တောင်သူတွေဆီက သိမ်းဆည်းထားတဲ့ မြေယာတွေကို ပြန်ပေးဖို့နဲ့ အာမခံချက်ရှိတဲ့ ဈေးကွက်ဖော်ဆောင်ပေးဖို့အတွက် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂက အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကရင်နီတောင်သူလယ်သမား သမဂ္ဂညီလာခံက အခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး အခြားအကြံပြုချက် ၁ဝ ချက်ကိုလည်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ https://www.youtube.com/watch?v=4rh5wYFAZDw&feature=youtu.be

ကန္တာရဝတီတိုင်း(မ်)မှ တင်ဆက်ထားသည့် ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကရင်နီဘာသာ တိုင်းရင်းသားအွန်လိုင်းရေဒီယို အစီအစဉ်

(တင်ဆက်သူ – မော်ဦးမြာ၊ ထုတ်လုပ်သူ – ကနာ္တရဝတီတိုင်းမ်)အဲ့ဒီခေါင်ရည်တန်းကနေ ကယားပြန်လက်ဆောင်အနေနဲ့ ခေါင်ရည်ဝယ်သွားတဲ့လူတွေ ရှိသလို ထိုင်သောက်တဲ့သူတွေလည်း ရှိပါတယ်။ အခုလိုမျိုးပဲ ပြည်တွင်းက အလည်လာသူတွေ သာမက ဒီးမောဆိုကို ရောက်နေတဲ့ နို်င်ငံခြားသား ခရီးသွား ဧည့်သည်တွေဟာလည်း ခေါင်ရည်တန်းကို ဝင်ရောက်လေ့လာမြည်းစမ်းနေကြတာကို တွေ့နိုင်ပါတယ်။   https://youtu.be/4KQHLyvuWBU

နန်းမယ်ခုံ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းက အဓိက ဆန်စပါး စိုက်ပျိုးကြတဲ့အတွက် သူတို့တွေ စိုက်ပျိုးထားတဲ့ စပါးတွေ ရောင်းချဖို့ ဈေးကွက်မရှိတာက အခက်အခဲတစ်ခု ဖြစ်နေတယ်ဆိုတာကို တင်ပြထားပါတယ်။ https://www.youtube.com/watch?v=IDLL-QEleeE&feature=youtu.be  

ကယားလူမျိုးတို့ရဲ့ အဖိုးတန်စကားတွေ၊ ဆိုရိုးစကားတွေ၊ ရှေးဟောင်းဂန္တာဝင်တေးကဗျာတွေနဲ့ သမိုင်းမှတ်တမ်းတွေ စုစည်းတင်ပြထားတဲ့ ပထမဆုံး ကယား( ကရင်နီ) လူမျိုးတို့ရဲ့ စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါပြီ။   https://www.youtube.com/watch?v=pDc10Wq7wg8&feature=youtu.be

ကယား( ကရင်နီ) ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ငြိမ်းချမ်းရေး ပြသနာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ https://www.youtube.com/watch?v=WWa0bdK1z28&feature=youtu.be

ဦးစိုင်း – ရှမ်းလူမျိုး ကျွန်တော်တို့ ပြည်နယ်ရဲ့ တိုးတက်မှုပေ့ါနော။ ပြီးတော့ တစ်ခါ တပ်ပိုင်းအနေနဲ့ မလုပ်သင့်တာလေးတွေ သတင်းမီဒီယာက တော်တော်လေးပြောတာ များနေတယ်။ ကျွန်တော်တို့ ပြည်နယ်သားတွေအနေနဲ့ကတော့ လုံးဝ မဖြစ်သင့်တဲ့အရာလို့ မြင်တယ်လေ။ ဒေါ်စုအနေနဲ့ အဲ့ဒီဟာကို ညီညီညာညာလေးဖြစ်အောင် ပွင့်လင်းမြင်သာမှုဖြစ်အောင်ပေါ့။ တစ်ခါတည်း အဲ့ဒီအဖွဲ့နဲ့တပ်ဖွဲ့။ နောက်ပြည်သူလူထုအပေါ်ကို ချပြစေချင်တယ်။ နောက်သူ အကောင်းဆုံး လုပ်ဆောင်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်အတွက်ပေ့ါလေ။ (အပြည့်အစုံကို ဗွီဒီယိုမှာ ကြည့်ရှူနိုင်ပါတယ်။) https://www.youtube.com/watch?v=7VHnqsLFX8I

ဖရူဆိုအနောက်ဘက်ခြမ်းရှိ ထေခိုကျေးရွာဟာဆိုရင် ကယောမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ကျေးရွာအဖြစ်ထားရှိပြီး ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း တွေကိုလည်း ပြခန်းအဖြစ် ထားရှိထားတာဖြစ်ပါတယ်။ အဲဒီကျေးရွာဟာ ယခင်က အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ လက်ရှိမှာတော့ ခရီးသွားအများအပြား စိတ်ဝင်စားလျက်ရှိတဲ့နေရာဖြစ်လာခဲ့ပါတယ်။ အရင်နှစ်တွေထက် ဒီ ၂၀၁ရ ခုနှစ်အတွင်း ခရီးသွား ၃ဝ ရာခိုင်နှုန်း ပိုများလာတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ https://www.youtube.com/watch?v=XUdKHkLnKbk

ခွန်းဘီထူး – ဆန္ဒပြပွဲ ဦးဆောင်သူ အသတ်ခံရတဲ့ လူလေးဦးအပေါ်မှာ အမှန်တရားနဲ့ပတ်သက်ပြီးတော့မှ ဖော်ထုတ်ဖို့ မလုပ်ဘူး။ အဲ့ဒါက နံပါတ် ၁ တစ်ချက်။ နံပါတ်နှစ်ကတော့ အဲ့ဒီအမှန်တရားဖော်ထုတ်ဖို့အတွက် ငြင်းဆန်တဲ့အပြင် ဆန္ဒဖော်ထုတ်တဲ့ လူငယ်ငါးဦးကို တရားစွဲတဲ့အပေါ်မှာ နောက်ထပ် မတရားမှုတစ်ခုပေါ့နော။ အစိုးရနဲ့တပ်တွေက ကျူးလွန်ခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်။ (အပြည့်အစုံကို ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်) https://www.youtube.com/watch?v=jWmepO1D654