ထျိူ းမြာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် တန်းတူညီမျှ ဆက်ဆံမခံရ ဟုုဆိုုကာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်၏ နိုင်ငံရေးအဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့က ညီလာခံဒုတိယနေ့တွင် ဆက်လက်မတက်တော့ဘဲ ထွက်ခွာသွားသည့်အပေါ် ဖြစ်စဉ်ကို ပြန်လည်ရှင်းပြတောင်းပန်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက စက်တင်ဘာလ ၂ရက်နေ့ ညနေသတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားပါသည်။ ဦးဇော်ဌေးက “ကျနော်တို့ ဝ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေ့လည်ထဲက တာဝန်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပါတယ်။ သတင်းပို့ပြီး ဖြစ်စဉ် အစအဆုံးကို ရှင်းပြပါတယ်။ […]

ထျိုးမြာ အနာဂတ်တွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးတွင် ကျား- မရေးရာဂျဲန်ဒါ ဆန်းစစ်မှုများကို ပြုလုပ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများတွင် ဂျဲန်ဒါကျွမ်းကျင်သည့် ပညာရှင်များထားရှိရန် ကျား-မ တန်းတူရေးရာမဟာမိတ်အဖွဲ့ (AGIPP) က စက်တင်ဘာ လ(၃)ရက်က ကြေငြာချက်တစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်သည်။ အဆိုပါ ကြေညာချက်မှာ ၄ ရက်ကြာကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကျား-မတန်းတူရေးရာမဟာမိတ်အဖွဲ့ (AGIPP) ပဲကိုင်ကော်ရှင်ကော်မတီဝင် ဒေါ်သင်းသင်းအောင်က “ ကျွမ်းကျင်ပညာရှင်ဆိုတာက ကျား-မရေးရာကဏ္ဍနဲ့ ပတ်သက်ပြီး တွေးခေါ်တတ်တဲ့သူ၊ မျှတဖို့ ။ကျားကော မကော ပါဝင်မှုဘယ်လောက်ရှိသလဲ။ ဆုံးဖြတ်ချက်တစ်ခု၊ မူဝါဒတစ်ခုချလိုက်ပြီဆိုရင် အမျိုးသမီးတွေကို ဘယ်လောက်ထိ အကျိူးပြု သလဲ၊ အမျိူးသားတွေအတွက်ကော […]

ထျိူ းမြာ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက အစိုးရတပ်မတော်သည် ဒီမိုကရေစီနည်းလမ်းကျကျ အရပ်သားအစိုးရ လက်အောက်သို့ အသွင်ကူးပြောင်းမှသာ ပိုမိုယုံကြည်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ-ဥက္ကဌနိုင်ဟံသာက ပြောသည်။ “တပ်မတော်ကလည်း ဒီမိုကရေစီနည်းကျကျ အစိုးရလက်အောက်မှာနေရမယ်။ အရပ်သားဦးဆောင်မှုအောက်မှာ လက်ခံနေရမယ်ဆိုတဲ့ အနေအထားမျိုးရှိရမယ်။ အဲ့ဒါကိုရော တပ်မတော်ကအကောင်အထည် ဖော်နေပြီလားပေါ့။ တပ်မတော်က၂၀၀၈ကိုပဲ ကိုင်ထားပြီးတော့ လွှတ်တော်မှာလည်း၂၅ ရာခိုုင်နှုန်း၊ အစိုးရ မှာလည်း သုံးနေရာ၊ ကာလုံမှာလည်း လွှမ်းမိုးထားတယ်။ ဒီလိုအနေအထားမျိုးမှာ အန်ကယ်တို့ ဘယ် လို ယုံကြည်ရ မလဲ။ ယုံကြည်မှုဆိုတာကတော့လက်တွေ့အပေါ်မှာမှယုံကြည်လို့ရမှာလေ” ဟု ၎င်းက ပြောသည်။ တပ်မတော်သားအစုအဖွဲ့ကိုယ်စားဗိုလ်မှူးကြီး နေလင်းထွန်းက တပ်မတော်၏သဘောထားရပ်တည်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်နှင့်မညီဟု သုံးသပ်မည့်အစား အဖွဲ့အစည်းများ၏ […]

ထ ျို းမြာ နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ပြေးလွှားနေကြသည့် ဒုက္ခသည်များ နိုင်ငံအတွင်း ရှိနေပြီး ၎င်းတို့၏ ဒုက္ခများကို မေ့ပျောက်၍ မရနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၃၁ ရက်က ၊ နေပြည်တော်ရှိ MICC-2 ခန်းမတွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “သူတို့အားလုံးရဲ့မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မရဲ့မဝံ့နဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျမတို့တွေမေ့လို့မရပါဘူး” ဟု […]

