အရင်က ကျောက်ချောလမ်းမရှိသေးတဲ့အတွက် ရွာသူရွာသားတွေအနေနဲ့ အခက်အခဲများစွာ ရှိခဲ့ပြီး မိုးရာသီကာလမှာ ကား၊ ဆိုင်ကယ် စီးမောင်းနိုင်ခြင်းမရှိဘဲ ခြေလျင်သာ လျှောက်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ရွာရဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေကို သက်ဆိုင်တဲ့ဌာနဆိုင်ရာကို တင်ပြတောင်းခံရာမှာလည်း ဘတ်ဂျတ်အခြေအနေအရ ပြုပြင်ဆောက်လုပ်ပေးနိုင်ခြင်း မရှိခဲ့ဘဲ ၂ နှစ်ကြာတဲ့အခါမှ ဂျပန်နိုင်ငံအစိုးရရဲ့ အသေးစားစီမံကိန်း ထောက်ပံ့ရေးအစီအစဉ်နဲ့ ပြုပြင်ဆောက်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ဓာတ်ပုံဇာတ်လမ်းတွေမှာ လူ့အခွင့်အရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ကလေးလုပ်သား စတဲ့ ကွဲပြားတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ အဲဒီအကြောင်းအရာတွေကို လူအတော်များများက မပြောဆိုကြတဲ့အတွက် ဓာတ်ပုံဇာတ်လမ်းတွေကနေတဆင့် သတင်းထောက်တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေက ဒေသတွင်းမှာ ပြန်လည်ပြောဆို မျှဝေကြမှာကို မျှော်လင့်တယ်လို့ ပြောပါတယ်။

လာမယ့် ၂၀၁၉ မတ်လကျရင် မြေလွတ်မြေလတ်မြေရိုင်းဥပဒေပြင်ဆင်ပြီး ၆ လပြည့်မှာ ဖြစ်တဲ့အတွက် တောင်သူတွေရဲ့ လက်ထဲမှာ ဥပဒေနဲ့အညီ လက်ဆက်လုပ်ကိုင်နို်င်ဖို့ ပုံစံတွေရှိဖို့ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားနိုင်တယ်လို့လည်း ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သန်းလွင် က ပြောပါတယ်။ https://www.youtube.com/watch?v=uGdSq1pUggk&feature=youtu.be&fbclid=IwAR3ZyH-NuKvAo_YA64EzqbjJKNE9KnCv7AXQ8d4zjntzGhUEPCTcQgdCo8Y

ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ကယားတိုင်းမ်ဂျာနယ်ကို စောင်ရေ ၅၀၀ စတင်ထုတ်ဝေခဲ့ပါတယ်။ ဂျာနယ်အဖွဲ့မှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကိုယ်တိုင် နာယကအဖြစ် ပါဝင်နေပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်း ပါဝင်နေပါတယ်။ ပြည်နယ်ဘတ်ဂျက်ယူသုံးပြီး ထုတ်ဝေတဲ့ ကယားတိုင်းမ်ဂျာနယ်နဲ့ ပတ်သက်ပြီး တချို့သော လူမှုအသင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လိုသုံးသပ်ပြောဆိုကြပါသလဲ။ https://www.youtube.com/watch?v=gVrE5kUIUbo&feature=youtu.be&fbclid=IwAR37OJ5PZShVbSUFCwulUoUgwi1otE4aYahs868AbiUwdZZYkX4NjbROzro

တစ်ဖက်မှာလည်း စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကို အဓိက လုပ်ပေးနေတဲ့ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကော်မတီ၊ ကော်မရှင်တွေက အောက်ခြေပြည်သူလူထုနဲ့ ချိတ်ဆက် ဆက်သွယ်မှု အားမကောင်းတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ https://www.youtube.com/watch?v=7OBCUYyyR3Y&feature=youtu.be&fbclid=IwAR1C4-XAo6iETUurZP-eLnKk1gJDuSkV0632aFaxUbz1wZAzBwszc1GJi9M

ကယားပြည်နယ်မှာ ခရီးသွားတွေ စတင်ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်ဖြစ်ပြီး အဲဒီနှစ်ကနေ ယခုချိန်ထိ ခရီးသွားဝင်ရောက်မှု ငါးဆခန့် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်တွေမှာ ခရီးသွားတွေ ဝင်ရောက်လာပေမဲ့ ၂၀၁၄ ခုနောက်ပိုင်း ကေအဲန်ပီပီငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက်ပိုင်းမှသာ ပိုမိုဝင်ရောက်လာတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ရပ် ကျင်းပပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေလည်း ပိုမိုဝင်ရောက်လာခဲ့ပါတယ်။ https://www.youtube.com/watch?v=SfWIiAriZJQ&feature=youtu.be&fbclid=IwAR1kd4DcLi7HK_aer94P4IZDqpa7AH6W6ro4_Qr3Xs7SVHj6lOMfFk0vVRE

ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေတဲ့ ကယားတိုင်းမ်ဂျာနယ်နဲ့ပတ်သက်ပြီး တချို့သော လူမှုအသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေဘက်ကလည်း ပြည်သူ့ဘဏ္ဍာငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပြောဆိုထားတာတွေရှိပါတယ်။ အစိုးရအနေနဲ့ အခုလိုပြည်သူ့ငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူး။ ဒါဟာ ပါတီနိုင်ငံရေးကဏ္ဍတွေ ပါလာနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို့ ကယန်းအမျိုးသားပါတီက ကိုဘီထူး က ပြောပါတယ်။ https://www.youtube.com/watch?v=ztIJkHtNMnc&=&feature=youtu.be&=&fbclid=IwAR37s38-d9x_ikqx0zWw1SGlqIXiIdoZsSgq-tazxxU4cqN_grvO611rlXY

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲဒေသမှာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲရင် မြေပျက်စီးလာနိုင်ပြီး မိုးဗြဲဆည်ရေပါ ညစ်ညမ်းလာစေနိုင်တယ် ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ မိုးဗြဲတောင်သူကွန်ရက်အဖွဲ့က ကိုဌေးလွင် က ပြောပါတယ်။ https://www.youtube.com/watch?v=V4jTXJZGo6Q&feature=youtu.be&fbclid=IwAR14YHOSMzx6hBVfOAwWTcNUR4dhDYvkelR9VxwKElenw8ukCoeRnlzMmSg