မူအက်စတာ ကယန်းရိုးရာစောင်တစ်ထည်ကို ယက်လုပ်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ဆောင်ရမှာက ဝါပင်ကထွက်ရှိတဲ့ ဝါဂွမ်းတွေကို ချည်ဖြစ်အောင် ငင်ရပါတယ်။ ချည်ငင်တဲ့နေရာမှာ ဗိုင်းကိုအသုံးပြုပါတယ်။ ဗိုင်းငင်ပြီး ချည်ချောင်းလေးတွေ ထွက်လာပြီဆိုရင် တော့ ချည်တွေကို အဖုံလိုက်စုထားရပါတယ်။ ရိုးရာစောင်တစ်ထည်မှာ ချည်ဖြူ ၄ ဖုံလိုအပ်ပါတယ်။ ချည်ဖြူ ၄ ဖုံနဲ့ အခြား အဖြူရောင်ကြားမှာထည့်ဖို့ အခြားအရောင်( အနီ၊ အစိမ်း၊ အပြာ၊ ပန်းရောင်..စသည်ဖြင့်) ထပ်ထည့်ရပါတယ်။ ရိုးရာစောင်တစ်ထည်ရဲ့အစိတ်အပိုင်းတွေအားလုံးမှာ အခက်ခဲဆုံးအပိုင်းကတော့ ချည်ငင်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချည်တွေကို ဗိုင်းနဲ့ငင်တဲ့နေရာမှာ ဝါဂွမ်းကိုလက်ချောင်းလေးတွေနဲ့ ကိုင်ပြီး မှန်းရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ လက်တစ်ဖက်က ဗိုင်းကိုငင်ပြီး အခြားတစ်ဖက်က ဝါဂွမ်းလေးကိုင်ရပါတယ်။ ဒီနေရာမှာ လက်ချောင်းလေးတွေက ဝါဂွမ်းကို […]

ဖဲဘူး ဇန်နဝါရီလ ဒုတိယအပတ်အချိန်က ကယားပြည်နယ်မှာ အကြီးဆုံးပွဲတော်ဖြစ်တဲ့ ကယားပြည်နေ့ ပွဲတော်ကို အလည်အပတ်သွားခဲ့ပါတယ်။ အထူးတလည် စိတ်ဝင်စားမိတာကတော့ သီးနှံတွေ အစီအရီ နဲ့ အလှဆင်ထားတဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေ လက်မှုလုပ်ငန်း နှင့် ရိုးရာ အထည်ထုတ်ကုန်တွေက ပြခန်းထဲမှာတော့ လာကြည့်တဲ့ ပရိတ်သတ်တွေ တိုးတိုးကြိတ်ကြိတ် နဲ့ပါပဲ။ စိုက်ပျိုးရေးဦးစီးဌာနမှာတော့ တောင်သူတွေရဲ့ တောင်ယာထွက် သီးနှံတွေဖြစ်တဲ့ ဘူးသီး၊ ဖရုံသီး၊ ကျောက်ဖရုံသီး ၊ မျောက်ဥ၊ စတဲ့ အသီးတွေကို ပြသထားပါတယ်။ ပြသတဲ့ သီးနှံတွေထဲမှာကတော့ တောင်သူတွေရဲ့ ခြံထွက်သီးနှံတွေကို ယှဉ်ပြိုင်ပွဲ တွေ ပြုလုပ်ပြီး လာရောက် ပြသကြတာဖြစ်ပါတယ်။ သာမန်တွေ့နေကြထက်ပိုပြီး ကြီးမားနေတဲ့ ဒီသီးနှံတွေက တော့ ပရိတ်သတ်ကို […]

