သာစု(ပြည့်စုံ)   ငွေတောင်ဆည်-ပြည်သူ့ဆည်ဆိုသည့်အတိုင်း အစိုးရသည်ပြည်သူ ပြည်သူသည်အစိုးရဖြစ်သည်။ ငွေတောင်ဆည်သည်ကယားပြည်နယ်၊ဒီးမောဆိုမြို့နယ်ရှိ ပတ်ဝန်းကျင်အတွက်သာမက တစ်ပြည်နယ်လုံး၊တစ်နိုင်ငံလုံးပြည်သူနှင့်လည်းသက်ဆိုင်ပါသည်။ငွေတောင်ဆည်ကြီး၏ရေရှည်ကျန်းမာရေးတောင့်တင်းခိုင်မာမှု၊ ပတ်ဝန်းကျင်လှပမှုသည်ပြည်သူတစ်ရက်လုံးနှင့်ပတ်သက်၍အမျိုးသားတာဝန်တစ်ရပ်ဟုခံယူ၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။ ဆည်ကြီးသည်တောင်သူလယ်သမား၊ပတ်ဝန်းကျင်ကျေးရွာ၊ရပ်ကွက်နေပြည်သူများအားထားရသောမိခင်ဆည်ကြီးဖြစ်သည့်အပြင် ရပ်ဝေးရပ်နီးဧည့်သည်များဘုရားဖူးလာသူတိုင်းဆည်ကြီးကိုလေ့လာခဲ့ကြပြီးမှခရီးသွားကြသည်။ ထို့ပြင်ပတ်ဝန်းကျင်ရိုကျေးရွာရပ်ကွက်ပြည်သူများသည်ငွေတောင်ဆည်ရေကိုသောက်သုံးရေးအနေဖြင့်သုံးစွဲအသုံးပြုနေသောကြောင့် ရေရှည်ကျန်းမာရေးအတွက်နှင့်ဆည်ရေသောက်ဧရိယာပတ်ဝန်းကျင်ထိခိုက်မူကိုထောက်ရှူ၍သေချာစီစ်လေ့လာကွင်းဆင်း၍ဝေဖန်သုံးသပ်ပြီးလုပ်ငန်းကိုဆောင်ရွက်သင့်ပါကြောင်းအကြုံပြုချက်များကိုတင်ပြလိုသည်။ ၁။ဆည်၏ရေဝေရေလဲဧရိယာစပ်အထိ အဆောက်အဦးအနီးကပ်ဆောက်လုပ်ခြင်းကိုခွင့်ပြုလိုက်ခြင်းဖြင့် ဆည်ကန်ညစ်ပတ်ခြင်း၊ရေညစ်ညမ်းစေပြီး ဆည်တိမ်ကောခြင်း၊ရေကိုခမ်းစေခြင်း၊အဆိပ်အတောက်ဖြစ်စေခြင်းဖြင့် ရေနေသတ္တုများဆည်ပတ်ဝန်းကျင်ကိုများစွာထိခိုက်နိုင်သည်။ ၂။ဆည်ကန်ဘောင်ပြုလုပ်ရာတွင်ရေဝပ်ဧရိယာစပ်အတွင်းဖြစ်နေ၍ခံနိုင်မူအားနည်းချက်ရှိမည်။ ဆည်မြင်ကွင်းကျဉ်းလာသလို ဆည်မြေပြင်ဧရိယာမြင်ကွင်းလည်းပျောက်ကွယ်လာနေသည်ကို တွေ့ရသည်။ အနည်းဆုံးရေဝပ်ဧရိယာနှင့်ကန်ဘောင်ပတ်လမ်းသည်အနည်းဆုံးပေ (၁၀၀) ပေအကွာအဝေးရှိသင့်ကြောင်းအကြုံပြုလိုပါသည်။ ၃။မြွေလိမ်မြွေကောက်ကန်ဘောင်ပတ်လမ်းကိုမြင်တွေ့ရသူတိုင်းတစ်မျိုးကြီးဘဲဟုဝေဖန်သုံးသပ်ကြသည်။ဆည်ကန်၏ပတ်ဝန်းကျင်မြင်ကွင်းနှင့်လူကြီးမင်းတို့၏ဂုဏ်သိက္ခာညိုးနွမ်းစေပါကြောင်းအကြုံပြုလိုပါသည်။ ၄။မြေတိုင်းဌာနကညွန်ကြားသည့်အနက်နောက်ဆုံးသတ်မှတ်သည့်မှတ်တိုင်အတိုင်းဆောင်ရွက်သွားပါကကြည့်မောရှူဝပါလိမ့်မည်ဟုအကြုံပြုလိုပါသည်။အောင်မင်္ဂလာရပ်ကွက်သည်၁၉၉၂ခုနှစ်တွင်တိုင်းပြည်ပြောင်းလဲမှု အခြေအနေအရဒီးမော့ဆိုသို့ရောက်ရှိလာပါသည်။ ၅။ငွေတောင်ဆည်ဧရိယာသတ်မှတ်ရာတွင်တစ်နှစ်နှင့်တစ်နှစ်တူညီသောဖော်ပြမူမရှိသောကြောင်းပြည်သူများစိုးရိမ်မကင်းလျက် (၁၀၀၉-၂၀၁၀) ခုနှစ်အထွေထွေဦးစီးဌာန၊မြေစာရင်းဦးစီးဌာန၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်ပြည်သူများကွင်းဆင်းကာလမ်းပြမြေပုံအဖြစ်အနေအထားရအောင်မင်္ဂလာရပ်ကွက်တတိယလမ်းကိုဆွဲယူကာတတိယလမ်းအထိခွင့်ပြုချက်ပေးကာပုံစံ (၁၀၅)ကိုထုတ်ပေးပြုလုပ်ဆောင်ရွက်ပြီးခဲ့ကြောင်းရပ်ကွက်ပြည်သူတိုင်းသိရှိကြပါသည်။ ဆောင်ရွက်ပေးခဲ့သောလူကြီးမင်းများကလည်းတတိယလမ်းကျော်လွန်လာခဲ့လျှင်ဆည်ဧရိယာအဖြစ်သတ်မှတ်၍တာဝန်ယူမည်မဟုတ်ကြောင်းမှာကြားခဲ့ပြီးဖြစ်ပါသည်။ ၆။(၂၀၁၃-၂၀၁၄)ခုနှစ်တွင်မြေပုံအနေအထားအရမြို့မကျေးရွာအုပ်ချုပ်ရေးမှူနှင့်ရပ်မိရပ်ဖများကတတိယလမ်းကျော်လွန်ခဲ့လျှင်ဆည်ဧရိယာအဖြစ်သတ်မှတ်၍အစည်းအဝေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းမှတ်တမ်းများလည်းရှိခဲ့ဖူးပါသည်။ အထက်ပါအပိုဒ် (၆) ပိုဒ်အပေါ်သုံးသပ်၍အားနည်းချက်အားသာချက်များကိုလေ့လာထောက်ရှူ၍ကန်ဘောင်ပင်လမ်းကိုအကောင်းဆုံးအနေအထားတစ်ခုဖြစ်အောင်အကောင်းအထည်ဖော်သင့်ကြောင်းသုံးသပ်မိပါသည်။ ဒေသခံပြည်သူတွေ အသိတရားအားနည်းမူအပေါ် အခြေခံပြီး ခရိုနီ၊ခရိုပြာ၊ခရိုနက်တွေကအခွင့်ကောင်းယူကာဆည်ဧရိယာမြေပြင်ကိုမြို့မြေဟုပြောင်းလဲမူပြုနိုင်ရန်ကြိုးစားအားထုတ်လျက်ရှိနေပါသည်။ ဒါဟာတရားဥပဒေစိုးမိုးရေးအားနည်းနေကြောင်းကိုဖော်ပြခြင်း၏သက်သေသာဓကတစ်ခုဟုယူဆမိပါသည်။ ဒေသခံ ပြည်သူများလည်း ဒီအပေါ်သင်ခန်းစာအဖြစ်ယူသင့်ပါပြီ။ အုပ်ချုပ်ရေးနှင့်မြေယာစီမံခန်းခွဲမှုအားကောင်းလာစေရေးအတွက် ဌာနဆိုင်ရာတစ်ခုနဲ့တခု ချိတ်ဆက်မှုအားတိုးမြင့်ခြင်းနှင့် အပြန်အလှန် […]

