ဦးဖောရယ် ဒိုးလာစောကျေးရွာ အလယ်တန်းကျောင်းအုပ် “လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ပညာရေးကို သွားပြီးသက်ရောက်မှုတွေ ရှိပါတယ်။ အရင်တုန်းက မြေပြိုလမ်းပိတ်တော့ ဆရာမတချို့ အိမ်ကနေလာရင် ကားမရှိဘူးပေါ့။ ခြေကျင်လည်း မလျှောက်နိုင်တော့ သင်ကြားရေး အချိန်မမီတော့တာတွေလည်း ရှိတယ်ပေါ့။ အဲ့ဒီလိုမျိုးတွေ ကြုံရတယ်။ သင်ခန်းစာနောက်ကျတယ်ပေါ့။” အပြည့်အစုံကို ဗွီဒီယိုမှာကြည့်နိုင်ပါတယ်။ https://www.youtube.com/watch?v=1d_dRFy20GY&feature=youtu.be

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ရှိ ကျေးရွာတွေက ဒေသခံတွေ အဓိက မှီခိုအားထားနေရတဲ့ အွမ်းလောင်းချောင်းကို ပြန်လည်ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ယနေ့အချိန်အထိ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပါတယ်။   သဘာဝမြစ်ချောင်းတွေ ရေရှည်တည်တံ့ပြီး ဒေသခံတွေကိုယ်တိုင် စနစ်တကျ ထိန်းသိမ်းတတ်စေဖို့ ရည်ရွယ်ပြီး ကယားနှစ်ခြင်းအသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန အဲ့ဒီဒေသမှာရှိတဲ့ အွမ်းလောင်းချောင်းထိန်းသိမ်းရေး အစီအစဉ်ကို ပံ့ပိုးကူညီထားပါတယ်။   https://www.youtube.com/watch?v=xUmVelW7vh0

လွိုင်ကော်-ရှားတောလမ်းဘေးရှိ ရေချောင်းအတွင်းမှာ ကားတာယာနဲ့ ပလပ်စတစ်ပုံးတွေကို လောင်စာအဖြစ် အသုံးပြုပြီး မီးရှို့ထားတဲ့လဏ္ခာတွေနဲ့ အတူ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီဒီယိုမှာကြည့်ရှူနိုင်ပါတယ်။ https://www.youtube.com/watch?v=-sWveGCngMQ&feature=youtu.be

လက်ရှိမှာတော့ ပြည်နယ်ဖွံ့ဖြိုးရေးအဖြစ် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ခရီးသွားလုပ်ငန်း လုပ်ဆောင်ရာမှာ ပြည်နယ်အတွင်း ကန့်သတ်နယ်မြေတွေဖြစ်တဲ့ ဘောလခဲ၊ မယ်စဲ့၊ ဖားဆောင်မြို့တွေဆီ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပေမဲ့ ရှားတောမြို့နယ်နဲ့ ရွာသစ်မြို့နယ်ကတော့ ယနေ့အချိန်ထိ ကန့်သတ်နယ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ https://www.youtube.com/watch?v=ido8x2AKYsg

ဒေါ်ဦးမြာဟာ သားတစ်ယောက်၊ သမီးနှစ်ယောက်နဲ့ နောက်ထပ်ရတနာလေးကို ၆ လ ကိုယ်ဝန်လွယ်ထားသူတစ်ဦးပါ။ သားအကြီးမှာ အသက် ၂ဝ ခန့်ရှိပြီဖြစ်ပြီး ဖားဆောင်းမြို့နယ်ထဲမှာ ဘက်ဟိုးမောင်းတဲ့အလုပ်ကို သွားရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သမီးအလတ်မှာတော့ ၁၈ နှစ်ခန့်ရှိပြီဖြစ်ပြီး ကျန်းမာရေးချို့တဲ့မှုကြောင့် ပညာရေးကို တစ်ပိုင်းတစ်စနဲ့ နားခဲ့ရပါတယ်။ အသက် ၁၁ နှစ်ရှိ သမီးငယ်ကတော့ ပဉ္စမတန်းမှာ ပညာဆည်းပူးနေတာ ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဟာ သာမာန်မိသားစု တစ်စုဖြစ်ပြီး တောင်ယာ၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ https://www.youtube.com/watch?v=SrziBGwsLow&feature=youtu.be

ဘတ်ဂျက်သိန်းပေါင်း ၆၀ဝ ကျော် ကုန်ကျခံပြီး ပြုလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို အာဇာနည်နေ့မတိုင်ခင် အပြီးပြုလုပ်မယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကယားပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားမယ့်နေရာကို အာဇာနည်ကျောက်တိုင် နဲ့ ‘အ’သုံးလုံး ပန်းခြံမှာ ထားရှိဖို့ လျာထားပါတယ်။ အစည်းအဝေးတက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေရဲ့ သဘောထားတွေအရ ‘အ’သုံးလုံးနေရာကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ https://www.youtube.com/watch?v=O-SQjTsafY8&feature=youtu.be

တောင်သူတွေဆီက သိမ်းဆည်းထားတဲ့ မြေယာတွေကို ပြန်ပေးဖို့နဲ့ အာမခံချက်ရှိတဲ့ ဈေးကွက်ဖော်ဆောင်ပေးဖို့အတွက် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂက အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကရင်နီတောင်သူလယ်သမား သမဂ္ဂညီလာခံက အခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး အခြားအကြံပြုချက် ၁ဝ ချက်ကိုလည်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ https://www.youtube.com/watch?v=4rh5wYFAZDw&feature=youtu.be

နန်းမယ်ခုံ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းက အဓိက ဆန်စပါး စိုက်ပျိုးကြတဲ့အတွက် သူတို့တွေ စိုက်ပျိုးထားတဲ့ စပါးတွေ ရောင်းချဖို့ ဈေးကွက်မရှိတာက အခက်အခဲတစ်ခု ဖြစ်နေတယ်ဆိုတာကို တင်ပြထားပါတယ်။ https://www.youtube.com/watch?v=IDLL-QEleeE&feature=youtu.be  

ကယားလူမျိုးတို့ရဲ့ အဖိုးတန်စကားတွေ၊ ဆိုရိုးစကားတွေ၊ ရှေးဟောင်းဂန္တာဝင်တေးကဗျာတွေနဲ့ သမိုင်းမှတ်တမ်းတွေ စုစည်းတင်ပြထားတဲ့ ပထမဆုံး ကယား( ကရင်နီ) လူမျိုးတို့ရဲ့ စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါပြီ။   https://www.youtube.com/watch?v=pDc10Wq7wg8&feature=youtu.be

ကယား( ကရင်နီ) ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ငြိမ်းချမ်းရေး ပြသနာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ https://www.youtube.com/watch?v=WWa0bdK1z28&feature=youtu.be