စူးမယ် အိမ်မှုကိစ္စ၊ကလေးကိစ္စအပြင် တောင်ယာလုပ်ငန်းပါလုပ်ကိုင်နေရတဲ့ အိမ်ရှင်မ ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ် ကွက်မှာ နေထိုင်တဲ့ အသက် ၃ဝ အရွယ် ကလေးတစ်ယောက်အမေ ကယားတိုင်းရင်းသူ မော်ဘူးမြာ က တော့ အကြမ်းဖက်မှုမျိုးစုံတပြိုင်တည်း ခံစားနေရကြောင်းကို အင်းအားချည့်နဲ့တဲ့ အသံနဲ့ ပြန်ပြောပြနေပါ တယ်။ သူဟာ မနက် မိုးလင်းတာနဲ့ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်၊ အဝတ်လျှော်၊ ဈေးသွားကလေးထိန်း အလုပ်တွေကို တပြိုင်တည်းလုပ်နေရတဲ့အပြင် ရာသီအလိုက်လုပ်ရတဲ့ တောင်ယာလုပ်ငန်းတွေကိုလည်း မိသားစု စားဝတ်နေရေး အတွက် တစ်ယောက်ထဲ လုပ်ကိုင်နေရသူဖြစ်ပါတယ်။ သို့သော်လည်း သူရဲ့ အိမ်မှုကိစ္စ၊တောင်ယာလုပ်ငန်းလုပ်ကိုင်ခဲ့မှုတွေဟာ သူယောကျင်္ားအတွက်တော့ ဒါတွေကို အလုပ်တစ်ခုလို မမြင်ပါဘူးလို့ ဆိုပါတယ်။ “ဝင်ငွေရတဲ့ အလုပ်တစ်ခု မဟုတ်တဲ့အတွက် အမျိုးသားက […]

စူးမယ် တိတ်ဆိတ်နေတဲ့ ညလေးတကို ခဏလေး ဖြတ်ကျော်လိုက်ရသလိုခံစားမိပါတယ်။ လူတွေရဲ့စကားသံ၊ ငှက်ပြောပင် ပါးပါးလေးလှီးသံတွေ ထင်းခွဲသံတွေကြားရတော့ မနက်မိုးလင်းပြီလို့ထင်မိတယ်။ နာရီကိုကြည့်လိုက်တော့ မနက် ၂နာရီပဲရှိပါသေးတယ်။ ကလေးငယ်တွေကို အိမ် ဧည့်ခန်း အလယ် မီးဖိုထားတဲ့နေရာမှာ သိပ်ထားပြီး လူကြီးတွေက သူတို့ရဲ့ တစ်နေ့တာ လုပ်ငန်းတွေကို စတင်နေကြတာဖြစ်ပါတယ်။ ရှေ့ခေတ်က လူတွေရဲ့ တစ်နေ့တာ လုပ်ငန်းတွေနဲ့ ဘဝအကြောင်းကို ငယ်ငယ်က ကြားဖူးပေမယ့် ပုံပြင် တစ်ခုလိုပဲ အတိတ်မှာ ကျန်ခဲ့တယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်စပ် ( ကယားပြည်နယ် အနောက်တောင်) ဖက်မှာ ရှိနေတဲ့ သိုသီးဖို အုပ်စုက ဒိုးမူခေါရွာကိုရောက်တော့ ဘဝမှာ ကိုယ်တိုင်ကိုယ်ကျ […]

မူအက်စတာ “တက်…………..တက်………….တက်……..” ဆိုတဲ့ ကြေးကွင်းတွေကို သံချောင်းသေးသေးလေးတစ်ချောင်းနှင့် ဖျောက်လိုက် ၊ ကောက်လိုက် ထုနေတဲ့ အသံက ဖရူဆိုမြို့နယ် ထေခိုကျေးရွာရှိ ကယောမျိုးနွယ်စု အိမ်တအိမ်က ထွက်လာတဲ့ အသံဖြစ်ပါတယ်။ ကြေးချောင်းတွေကို အရစ်ဖော်လိုက်၊ ကောက်လိုက်၊ ကွင်းလိုက်နဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ အလုပ်ရှုပ်နေတဲ့သူက ထေခိုရွာက အဖွားဒေါ်မိုရေးအူပဲ ဖြစ်ပါတယ်။ အဖွား ဒေါ်မိုရေးအူဟာ ကယောလူမျိုးဖြစ်ပြီး ဆံပင်တွေဖြူ၊ သွားတွေ လေးငါးချောင်း၊ ပါးရည်တွေတွန့်တွဲနေပါပြီ။ အဖွားရဲ့ကတော့ အသက်(၇၀)ကျော် ရှိနေပေမယ့်လို့ ဘယ်အချိန်ဘဲမြင်မြင် ကြည့်ကောင်းနေဆဲပါဘဲ။ အဖွားဒေါ်မိုရေးအူဟာ သားသမီး၊ မြေး၊မြစ်တွေ ရှိနေပေမယ့်လည်း သူတို့တွေဟာ အချိန်တန် အရွယ်ရောက်လာတော့ အိုးအိမ်အသစ်တွေ ထူထောင်ပြီး အိုးသစ် အိမ်သစ်တွေနဲ့ […]