ငြိမ်းချမ်းသာယာတဲ့ သာသနာ လုပ်ငန်းလုပ်ကိုင်ရာမှ တောင်သူအရေးအတွက် အသက်နဲ့ရင်းပြီး ရင်ဆိုင်ခဲ့သူကတော့ ကယား( ကရင်နီ) ပြည်နယ်မှ ပထဦးဆုံး တောင်သူအရေးလှုပ်ရှားသူ ခူးသဲရယ်ပဲ ဖြစ်ပါတယ်။ အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် (၃၈)နှစ်ရှိပြီဖြစ်တဲ့ ခူးသဲရယ်ဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှာ နေထိုင်ပြီး ကက်သလစ်ဘာသာမှ သာသနာလုပ်ငန်းကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ ထွန်တုံးတိုက်ပွဲကို လုပ်ဆောင်ဖို့ တောင်သူတွေကို အကြံပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ တောင်သူအရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နာတွေမှာ ခြိမ်းခြောက်ခံနေရတာတွေ ရှိတဲ့အတွက် သူ့အနေနဲ့ စိုးရိမ်စရာတွေ ဖြစ်နေတယ်လို့ […]

ဂျွန်ဖရီးကိုု ဖွံဖြိုးတိုုးတက်တဲ့ လူမှုအသိုုင်းအဝန်း တစ်ခုု တည်ဆောက်တဲ့နေရာမှာ အခြေခံကျတဲ့ အရာဟာ ပညာရေး ပဲဖြစ်ပါတယ်။ အာဏာရှင် ပညာရေး ဒါမှမဟုုတ် အလွတ်ကျက်ပညာရေး ကိုု ဆိုုလိုုနေတာတော့ မဟုုတ်ပါ။ မိမိတိုု့ရဲ့ အတွေးအခေါ်၊  အသိအမြင်၊ တီထွင်ဖန်တီးနုိုင်မှု စွမ်းရည် စတဲ့ အရာတွေကိုု ပိုုမိုုကောင်းမွန်လာအောင် သင်ယူ လေ့လာနိုုင်တဲ့ အရည်အသွေးပြည့် ပညာရေးကိုု ဆိုုလိုုခြင်းပါ။ ယခုုအချိန်မှာတော့ မြန်မာနိုုင်ငံအတွင်း နိုုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ တဖြည်းဖြည်း ရှိလာသလိုု ဆယ်စုုနှစ်များစွာ နောက်ကျကျန်နေခဲ့ ရတဲ့ ပညာရေးစနစ် ကိုလည်း အပြောင်းအလဲများနဲ့ စတင်ဖို့ ခြေလှမ်းပြင်နေကြပါပြီ။ Right to Education : ပညာသင်ယူဖို့အခွင့်အရေး မြန်မာနိုုင်ငံမှာ […]

သူဌေးတွေအတွက် ထမင်းဟင်းချက်တဲ့ မီးဖိုဆောင်ခန်းလောက် အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက် နေထိုင်နေကြပါတယ်။ သူတို့တွေကတော့ ပိုလီယိုရောဂါရှိလို့ လမ်းမလျှောက်နိုင်တဲ့ အသက်သုံးဆယ်အရွယ်အစ်ကိုရယ်၊ ဒုကိ္ခတဘဝနဲ့နေနေရတဲ့ အသက်ငါးဆယ့်ငါးနှစ်အရွယ်အမေတစ်ယောက်ရယ်နဲ့ ကလေးသုံးယောက်ရယ်ကို ဦးဆောင်စီမံရတဲ့သူကတော့ အသက်၂ရနှစ်အရွယ်ရှိတဲ့ ဒေါ်ဆိုင်ခေါင်လေးပါ။ ဘုရားစင်၊ အိပ်ယာခင်း၊ ထမင်းအိုးဟင်းအိုး၊ အဝတ်ထုတ်တွေနဲ့ပြည့်နေတဲ့ သုံးထပ်သားခင်း အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက်နေနေရတဲ့နေရာကတော့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နယ်မြေ-၆ တိလင်-၉ရပ်ကွက်ပါ။ ဒီရပ်ကွက်ဟာ စစ်ဘေးရှောင်ပြည်သူတချို့ အိမ်လာငှားနေကြတဲ့နေရာပဲဖြစ်ပါတယ်။ သူတို့တွေဟာ ဖေဖော်ဝါရီလတုန်းက စစ်ဖြစ်တဲ့ တော့ဆန်ရွာကနေ ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည်အဖြစ်နေခဲ့ပြီး မွေးစကလေးငယ်တစ်လပြည့်တော့ အထက်က ရပ်ကွက်ထဲမှာ အိမ်ငှားနေခဲ့ကြတာပါ။ ဒေါ်ဆိုင်ခေါင်လေးရဲ့အမျိုးသားကတော့ တော့ဆန်ရွာမှာ အလုပ်အဆင်မပြေလို့ ထိုင်းဘက်ကို အလုပ်သွားလုပ်လိုက်တာ ကိုးလလောက်ကြာသွားပြီလို့ သိရပါတယ်။ “ အစ်ကိုက […]

