စူးမယ် ကရင်နီပြည်နယ်ကို မြန်မာပြည်နဲ့ ပူးပေါင်းဖို့ မြန်မာပြည် ဖဆပလ အစိုးရဟာ နိုင်ငံရေးနည်းအရ စည်းရုံးခဲ့ကြပေမယ့် ကရင်နီခေါင်းဆောင်များက လက်မခံခဲ့ကြပါဘူး။ ဖဆပလ အစိုးရ စစ်တပ်တွေဟာ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီ       ဥက္ကဌ ဦးဘီတူရီ  နေထိုင်တဲ့ မြလဲရွာကို ၁၉၄၈ ဩရုတ်လ ၉ ရက် နံနက် ၂ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကရင်နီခေါင်းဆောင် ဦးဘီတူရီနဲ့ ရဲ့ဘော်တွေကနေ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်နက်၊ လူအင်အား မမျှ မှုကြောင့်    မြလဲရွာ ကနေ ဖရူဆိုမြို့အထိ ဆုတ်ခွာပေးခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ဦးဘီတူရီဟာ ကရင်နီအမျိုးသား တပ်မတော် တစ်ရပ်ကို ပြန်လည်ဖွဲ့စည်းထူထောင်နိုင်တဲ့အတွက်ကြောင့် […]

“လူထုတစ်ရပ်လုံး ပြည်တွင်းစစ်အောက်မှာ နှစ် ၇ဝ နီးပါးနေလာပြီး ဆင်းရဲနွမ်းပါးနေကြတယ်…..ဆိုတော့ တိုင်းပြည်ကို ဒီ့ထက်နည်းနည်းပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ” ကော်မိန်း ပြီးခဲ့သည့် ဇူလှိုင်လ ၁ရ – ၁၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒယ်ရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ကော်မိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့်အချက်များကို ဖော်ပြလိုက်ရပါသည်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပေးပါ။ ဖြေ ။ ။ ကျနော် တို့ထိပ်သီးခေါင်းဆောင်လေးယောက်သွားတယ်လေနော်။ နံပါတ် ၁ က ကချင်ဒုဥက္ကဌ ဦးအန်ဘလ ပါတယ်။ […]

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ဒေါ်ခွန်ဂျာနှင့် တွေ့ဆုံမေးမြန်းခြင်း။ ဦးမြာ လာမယ့် ဩဂုတ်လ အတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ လျာထားတဲ့၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တပ်မတော် ၊အစိုးရ နဲ့ ပြည်သူ တွေက ဘယ်လို ကဏ္ဍတွေ ကနေပါဝင်သင့်လဲ၊ ဘာတွေလုပ်ပေးသင့်လဲ၊ နိုင်ငံရေး ပြသနာတွေကို ဘယ်လို အဖြေရှာကြရမလဲ စတာတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားနေတဲ့ ကချင် ငြိမ်းချမ်းရေးကွန်ယက်က တာဝန်ခံ ဒေါ်ခွန်ဂျာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ မေး။ ။ ဒီပင်လုံညီလာခံက တိုင်းရင်းသားတွေအတွက် အပြောင်းအလဲ ဖြစ်လာနို်င်မယ်လို့ မျှော်လင့်ထားပါသလားရှင့်။ ဖြေ။ ။ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် […]