လူထုအသံ

လက်ရှိပညာရေးစနစ်တွင် ကြုံတွေ့နေရသည့် အခက်အခဲအခြေအနေများကို အမည်မဖော်လိုသည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းမှဆရာ/မများ၏ရင်ဖွင့်သံများ တင်ပြအပ်ပါသည်။ ထျိုးမြာ အထက်တန်းပြဆရာ/မများ ၁။ ပညာရေးအနေနဲ့ လစာနည်းနည်းပါးပါးတိုးပေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုက ထမင်းချက်ဖို့အချိန်ကမရှိတော့ဘူး။ ညအထိ အိမ်စာတွေ လုပ်နေရတဲ့ဘဝ အမတို့မှာ အဲ့လိုဖြစ်နေတယ်။ ၂။ လုပ်ရတဲ့အလုပ်နဲ့ ကိုက်ညီအောင်လစာတော့ တိုးပေစေချင်တယ်။ မိုးချုပ်အထိ အလုပ်လုပ်ရတာ။ ၃။ လစာပဲတိုးစေချင်တယ်။ အရမ်းမောနေတယ်လို့ ဒီမှာ သင်ခန်းစာလည်းး နှစ်ခု သုံးခုကိုင်နေရတယ်လေး။ ပြီးတော့ ကျောင်းတွေမှာပေါ့နော။ မေဂျာနဲ့ ကိုက်ညီနဲ့သူတွေကိုပဲ ပို့စေချင်တယ်။ မေဂျာနဲ့ မကိုက်ညီတော့ ဆရာ/မတွေက တအားပင်ပန်းတယ်။ တစ်ချို့ဆိုရင် မေဂျာက အင်္ဂလိပ်စာ သင်နေရတာက ဘောဂအဲ့လိုမျိုးလေး။ တစ်ချို့ကြတော့ မေဂျာကအင်္ဂလိပ်စာ […]

တယော ရွှေတံဆိပ်ဆုရှင်နှင့် တွေ့ဆုံခြင်း

ထျိုးမြာ ယခုနှစ် နေပြည်တော်မှာကျင်းပခဲ့တဲ့ ၂၂ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မောင်ကျော်သီဟနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ကောက်နုတ်တင်ပြထားပါတယ်။ မေး။ ။ မောင်းလေးက တယောကို ဘယ်အချိန်က စတီးခဲ့တာလဲ။ ဖြေ။ ။ ကျနော်တယောတီးတာကတော့ ခုနှစ်တန်း၊ ရှစ်တန်းလောက်ကတည်းက စတီးခဲ့ပါတယ်။ ကျနော်တို့ကို ကသလစ်ဘုရားကျောင်းတို့မှာ သင်ပေးတယ်။ နှစ်ခြင်းက ဆရာတွေလည်း သင်ပေးတယ်။ နောက်ပိုင်းကျရင် ကျင့်ရင်းနဲ့ပေါ့နော။ ဆရာတွေကိုတွေ့ရင်လည်း ဟိုနားမေး ဒီနားမေးရင်းနဲ့ ကျင့်ခဲ့ပါတယ်။ မေး။ ။ ဒီကျောင်းမှာ တယောပြိုင်ပွဲကို ဘယ်လိုစဝင်ပြိုင်ဖြစ်ခဲ့တာလဲ။ ဖြေ။ ။ ကယားပြည်နယ်အဆင့်ကျောင်းတွေမှာ ဝင်ပြိုင်ခိုင်းတော့ဝင်ဖြစ်သွားတာပေါ့နော။ အဲ့ဒီမှာပထမရခဲ့တယ်။ ပြီးတော့ ဗဟိုအဆင့်အထိ […]