ဗီဒီယို ဇာတ်ကားတွေထဲမှာ ဆရာဝန်တွေ တပ်နေကျ ဖြစ်တဲ့နားကျပ် ကိုတပ်ပြီး၊ လက်ထဲက တကျွီကျွီ နဲ့ ဘဲဥပုံ ဘောလုံးလေးကို ညှစ်ကာ မအဲဂျလာ(ခေါ်) ပရဲ့မို တယောက် ကိုယ်ဝန်ဆောင်မိခင်တဦးကို သွေးပေါင်တိုင်းပေးနေပါတယ်။ တိုင်းနေရင်းနဲ့ပဲ “နောက်ဆုံး ဓမ္မတာလာတာ ဘယ်တုန်းကလဲ” လို့ သူက ကိုယ်ဝန်ဆောင်လူနာရဲ့ ဖြစ်စဉ်တွေကို မေးမြန်းလိုက်ပါတယ်။ ပြီးတော့မှ နွမ်းကြေနေတဲ့ ကပ်ထူစာအုပ်ထဲကို လူနာ မှတ်တမ်းအဖြစ်ချရေးနေပါတယ်။ မအဲဂျလာက ဆရာဝန်မဟုတ်ပါဘူး။ ရှားတောမြို့နယ်ထဲက ဒေါလယ်ခူ(ခေါ်) နန်းကျိုင်းလေး ကျေးရွာက အရံသားဖွားဆရာမတစ်ဦးပါ။ဒါပေမဲ့ မအဲဂျလာတို့ နေတဲ့ရွာထဲမှာတော့ ဆရာဝန်မရှိလို့ ဖျားနာတာတွေဖြစ်ရင် သူ့ဆီ ဦးဆုံးရောက်လာကြရတာပါ။ “ကိုယ်ဝန်သည်တွေ၊ ငှက်ဖျား၊ အပြင်းဖျားနာတာတွေမဟုတ်တဲ့ ကိုယ်ပူတာတွေ ကိုတော့ ကျမကြည့်ပေးနိုင်ပါတယ်။ […]

ဒီစကားက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ဥပဒေပြဌာန်းပြီးတဲ့နောက် လုပ်ငန်းရဲ့ အခွန်အခကောက်ယူပိုင်ခွင့်သာရှိတဲ့ လုပ်ပိုင်ခွင့်ကို ပညာရှင်တွေက ထောက်ပြ သရော်ထားတဲ့ စကားပါ။ ပြောစမတ်ပြုကြတဲ့ အချက်အချို့တွေထဲက သစ်တောကဏ္ဍမှာ ထင်းစိုက်ခင်းစိုက်ခွင့်၊ ငါးဖမ်းလုပ်ငန်းမှာ အသေးစားရေချိုငါးမွေးမြူရေးနဲ့ ကန့်သတ်ထားတဲ့ ပင်လယ်ပြင်ငါးဖမ်းခွင့်၊ ကမ်းရိုးတန်းဒေသတွေမှာ ဆားချက်ခွင့်နဲ့ ပွဲလမ်းသဘင်လုပ်ခွင့်တွေကို ဆိုင်ရာဆိုင်ရာဒေသအလိုက် စီမံခန့်ခွဲပြီးရလာတဲ့ အခွန်အခတွေကိုသာ ပြည်နယ်/တိုင်းအစိုးရအနေနဲ့ စီမံခွင့်ရတာကို ဆိုလိုချင်တာပါ။ ၂၀၀၈ ခြေ/ဥ အရ ပြည်ထောင်စုအဆင့်ရဲ့ စီမံခန့်ခွဲမှုနဲ့အတူ အကြီးစားလုပ်ငန်းတွေကနေရတဲ့ အခွန်အခ တွေကို ဗဟိုအစိုးရကသာ စီမံခန့်ခွဲပြီး ပြည်နယ်/တိုင်းဒေသကြီးရဲ့ ဘတ်ဂျတ်တင်သွင်းရေးဆွဲတဲ့ အပေါ်မှာ မူတည်ပြီး ပြန်လည်ခွဲဝေပေးရတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ဖြစ်တည်မှုကို ၎င်းနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်ရှိမှုနဲ့အတူ […]

#စိုင်းလင်းလင်းဦး အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)န့ဲ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ    အခြား  တိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် […]

စိုင်းလင်းလင်းဦးရေးသားသည်။ အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)နဲ့ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ အခြားတိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် အစိုးရအဖွဲ့မှာ ပါဝင်သွားတဲ့ […]