“ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပါတ်သက်ပြီး လွှတ်တော်မှာ အစိုးရကိုမေးမြန်ဖို့ လုပ်ထားပေမဲ့လည်း မအောင်မြင်ဘူးပေါ့နော။ကျနော်တယောက်ထဲဖြစ်တဲ့အခါကျတော့ လုပ်ချင်သလို လုပ်လို့မရတဲ့ အပိုင်းလည်းဖြစ်နေတယ်။” “လွှတ်တော်ဖက်ကလည်း အစိုးရကိုပြန်လည် ထိန်းကျောင်းမလားဆိုတဲံ တာမျိုးလုပ်မလားဆိုတော့လည်းခုထိမလှုပ်ဘူး။ ဆိုတော့ ဆိတ်ဆိတ်နေရင် သဘောတူတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်သွားတယ်ပေါ့နော။” ဦးသဲရယ်ဟာ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသားပါတီ ဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကဖြစ်ပါတယ်။ လွှတ်တော်တွင်းက တဦးထဲသော တိုင်းရင်းသားပါတီ ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ လက်ရှိ ဗိုလ်ချုပ်ကြေးရုပ် တည်ထားမှုအပေါ်ဖြစ်ပေါ်နေတဲ့ ကန့်ကွက်သူ ကရင်နီလူငယ်အင်အားစု၊ ထောက်ခံသူ အင်အားစုနဲ့ အစိုးရမင်းတွေအကြား ပြသနာအပေါ် သူရဲ့ထင်မြင်ချက်ကိုမေးမြန်းထားပါတယ်။

ဘုိုးဘွားစဉ်ဆက် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းတစ်ခုုတည်းကိုု အဓိကထား လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ဖရူဆိုမြို့နယ်ထဲက ပလဲလယ်ကျေးရွာသူရွာသားတွေရဲ့ ဘဝအကြောင်းကိုုလည်း တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်မှ လူထုများနေထိုင်သည့် ကျေးရွာများအတွင်း စစ်တပ်စခန်းလေးခုကို ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလအတွင်းနှင့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ နှစ်လအတွင်း ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်နှင့် ဖားဆောင်းမြို့နယ်ထဲတို့တွင် စစ်တပ်စခန်းအသစ် တည်ဆောက်သွားခဲ့သည့်အပေါ် ဒေသခံလူထုများက စိုးရိမ်နေကြသည်။ ဒီးမော့ဆိုမြို့နယ် ဒေါ်ဖုကျေးရွာအနီးတွင် လာရောက်စခန်းချခဲ့သည့်အပေါ် ၎င်းအုပ်စုအတွင်းရှိ ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိုးရိမ် စိတ်များကို ကန္တာရဝတီတိုင်း(မ်)မှ သွားရောက်မေးမြန်းထားသည်များကို ကောက်နုတ်တင်ပြလိုက် ရပါသည်။

ကျွန်တော်ရဲ့ စိတ်ကူးကဒီလိုမြို့လေးမှာ ကျွန်တော်ကအရမ်းနေချင်တယ်။ နောက်ပြီးတောင်ကုန်းတောင်တန်းတွေ သဘာဝရှုခင်းအလှပတွေ ကြည့်လိုက်မယ်ဆိုရင် တကယ့်ကိုစွဲဆောင်မှုအပြည့်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ မြို့တစ်ခုလည်းဖြစ်တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ ဒီအခွေမှာဒီကယားပြည်နယ်ကိုလာပြီးတော့ ရိုက်ခွင့်ရှိတဲ့အပေါ်မှာလည်းအရမ်းလည်းဂုဏ်ယူတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းကျေနပ်အားရမိတယ်ပေါ့နော။

အဲ့ဒီတွေ့ဆုံပွဲမှာတော့ မဏိ္ဏုင်သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးက အကြီးအကဲတွေကပဲ တင်ပြခဲ့ကြပါတယ်။ သူတို့နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုသာ တင်ပြသွားခဲ့ပြီး ပြည်နယ်အတွင်း တကယ်လိုအပ်နေတာတွေကို မတင်ပြခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုကြပါတယ်။

ယခင်အစိုးရလက်ထက်တွေမှာလည်း ရွာရဲ့တောင်ဘက်ပိုင်း ဖယ်ခုံအင်းဘေးရှိ တောင်ယာမြေနေရာတွေကို အမှတ်အသား တိုုင်စိုက်ထူဖို့အတွက် စည်းရုံးရေးဆင်းတဲ့အခါ မြေနေရာကို တောင်သူတွေ လုပ်ကိုင်စားသောက်နိုင်ခွင့်ရှိပြီး အခွန်အခ ပေးစရာမလိုုဘူးလိုု့ ပြောဆိုတာကြောင့် လက်မှတ်ထိုးခဲ့ရာမှ တပ်သိမ်းမြေအဖြစ် သတ်မှတ်လိုက်တယ်လို့ ရွာသားတွေကနေ သိရပါတယ်။ ခမရ ၄၂၂ က တပ်ပိုင်အမှတ်အသားတွေ စိုက်ထူမယ့်ဧရိယာထဲမှာ သစ်ယာထင်းရှူးကုန်း တောင်သူတွေပိုင်ဆိုင်တဲ့ တောင်ယာခင်း ၄၅ဝ ဧက ပါဝင်တယ်လို့ သိရပါတယ်။

နယ်စပ်ဂိတ်တရားဝင်ဖွင့်လှစ်သွားမယ်ဆိုရင် နှစ်နိုင်ငံ ချစ်ကြည်ရေး ဈေးအနေနဲ့ တစ်လကို နှစ်ကြိမ်ဖွင့်လှစ်မှာဖြစ်ပြီး တစ်လှည့်စီ ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲရေးဆိုင်ရာဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ၊ ဌာနေတိုင်းရင်းသားပါတီတွေ၊ တောင်သူတွေ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ။

အခု အစိုးရနဲ့အပစ်ခတ်ရပ်စဲရေး ယူထားတဲ့ကာလအတွင်းမှာ တိုက်ပွဲတွေမရှိတော့တဲ့အတွက် သေနတ်တွေကို အရင်လို တစ်ရက်တစ်ခါ မတိုက်ရတော့ဘဲ တစ်ပတ်တစ်ခါလောက်ပဲ တိုက်ချွတ်ကြရတယ်လို့ သေနတ်ကို အဝတ်စနဲ့သုတ်ရင်း ပြောပြပါတယ်။ သူဟာ အရင်က မြန်မာ့တပ်မတော်မှာလည်း စစ်မှုထမ်းခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။ အခုတော့ ကရင်နီတပ်မတော်မှာ ထမ်းဆောင်နေပါတယ်။ စစ်တိုက်တယ်ဆိုတာ နိုင်ငံနဲ့လူမျိုးကို ကာကွယ်ရတဲ့ စစ်သားတစ်ယောက်ရဲ့ တာဝန်ဆိုပေမဲ့ အခုချိန်မှာတော့ စစ်ပွဲဆိုတာကို မလိုလားတော့ဘူးလို့ ပြောပါတယ်။