လူထုအသံ

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ တင်ပြလိုသည့် အခက်အခဲများ ထေးငှားလျားရွာ မှ ဦးစိုးရယ် …………………………………. “ရွာမှာက အခု တစ်ခုရှိတာက ကေဘယ်ကြိုးမြှပ်တာပေါ့။ အဲဒါကို ကန့်ကွက်တဲ့သူ တစ်ချို့ရှိနေတယ်။ ပြီးတော့ တာဝါတိုင်ထောင်တာလည်း ကန့်ကွက်သူ တစ်ချို့ရှိတယ်။ ကျနော်တို့ တစ်ရွာလုံးရဲ့ သဘောထားကို ကောက်ယူတော့ ကေဘယ်ကြိုးက ထောက်ခံသူတွေပိုများပြီးတော့ ဆက်သွယ်ရေး တာဝါတိုင်ကိုကျတော့ ကန့်ကွက်တဲ့သူ ပိုများတယ်။ သူတို့ ကန့်ကွက်တာက သူတို့စက်နဲ့လုပ်တော့ စက်သံက ဆူညံလွန်းတယ် အဲဒီတစ်ချက်ကြောင့်ပါ။ ရှမ်းပြည်နယ်ကနေ လုပ်ပြီး ကျနော်တို့ရွာကို ဖြတ်ဆင်းတာပါ။ ကျနော်တို့ တစ်ခေါက် နှစ်ခေါက်လောက် ညှိပေးပြီးတော့ ဒီနေ့ သူတို့ အပြီး လုပ်နေတယ်။ ကေဘယ်ကြိုးက ထောက်ခံသူတွေများတော့ သူတို့အပြီးလုပ်လိုက်တာပါ […]

နိုင်ငံအဆင့်ပြိုင်ပွဲဝင် စကိတ်စီးတဲ့ စောရော်နယ်ကလိုမူးနှင့်တွေ့ဆုံခြင်း

စိုင်းလင်းလင်းဦး မြန်မာနိုင်ငံမှာ စကိတ်အားကစားနည်းတွေထဲက Aggressive Inline အကြမ်းစီးစကိတ် အမျိုးအစားမှာ ယခုနှစ် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ထူးချွန်အဆင့် (၅) ဝင်တဲ့ ကယားပြည်နယ်က စကိတ်စီးသူ စောရော်နယ်ကလိုမူးသူ့ရဲ့ စကိတ်အားကစားအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းနေသလဲဆိုတာ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားပါတယ်။ ကယားပြည်နယ်ဖွား စောရော်နယ်ကလိုမူးဟာ ၂၀၁၄ ခုနှစ်ကတည်းက စကိတ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအဆင့် ထူးချွန်အဆင့် ဆုတံဆိပ်များစွာ ရရှိထားသူလည်းဖြစ်ပါတယ်။ စကိတ်နဲ့ တွဲဖက်ကစားနည်းတစ်ခုဖြစ်တဲ့ တတိယအကြိမ်မြောက် အာဆီယံ Roll Ball ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိကျင်းပမယ့် ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် အားကစားသမား ၁၁ ဦးထဲမှာ […]

လိုဘာခိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံမေးမြန်းခြင်း

မူအက်စတာ နှစ်စဉ်နှစ်တိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းက ဘိန်ခင်းနေရာတွေကို ရဲတပ်ဖွဲ့ တွေကနေ သွားရောက် ဖျက်ဆီးလေ့ရှိပါတယ်။ ဒီးမော့မြို့နယ် လိုဘာခိုကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဘိန်းခင်းတွေကို အောက်တိုဘာ ၂၂ ရက်နေ့က ဒေသခံရဲတပ်ဖွဲ့တွေက သွားရောက်ဖျက်ဆီးခဲ့ပါတယ်။ လိုဘာခို အုပ်စုက ရွာသူရွာသားတွေ ၁၉၉၅ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုလာကြတာဖြစ်ပါတယ်။ အဓိက စိုက်ပျိုးရေးဖြစ်တဲ့ ဘိန်းခင်ဖျက်တာနဲ့ပါတ်သက်ပြီး အုပ်စုအုပ်ချုပ်ရေးမှူး ဦးဟင်နရီကို သူတို့ ဘာကြောင့် ဘိန်းစိုက်ပျိုးကြတယ်၊ ဘာတွေအခက်ခဲရှိလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းပြီး ကောက်နုတ်တင်ပြလိုက်ပါတယ်။ မေး။ ။ ဦးတို့ အခုလို နိုင်ငံတော်ကနေပြီးတော့ ဦးတို့စိုက်ပျိုးထားတဲ့ ဘိန်းတွေကို လာရောက်ဖျက်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။ ဖြေ။ ။ အစကတည်းကလည်း ဘိန်းနဲ့ပတ်သက်ရင်တော့ […]

“တောင်သူအကျိုးစီးပွားမြင့်တင်ဖို့ဆိုတာ ခိုင်မာတဲ့ဈေးကွက်ကို ရှာပေးရမယ်”

