေထဲက ကလေးသူငယ်တွေဟာ ပညာသင်ကြားရာမှာ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဇီးအုန်စစ်ရှောင်စခန်းမှ အသက် ၇ဝ အရွယ် မိခင်အိုကြီးနဲ့ သား၊သမီး ခြောက်ယောက်ကို ကျွေးမွေးပြုစုနေရတဲ့ အသက်၄ဝ အရွယ် မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်လုဂျာက ပြောပါတယ်။ အပြင်ကျုရှင်ကို အသားပေးပြီး ကျောင်းတက်နေရတဲ့ ကချင်ပြည်နယ်အတွင်းရှိ ကျောင်းတွေမှာတော့ စစ်ဘေးရှောင် ကလေးတွေအတွက် ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် ကြိီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်စေတယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။ “မိဘတွေကလည်း ဒီမှာ စီးပွားရေး လာလုပ်စားနေတာ မဟုတ်ဘူးလေ စစ်ရှောင်တွေလေ ဒါကြောင့် ကျမတို့ သား၊သမီးတွေကို သူများနဲ့တန်းတူ ကျုရှင်မထားနိုင်တဲ့အခါကျတော့ စာမလိုက်နို်င်တော့ဘူး […]

ဦးမာတီးနို နန်မယ်ခုံမြို့ “ခုတလောကတော့ စပါးဈေးတွေ ငြိမ်နေတယ်။ အရင်ကဆိုရင် စပါးတစ်ပိဿကို ငါးရာ၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်အထိ ကျွန်တော်တို့ ရောင်းရတယ်။ အခုဆိုရင် တစ်ပိဿကို ငါးရာနှစ်ဆယ်သုံးဆယ်လောက်ပဲ ရှိတယ်။ ဒီနှစ်ကတော့ သိပ်အရှုံးမရှိဘူးပေါ့။ ပိုပိုလျှံလျှံတော့ မရှိဘူးပေါ့။ စပါးဈေးက လွန်ခဲ့တဲ့ နှစ်တွေမှာဆိုရင် အများဆုံး ခြောက်ရာအထိရှိတယ်။” https://www.youtube.com/watch?v=Y9ZA_fWdcsk&feature=youtu.be

ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်)ရေးသားသည်။ မီဒီယာလွတ်လပ်ခွင့် ၊ လွတ်လပ်သောအသံ၊ ဒီဂျစ်တယ်အခွင့်အရေး ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက်အခွင့်အရေးဆိုတဲ့ ဆောင်ပုဒ်များအပြင် ၆၆(ဃ)နဲ့ ဆိုင်တဲ့ ကာတွန်းပုံတွေကို လမ်းအဝင်အထွက်ဘေးမှာ ထောင်ထားတဲ့ နေရာတစ်ခု။ အတွင်းမှာ ညီလာခံတစ်ခု လုပ်နေပါတယ်။ ညီလာခံရဲ့အမည်က မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံပဲ ဖြစ်ပါတယ်။ ဒီညီလာခံကနေ မြန်မာမီဒီယာတွေရဲ့ အခက်အခဲနဲ့ အသံတွေ ကျယ်ကျယ်လှောင်လှောင် ထွက်ပေါ်ခဲ့ပါတယ်။ နိုင်ငံရဲ့ အခြေအနေအရ ပုံနှိပ်ဆက်လက်ထုတ်ဖို့အတွက် စက္ကုတွေ ဈေးတက်နေတဲ့အပြင် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အင်တာနက်စာမျက်နှာမှာပဲ သတင်းထုတ်ကုန်တွေကို ဝင်ရောက်ဖတ်ရှုမှုတွေများပြားလာပြီးနောက်ပို်ငး စာစောင်တွေရဲ့ ရောင်းရအားဟာ လျော့နည်းလာခဲ့ပါတယ်။ အခြေအနေအရ ပုံနှိပ်မီဒီယာတွေဟာ ရေရှည်ဆက်လက်ရပ်တည်ဖို့ အခက်တွေ့နေပြီလို့ ကောက်ချက်ချသူတွေ ရှိလာပါပြီ။ ဒီညီလာခံရဲ့ ပထမဦးဆုံးအစီအစဉ်မှာ မီဒီယာဆိုင်ရာဗဟုဝါဒနဲ့ ရေရှည်တည်တံ့ရေးဆိုင်ရာ […]

