အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း) အခုတစ်ပတ်မှာတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ကရင်နီသမိုင်းမှန်ဖော်ထုတ်သည့် လူထုလှုပ်ရှားရေးနေ့အဖြစ် သတ်မှတ်လိုက်တဲ့ အကြောင်း၊ ကယားပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ယခင်အစိုးရထက် ပိုမိုဆိုးဝါးလာတယ်လို့ အမျိုးသမီးအဖွဲ့ ပြောဆိုလိုက်တဲ့သတင်းနှင့် ပြည်နယ်တွင်းက အမျိုးသမီးတွေ ခံစားစာချက်တွေကို ရေးသားထားတဲ့ “ကျေးလက်နေ အမျိုးသမီးများရဲ့ တိုးတိတ်ရှိုက်သံများ” ဆောင်းပါးအပြင် “Khi batha na ho” ဆိုတဲ့ ကယန်းသီချင်း၊ ‘ခေါင်းကြီးကြီး နှာခေါင်းချွန်ချွန်နဲ့လူ’ ဆိုတဲ့ ပုံပြင်လေးတွေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ပေးကြပါဦး။

ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုချောမွေ့စေဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေးဆိုတဲ့ မိမိတို့ယုံကြည်ရာပန်းတိုင်ကို ဆက်လက် လျှောက်လှမ်းနေပါတယ်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းထူထောင်ခြင်း ၅ နှစ်ပြည့်မှာ တရားစွဲဆိုခံရတဲ့ တောင်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်သူအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ကရင်နီသမိုင်းမှန်ဖော်ထုတ်သည့် လူထုလှုပ်ရှားရေးနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ကရင်နီသမိုင်းမှန်ဖော်ထုတ်သည့် လူထုလှုပ်ရှားမှု တစ်နှစ်ပြည့်အခမ်းအနားမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

လွိုင်ကော်လေဆိပ်ပြုပြင်မှု ဆောင်ရွက်မှာဖြစ်တဲ့အတွက် လွိုင်ကော် – ရန်ကုန် လေကြောင်းလိုင်းကို ၃ ရက်ကြာ ပိတ်သွားမယ်လို့ သိရပါတယ်။

တောင်သူအရေးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစုံတရာ အကျိုးသက်ရောက်မှုရှိလာနိုင်

(အဂါၤနေ့ ည ၇ နာရီတိုင်း)အခုတစ်ပတ်မှာတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ကရင်နီသမိုင်းမှန်ဖော်ထုတ်သည့် လူထုလှုပ်ရှားရေးနေ့အဖြစ် သတ်မှတ်လိုက်တဲ့ အကြောင်း၊ ကယားပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ယခင်အစိုးရထက် ပိုမိုဆိုးဝါးလာတယ်လို့ အမျိုးသမီးအဖွဲ့ ပြောဆိုလိုက်တဲ့သတင်းနှင့် ပြည်နယ်တွင်းက အမျိုးသမီးတွေ ခံစားစာချက်တွေကို ရေးသားထားတဲ့ “ကျေးလက်နေ အမျိုးသမီးများရဲ့ တိုးတိတ်ရှိုက်သံများ” ဆောင်းပါးအပြင်“အသီးလည်းစား လေသံလည်းနားထောင်” လို့ အဓိပ္ပာယ်ရတဲ့ ကယောသီချင်းလေးနဲ့ မူးယစ်ဆေးဝါးအကြောင်းတို့ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

မော်ချီးဒေသမှာ မြေပြိုမှုတွေ ထပ်မံ ဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်တင်ဆက်ပေးမယ့် ခေါင်းစဉ်တွေကတော့တရုတ်နိုင်ငံသားနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခာဏာရှိမရှိ ၁၄ရက်ကြာ စောင့်ကြည့်နေတယ်ဆိုတဲ့ အကြောင်း၊လက်ရှိ ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တောင်သူတွေရဲ့ အရေးကိစ္စက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌက ပြောဆိုလိုက်တဲ့ အကြောင်း၊မော်ချီးဒေသတွင် မြေပြိုမှုတွေထပ်မံဖြစ်ပွားလာနိုင်သဖြင့် ဒေသခံတွေစိုးရိမ်နေတဲ့ အကြောင်း၊ကယားရိုးရာ ပုံပြင်ဖြစ်တဲ့ နားထူသော မြွေကလေး အကြောင်းအပြင် အပတ်စဉ် သီချင်းလက်ဆောင်အစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။