စိုင်းလင်းလင်းဦး   လက်ရှိကာလ၌ ပြောင်းစိုက်တောင်သူများနှင့် အခြားစိုက်ပျိုးသီးနှံစိုက်ပျိုးသည့်တောင်သူများ ၎င်းတို့ သီးနှံများ ထုတ်ရောင်းချရာတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် အခြေအနေအား နိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဌ ဦးမင်းခိုင်နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားသည်။ မေ။ ။လက်ရှိမြန်မာနိုင်ငံအပါအဝင်နဲ့ ကယားပြည်နယ်မှာ ပြောင်းထွက်ရာသီမှာ ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ကြုံနေကြရတယ်။ အဓိကပြဿနာက ဘာကြောင့်လဲပေါ့။ ဖြေ။ ။အဓိက ပြောင်းဈေးမတည်ငြိမ်မှုဆိုတာက အဓိကအချက်ကို ပြောရမယ်ဆိုရင် ထွက်လာတဲ့ပြောင်းကို ရောင်းရမယ့် ခိုင်မာတဲ့ ဈေးကွက်မရှိတာပါ။ အဲ့လိုဈေးကွက်ခိုင်မာမှုမရှိတဲ့အခါ ကြုံသလိုဈေးကွက်မှာ ကြုံသလိုရောင်းရတယ်ပေါ့။ ရောင်းတဲ့အခါမှာ ကုန်သည်ပွဲစားတွေရဲ့ ဈေးကစားမှုရဲ့ဒဏ်ပေါ့။ တစ်ဖက်ကလည်း မြန်မာပြည်ရဲ့ ပြည်တွင်းသုံး ပိုလျှံတဲ့ပြောင်းတွေကို Export လုပ်တဲ့အခါကျတော့ အဓိက တရုတ်နိုင်ငံကို ပို့ရတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ပြောင်း ပြန်ဝယ်တဲ့သူတွေရဲ့ […]

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) – ဗိုလ်ချုပ်ဂွမ်မော် နှင့် တွေ့ဆုံမေးမြန်းခြင်း

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၂၁ ပင်လုံညီလာခံ တက်ရောက်ခဲ့တဲ့  ဗိုလ်ချုပ်ဂွမ်မော် နှင့် တွေ့ဆုံမေး မြန်းခဲ့တာကိုု ဖော်ပြလိုုက်ပါတယ်။ မေး။ ။ အခု ကချင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။ ၂၁ ပင်လုံညီလာခံလည်း ဗိုလ်ချုပ်တို့က တက်ရောက်နိုင်ခဲ့တယ်ဆိုတော့ ဒီအပေါ်မှာ ဗိုလ်ချုပ်တို့ရဲ့ သဘောထားကိုသိချင်ပါတယ်။ ဖြေ။ ။ ကျနော်တို့က တိုက်ပွဲမရှိဘဲ ဆွေးနွေးပွဲကိုတက်ချင်တာပေါ့။ ဒါပေမယ့် အခုကမတတ်နိုင်လို့ တိုက်ပွဲတွေရှိနေသော်လည်း ဆွေးနွေးပွဲကိုလာနေတာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံပြီးလို့ရှိရင် ဒီကိစ္စကို ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားဖို့ရှိတယ်။ မေး။ ။ NCA ကိုကော ထိုးဖို့မထိုးဖို့ ဘယ်လိုအခြေအနေရှိပါသလဲ။ ဖြေ။ ။ NCA ကတော့ ကျနော်တို့ဆွေးနွေးပြီးမှပဲ သိရမှာပါ။ မေး ။ ။ ငြိမ်းချမ်းရေးရဖို့ ဗိုလ်ချုပ်တို့ရဲ့ […]