မူအက်စတာ ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ပြီး ရွာထဲဝင်လာခဲ့သည့် KNPP တပ်သားများကြောင့် ဘောလခဲနေဒေသခံများ အချို့မှာ တိုက်ပွဲပြန်ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ဝင် (KSPMN) ဦးရှုမောင်က ပြောသည်။ “သူတို့က လက်နက်တွေကိုယ်စီနဲ့ လက်နက်ကြီးတွေအပြည့်အစုံနဲ့ ဝင်လာတယ်လေ၊ ကျည်ဆံတွေလည်းအပြည့်ဆိုတော့   ဒေသခံအချို့တွေလည်း တိုက်ပွဲပြန်ဖြစ်မှာကို ကြောက်နေကြတယ်၊ တချို့ကြတော့လည်း သူတို့သွားလာနေကြပဲ သွားမှာပေါ့ လို့ပြောကြတယ်” ဟု ဦးရှုမောင်က ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ဆောင်ထားသည့် KNPP တပ်သားများ ဘော်လခဲဒေသတွင်းရှိ ကျေးရွာများသို့    ခြေလျင် ခရီးဖြင့် ဖြတ်သန်းသွားကြခြင်းအပေါ် ဒေသခံအချို့မှ စိုးရိမ်ပူပန်ခဲ့ကြခြင်းဖြစ်သည်။ လွိုင်ကော် KNPP ဆက်ဆံရေးရုံးမှ […]

ဦးမြာ ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။ “လုံးဝကိုကျမတို့ စိုးရိမ်တယ် ကျမတို့ နိုင်ငံခေါင်းဆောင်အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ် ပြည်သူတွေ စိတ်ချလောက်တဲ့စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။ လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုထား  သည့် အဆင့်တွင်သာ ရှိနေပြီး တည်ဆောက်မှုဖြစ်၊မဖြစ်ကို မူ ဒေသခံ ပြည်သူများနှင့် ပြည်ထောင်စုအစိုးရအပေါ်တွင်           မူတည်ကြောင်း ပြည်နယ် စီမံကိန်းနှင့် […]

ကော်မိန်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အနေဖြင့် ၂၁ ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် မပါဝင်နိုင်ပါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နစ်နာမှုရှိနိုင်သည်ဟု ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ အဖွဲ့ဝင် ဦးပလုရယ်က ပြောသည်။ “သူတို့ဆွေးနွေးတာ တင်ပြတာတွေကိုတော့ တကယ့်ဆုံးဖြတ်တဲ့အထဲမှာ မပါဘူးဆိုရင်တော့ ဒါကအရမ်းကို နစ်နာနို်င်တယ်ပေါ့နော်။ သူတို့အတွက်မကဘူး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပြောရမလား၊ အဲဒါတွေမှာ နစ်နာမှုတွေ ရှိနိုင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။ ၂၁ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များကသာလျှင် ဆုံးဖြတ်ချက်ချသည့်နေရာတွင် ပါဝင်ခွင့်ရှိနေပြီး စာချုပ်လက်မှတ်မထိုးထားသည့် KNPP အနေဖြင့် သဘောတူ ဆုံးဖြတ်ချက်ချသည့် အပိုင်းတွင် မပါဝင်နိုင်သည့် အနေအထား၌ ရှိနေသည်။ “အားလုံးပါဝင်နို်င်ဖို့ကတော့ […]

စိုင်းလင်းလင်းဦး နမ့်ပွန်ချောင်း ရေလှောင်တမံရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကျော်ဆည် (Low Overflow Weir) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် ဒေသအခေါ် (တာဆိုင်း) ဒေသ၌ လေ့လာဆန်းစစ်ချက်များအား ၆ လအတွင်း    ပြုလုပ်သွားရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က စမ်းသပ်ခွင့်ပြုလိုက်ပြီဖြစ်သည်ဟု KNPP လွိုင်ကော်ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ပြောသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ခွင့်ပြုထားပြီး ပညာရှင်များမှ လေ့လာဆန်းစစ်ပြီးနောက် ၆ လအတွင်း ယင်းကိစ္စနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်ခု ထုတ်ပြန်မည်ဟုလည်း သိရသည်။ “တိုင်းတာမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ ၆ လအတွင်း Report (အစီရင်ခံစာ) တစ်ခုထွက်မယ် ပြောတယ်။” ဟု […]