စူးမယ် ပေခီးကျေးရွာဆိုတာ ဖရူဆိုမြို့နယ်ရဲ့အနောက်တောင်ဖက် မိုင် ၈ဝ လောက်ဝေးတဲ့ သိုသီဖိုအုပ်စုထဲက ကျေးရွာလေး တစ်ရွာပါ။ အဲဒီရွာကိုသွားဖို့ ကားလမ်းမပေါက်သေးတဲ့အတွက် ခြေလျင်နဲ့သွားရပါတယ်။ ကျမတို့ ခြေလျင်နဲ့သွားနေကြပေမယ့် တောင်အောက်မှာရှိနေတဲ့ရွာရယ်၊ သစ်ပင်တွေ ဖုံးလွှမ်းထားတဲ့ အနေအထားတွေရယ်ကြောင့် ဘယ်နားမှာရွာရှိတယ်ဆိုတာ ချက်ချင်းရှာတွေ့နိုင်ဖို့က မလွယ်လှပါဘူး။ မတ်စောက်နေတဲ့တောင်အတိုင်းဆင်းသွားပြီး လမ်းခွဲလေးတွေတွေ့ရင် မှန်းပြီးလျှောက်ရပါတယ်။ မိနစ် ၃ဝ လောက်ဆင်းသွားပြီးတဲ့အချိန်မှာတော့ အရင်ဆုံးကြားလိုက်မိတာက ကလေးတွေရဲ့ စာဖတ်သံလေးတွေပါ။ နောက်ထပ်အချိန်နည်းနည်းလမ်းထပ်လျှောက်လိုက်တာနဲ့ အရင်ဦးဆုံးတွေ့ရတာက ဘုရားကျောင်းခြံဝင်းထဲမှာ ဆောက်ထားတဲ့ စာသင်ကျောင်းလေးပါ။ အဲဒီနောက်မှာတော့ အိမ်ကလေးတွေ။ ဆက်ပြီး ရွာထဲကိုဆင်းသွားချိန်မှာတော့ အိမ်တွေက တိတ်ဆိတ်နေပြီး လူတွေကိုသိပ်မတွေ့ရတဲ့အတွက် အထူးအဆန်းဖြစ်သလို ခံစားနေရပြန်ပါတယ်။ လူနေအိမ်ခြေ ၁၄ အိမ်သာရှိနေပြီး လူဦးရေ ၅ဝ ကျော်သာရှိနေတဲ့အဲဒီရွာမှာ […]

တောင်ကုန်း တောင်တန်းတွေနဲ့ ထူထပ်ပေါများလှတဲ့ ကယား(ကရင်နီ)ပြည်နယ်ဖွား ကယော(ပရဲ့)လူမျိုးစုတို့ရဲ့ နေထိုင်ရာဒေသကို ရုံးစိုက်ရာ ဒီးမော့ဆိုမြို့ကနေ ကန္တာရဝတီတိုင်း(မ်) ဝိုင်းတော်သားတွေနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။

မူအက်စတာ ကယားပြည်နယ်တွင်းရှိ တောင်သူအများစုမှာ ပြောင်းဖူးများကို စိုက်ပျိုးနေကြသူများဖြစ်ရာ ယခုကဲ့သို့ ဈေးကွက်မရှိသည့်အခြေအနေသည် တောင်သူများအတွက် ခက်ခဲသည့် ကာလတစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်များက ပြောင်းဖူးများစိုက်ပျိုးကြပြီး ပြောင်းဖူးဈေးကောင်းရကြသဖြင့် ယခုနှစ်တွင် လည်း ပြောင်းဖူးဈေးကောင်းလိမ့်မည်ဟု တောင်သူများက ယူဆခဲ့ကြပြီး ပြောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးကြရာတွင် ဈေးကွက်အခြေအနေ မတည်ငြိမ်ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ တောင်သူများမှာ နွေနှောင်း-မိုးဦးရာသီတွင် အကောင်းဆုံးဖြစ်မည်ဟု ယူဆကြသည့် ပြောင်းမျိုးစေ့များကို အလုအယက်ဝယ်ယူကြပြီး စိုက်ပျိုးခဲ့ကြသည်။ အချို့မှာ တစ်ကြိမ်စိုက်ပျိုးပြီး မိုးမရခြင်း၊ အပင်ပေါက်မကောင်းခြင်း စသည်တို့ကြောင့် နှစ်ခါပြန်စိုက်ပျိုးခဲ့ကြရသည်။ အချို့ တောင်သူများတွင်မူ စိုက်ပျိုးချင်ကြသော်လည်း အရင်းအနှီးမလုံလောက်၍ အတိုးများဖြင့် ချေးငွေများချေးယူကြပြီး ပြောင်းများ စိုက်ပျိုးခဲ့ကြရသည်။ သို့သော် ယခုကဲ့သို့ တစ်နိုင်ငံလုံး ပြောင်းဈေးများ […]