မူအက်စတာရေးသားသည်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ဒေသမှာ မူးယစ်ဆေးဝါးရဲ့ အရင်းအမြစ်တစ်ခုဖြစ်တဲ့ ဘိန်းပင်စိုက်ပျိုးရေးကို ယခုချိန်အထိ စိုက်ပျိုးနေတုန်းပါပဲ။ ဆောင်းရာသီဝင်ပြီဆိုရင် အာဏာပိုင်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ ဘိန်းအသီးအနှံသီးပွင့်လာချိန်မှာ လာရောက်ပြီး ဖျက်ဆီးပစ်တာတွေ နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လာနေပါတယ်။ သက်ဆိုင်ရာတွေက နှစ်တိုင်းလိုလို ဘိန်းဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် ဒေသခံတွေလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် နှစ်စဉ်စိုက်ပျိုးနေကြရတုန်းပါ။ ဘိန်းစိုက်ပျိုးမှုကို ဝမ်းစာအနေနဲ့ စိုက်ပျိုးနေတဲ့ ဒေသခံတွေရဲ့ နှစ်စဉ် ကြုံတွေ့နေရတဲ့ စားဝတ်နေရေးအခက်အခဲကို ဘယ်လိုကူညီဖြေရှင်းပေးနိုင်ကြမလဲဆိုတာ အဖြေတွေက ဝေဝါးနေဆဲပါ။ “ဘိန်းစိုက်ပျိုးတယ်ဆိုတာက ကျွန်တော်တို့ ရွာအနေနဲ့ အခြေခံစီးပွားရေးအပေါ်မှာလည်း မူတည်တယ်ပေါ့။ စီးပွားရေး၊ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးအခြေအနေ ခက်ခဲနေသရွေ့ မှီခိုနေရတဲ့ သဘောဖြစ်နေတယ်ပေါ့နော။ ဘိန်းကတော့ ဥပဒေနဲ့ မညီဘူးဆိုတာတော့ ကျွန်တော်တို့သိတယ်။”လို့ […]

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။ ဘီလူးချောင်းရေကိုတစ်ခါသောက်မိလျှင် နောက်တစ်ပြန် လာတတ်တယ်လို့အများက ပြောဆိုနေကြတဲ့ နေရာလေးတစ်ခုကတော့ ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မြို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဟိုအရှေ့တောင်ဘက်ခြမ်းဆီကို လှမ်းပြီးမျှော်ကြည့်လိုက်မယ်ဆိုရင် လွမ်းမောဖွယ်ကောင်းတဲ့ တောင်တန်းတွေနဲ့ သာယာရှုမောစရာကောင်းတဲ့ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို အားလုံးပဲမြင်မိကြမှာ သေချာပါတယ်။ ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အလှဆုံးမြို့တော်ထဲက တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ အင်းလေးကန်ကနေစီးဆင်းလာတဲ့ ဘီလူးချောင်းရေဟာ ကယားပြည်နယ်ထဲကိုစီးဝင်တာကြောင့် လွိုင်ကော်မြို့ဆိုတာဖြစ်ပေါ်လာရတာပါ။ ကိန္နရီ ကိန္နရာတို့ စံပျော်နေရာဖြစ်တဲ့ဒွေးမယ်နော်တို့ရဲ့ ဌါနီငွေတောင်ပြည်ကို အလည်လာလိုတဲ့ရပ်ဝေးက ညီအစ်ကိုတိုင်းရင်းသားတွေဟာ ရှေးဦးစွာ လွိုင်ကော်မြို့ရောက်ရှိလာမျာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြို့တော်လွိုင်ကော်ဟာ ဒေသခံသွေးချင်းတိုင်းရင်းသားတို့နှင့် မြန်မာနိုင်ငံ တစ်နံတစ်လျားက ညီအစ်ကိုတိုင်းရင်းသားတို့ ဆုံစည်းရာ ပေါင်းကူးတံတားတစ်ခုပဲမဟုတ်ပါလား။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၀ဝပေမှာ ရှိတဲ့မြို့တော်လွိုင်ကော်ရဲ့ ဧရိယာ အကျယ်အဝန်းဟာ […]