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်တွေ့ဆုံခြင်း

  မေး။ ။ ဝန်ကြီးချူပ် အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံကို လာတက်ရခြင်း အားဖြင့် ကယားပြည်နယ်အတွက် ဘာတွေမျှော်လင့်ချက်တွေရှိလာနိုင်မယ်လို့ ထင်လဲ။ ဖြေ။ ။ ကျနော့်ရဲ့မျှော်လင့်ချက်ပဲ ကျနော်ပြောရမယ်ဆိုရင်တော့ ကျနော်ကတော့ ငြိမ်းချမ်းရေးမရခဲ့လို့ ကျနော်တို့ပြည်နယ်က နောက်ကျခဲ့တာလေ။ ငြိမ်းချမ်းရေးရအောင်ဖော်ရမယ့်အခွင့်အလမ်းတစ်ခုကို ကျနော်တို့ရနေပြီ။ ပင်လုံစာချူပ် ပင်လုံကျောက်စာ ကျနော်တို့လွတ်လွတ်လပ်လပ်ရခဲ့ပြီ။ ၂၁ ရာစုပင်လုံကြောင့်လည်း ဒါကျနော်တို့ငြိမ်းချမ်းရေးကို၊ ကျနော်တို့ ပထမခြေလမ်းကိုစနိုင်ပြီ ဒီလိုအခွင့်အရေးကို ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ရယူစေချင်ပါတယ်။ ကျနော်တို့ပြည်နယ်ရဲ့ကိုယ်စားပေါ့။ ကျနော်ကတော့ ဒီလိုမျိူးပဲခံယူထားတယ်။ ပြည်နယ်ကလူတွေလည်း အဲ့လိုမျိူးပဲခံယူမယ်လို့ကျနော်ယုံကြည်တယ်။ မေး။ ။ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ပေါ့နော လုပ်ပိုင်ခွင့်တွေ၊ အာဏာခွဲဝေမှုတွေပိုင်းမှာရော၊ အခုတိုင်းရင်းသားအဖွဲ့တွေတောင်းဆိုနေတဲ့ ဖက်ဒရယ်ပေါ့နော။ ဒါဆိုရင် အခုလက်ရှိဝန်ကြီးချုပ်တို့ လုပ်နေတဲ့လုပ်ငန်းစဉ်အပေါ်မှာကော […]

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) ဒုတိယဥက္ကဌ နိုင်ဟံသာ နှင့် တွေ့ဆုံမေးမြန်း ခြင်း

ထျိူ းမြာ ”စိုးရသစ်ရဲ့အနေအထားက အမှန်တော့ သူတို့လည်း တပ်ကို အမိန့်မပေးနို်င်ဘူး။ သူတို့လည်း တပ်ကို မလွှမ်းမိုးနိုင်သေးတော့ အချိန်ယူပြီးတော့ တဖြည်းဖြည်းချင်း လုပ်ဆောင်နေရတဲ့ပုံစံမျိူးလို့ မြင်တယ်’’ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စုညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော် ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ-၂တွင် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းအထိ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် စုစုပေါင်း ၁၈ […]

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ကရင်နီတပ်မတော် မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြနှင့် တွေ့ဆုုံမေးမြန်းခြင်း။

ထျိူ းမြာ မေး။ ။ ဒီပင်လုံညီလာခံပြီးလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ဘယ်လိုအပြောင်းအလဲဖြစ်လာနိုင်တယ်လို့ထင်လဲ။ ဖြေ။ ။ ပြောင်းလဲမလား မပြောင်လဲဘူးလားဆိုတာကိုတော့ မသိဘူးပေါ့နော။ ဒါပေမဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် အများကြီးလုပ်ရအုံးမယ်။ ပြောင်းလဲသွားနိုင်ဖို့အရေးအစလမ်းဖော်ပေးတာပေါ့။ နောက်ဘာဖြစ်လာမလဲဆိုတာကတော့ နောက်တစ်ပိုင်းပေါ့။ အခုဟာက ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်တိုက်ဆက်တိုက်ဖြစ်နိုင်ဖို့ လမ်းဖွင့်ပေးတာပဲ။ မေး။ ။ ဆရာတို့ တိုင်းရင်းသားလက်နက်ကိုုင် အဖွဲ့တွေအနေနဲ့ ရှေ့ဆက်ဘာဆက်လုပ်ဖို့ရှိလဲ။ ဖြေ။ ။ ကျနော်တို့ကတော့ အဓိကက ပြည်သူတွေပဲလိုပါတယ်။ ပြည်သူတွေ သဘောတူရင်လုပ်မယ်။ ပြည်သူတွေသဘောမတူတာဆိုရင်တော့မလုပ်ဘူးပေါ့။ မေး။ ။ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပတ်သက်ပြီးတော့ကော ဆရာအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။ ဖြေ။ ။ အခုလောလောဆယ်တော့ ရာခိုင်နှုန်းအပြည့်တော့ အမမျှော်လင့်နိုင်တော့ဘူး။ အထူးသဖြင့်တပ်မတော်တွေကို သိပ်အယုံအကြည်မရှိဘူး။ […]