ထျိူးမြာ   ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်ကြတဲ့အတွက် ကရင်နီလူမျိုးတွေဟာ မိမိတို့ရဲ့ မိရိုးဖလာ ရိုးရာဖားစည်ကို အထွဋ်အမြတ်ထားကြပါတယ်။ တချိန်က ကယား(ကရင်နီ)ပြည်ငယ်လေးထဲမှာ ဖားစည်တွေမြောက်များစွာရှိခဲ့ပေမဲ့ ခေတ်တကွေ့ရဲ့ စီးပွားရေးအခြေအနေ အကြပ်အတည်းနဲ့ နှစ်ပေါင်းရှည်ကြာကြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တို့ရဲ့ အကျိုးဆက်တွေကြောင့် ဖားစည်တွေတဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြရပါတယ်။ ယခင်က ဖားစည်ကို ရပ်ထဲ၊ ရွာထဲမှာ လွယ်လွယ်ကူကူနဲ့မြင်တွေ့နိုင်ပါတယ်။ အခုချိန်မှာဖားစည်ကို အလွယ်တစ်ကူကြည့်ရှုချင်တယ်ဆိုရင်တော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ယဉ်ကျေးမှုပြခန်းမှာသာ သွားကြည့်ရတော့မှာပါ။ ယခုဆိုရင် ပြခန်းမှာ ဖားစည်အလုံးရည်ပေါင်း ဆယ့်ခြောက်လုံးလောက်ဘဲထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ပြတိုက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဦးစီးမှူး ဦးဆော်ရယ်က ပြောပါတယ်။ ဖားစည်ရဲ့ပုံသဏ္ဍာန်ကတော့ မျက်နှာပြင်ပေါ်မှာရှိတဲ့ အလှဆင်အကွက်တွေကိုတော့ ဝါးကိုပုံဖော်ပြီး ဖယောင်းတွေပေါ်မှာ ရိုက်နှိမ့်ထားတာဖြစ်ပါတယ်။ ဖားစည်းရဲ့မျက်နှာပြင်ပေါ်မှာဆိုရင် ဖားရုပ်၊ ငါးရုပ်၊ […]

ခူးကြူ းဖဲကေး ခေတ်ပေါ်တေးတစ်ပုဒ်လို ဒီမိုကရေစီ ဆိုတဲ့အရာကြီးဟာလဲ အုပ်ချုပ်သူလူတန်းစားဆီကနေ ထွက်ကျလာတာ မြင်မကောင်းကြားမကောင်းနိုင်အောင် ရှိတဲ့ ပြည်နယ်တစ်ခုပါ။ ဒီမိုကရေစီ ဆိုတဲ့အနှစ်သာရကို အတွင်းကျကျ နားလည်ရန် ရှားပါးနေသေးတဲ့ ပြည်နယ်တစ်ခုပါ။ ခွင့်လွတ်ခြင်းမရှိကြတဲ့ တရားတွေ၊မကျေချမ်းမူတွေ၊ အတ္တကြီးသူတွေကြား ကြားညှပ်ခဲ့ရတဲ့ ဒီမိုကရေစီ အစိုးရဆိုတာကလဲ အာဏာလား၊ လုပ်ပိုင်ခွင့်လား မကွဲကြသေးတဲ့ အုပ်ချုပ်ရေး ယန္တရားပြည်နယ်တစ်ခုပါ။ ဒေသခံ စစ်ဘုရင်များရဲ့ လွမ်းမိုးခွင့်အများဆုံး ပြည်နယ်တစ်ခုဖြစ်သလို လူအခွင့်အရေးဆိုတာကလဲ အိမ်မက်ထဲ ၊ ညအိပ်ဝင်မူကြားထဲ ပျောက်ဆုံးနေတဲ့ ကညားမော် နတ်သမီးလေးလို ဖြစ်နေရတဲ့ ပြည်နယ်တစ်ခုပါ။ ဒီကြားထဲ စစ်တပ်က စစ်ရေးလေ့ကျင့်ကွင်းလို ပြုလုပ်ခံထားရတဲ့ ပြည်နယ်တစ်ခုပါ။ အဲလို ပြည်နယ်တစ်ခုမှာ ဒီမိုကရေစီဆိုတာ အုပ်ချုပ်သူ ပါးစပ်က […]