ကယားထဲ တိုင်းရင်းသားဒေသတွေဘက်မှာ ပဋိပက္ခတွေရှိခဲ့ကြလို့ပဲ ဒီပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက်ပဲ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဆိုတာရှိလာပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ဒီပဋိပက္ခတွေဖြေရှင်းတဲ့ ဖြစ်စဉ်လို့ပဲ ဆိုရမှာပါ။ ကယား(ကရင်နီ)ပြည်နယ်ကြီးရဲ့ နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်တည်လာခဲ့တဲ့ ပဋိပက္ခဟာဆိုရင် ဖြေရှင်းဖို့အတွက် တိုင်းရင်းသားအားလုံး ၊ တစ်တိုင်းပြည်လုံးအရေးနဲ့ သက်ဆိုင်နေတဲ့အတွက် ဒီလို ပဋိပက္ခကိုဖြေရှင်းတဲ့ အဆင့်တိုင်းမှာ စိန်ခေါ်မှုတွေက ရှိစမြဲပါ။ တရွေ့ရွေ့သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကြား အချင်းချင်းကြားယုံကြည်မှုနဲ့အတူ အလေးထားမှုကို အသားပေး ချဉ်းကပ်နေကြတာကို တွေ့နေရပါတယ်။ ဒီလို အဓိက စိန်ခေါ်မှုတွေမှာဆိုရင် ယုံကြည်မှုရရှိဖို့နဲ့ အသိအမှတ်ပြုဖို့က အပြန်အလှန် လေးစားလိုက်နာ ဆောင်ရွက်ကြဖို့ အရမ်းလိုအပ်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဒုဥက္ကဌ ခူဦးရယ်က ပြောပါတယ်။ […]

ဖဲဘူးရေးသားသည်။ ရှားတောက ဒေါလဲဒူ လို့ခေါ်တဲ့ ကယားလူမျိုးတွေနေထိုင်တဲ့ကျေးရွာဟာ လွိုင်ကော်ကနေ ရှားတောမြို့ကိုသွားတဲ့ လမ်းမကြီးဘေးမှာ တည်ရှိပါတယ်။ တောင်ထိပ်ပေါ်မှာ တည်ရှိတာကြောင့် ညနေစောင်းဆိုရင် ချမ်းစိမ့်စိမ့်နဲ့ အေးမြတဲ့ရာသီဥတုကို နှစ်သက်သူတွေအတွက်ကတော့ သဘောတွေ့မှာအမှန်ပါ။ ရှားတောမြို့နယ်ဟာ အရင်က စစ်အစိုးရလက်ထက်မှာ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲဒီကဒေသခံတွေဟာ စစ်ဘေးအန္တရာယ်ကနေ ရှောင်ပြေးကြရင်း ဟိုရွှေ့ဒီရွှေ့နဲ့ ပြောင်းရွှေ့ခဲ့ကြရတာပါ။ တိုင်းပြည်တည်ငြိမ်လာဲ့အခါ နေရင်းရွာတွေမှာ ပြန်လာနေကြပြီး တောင်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဒီ ၂၁ ရာစု ခေတ်ကြီးထဲမှာ အရာရာဟာ တိုးတက်ပြောင်းလဲလာသလို လူတွေရဲ့ နေထိုင်ပြုမှုပုံစံဟာ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ ဒေါလဲဒူရွာမှာတော့ ရှေးကယားတွေရဲ့ နေထိုင်မှုပုံစံတွေကို တွေ့မြင်နေရပါသေးတယ်။ ထူးခြားတာက ဒေါလဲဒူကျေးရွာမှာ […]