ကန္တာရဝတီတိုင်း(မ်) ဇွန်လ ၂၁ ရက်နေ့သည် ကရင်နီအမျိုးသားနေ့ဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပရှိ ကရင်နီအမျိုးသားများက အမျိုးသားနေ့အခမ်းအနားကို ကျင်းပလျက်ရှိကြပါတယ်။ ယခုဆိုလျှင် ၁၄၄ နှစ်မြောက်ရှိပြီး ဖြစ်သော်လည်း ပြည်တွင်းတွင် နေထိုင်ကြသည့် ကရင်နီအမျိုးသားအများစုသည် ၎င်းနေ့ထူးနေ့မြတ်ကို သိရှိခွင့်၊ လေ့လာခွင့်မရရှိခဲ့ကြပေ။ ၂၀၁၃ခုနှစ်မှာမှစပြီးတော့ ဒီးမော့ဆိုမြို့နယ် ဆိုဘောသဲရွာမှာ စတင်ပြီးတော့ စည်ကားသိုက်မြို့က်စွာ ကျင်းပခဲ့ကြပါတယ်။ အဲဒီချိန်တုန်းကတော့ ပြည်နယ်အစိုးရအပါအဝင် ၊ ပြည်ထောင်စုအစိုးရကော ၊ တပ်ပိုင်းဆိုင်ရာ ထိပ်ပိုင်းအရာရှိတွေကော တက်ရောက်အားပေးခဲ့ကြပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ ပြည်နယ်အစိုးရ တက်ရောက်လာတာ မတွေ့ရပါဘူး။ ဒီလိုအခြေအနေအထားနဲ့ လက်ရှိ သမိုင်းအပေါ် ကြုံတွေ့နေကြရခြင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ခူပလုရယ်အား ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြထားပါသည်။ မေး […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ပြည်သူများလုံခြုံမှုရှိစေရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဇွန်လ ၂၁ ရက်နေ့က ကရင်နီအမျိုးသားနေ့အခမ်းအနားမှာ တိုက်တွန်းပြောဆိုသွားပါသည်။ ယခုလို တိုက်တွန်းပြောဆိုရခြင်းမှာ လက်ရှိတွင် ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများစသည့် ကိစ္စရပ်များဆောင်ရွက်ရာတွင် ငြိမ်းချမ်းရန်လိုအပ်နေခြင်းဖြစ်သည့်အတွက် တိုက်တွန်းရခြင်းဖြစ်သည်ဟု အခမ်းအနားအပြီး သတသတင်းထောက်များက တွေ့ဆုံမေး မြန်းရာတွင် ပြောသွားပါသည်။ “ကျမတို့ ငြိမ်းချမ်းရေးကလိုနေတာလေး။ ငြိမ်းချမ်းရေးက ဆက်သွယ်နေတယ်။ ခုနက ကျမပြောသလိုပဲပေါ့ ကျန်းမာရေးဖြစ်ဖြစ် ဖွံ့ဖြိုးရေးဖြစ်ဖြစ် ခုလိုမျိုး ခါတိုင်းနှစ်ထက်ပြောင်းလာပြီတိုးတက်လာပါပြီ ဒါပေမယ့်လို့ ဒီထက်မက တိုးတက်တယ်ဆိုတဲ့ လူထုတွေရဲ့ စိတ်ထားလုံခြုံမှု ကာယကော […]

နော်ဒွေးအယ်ခူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့  ပြည်နယ်အဆင့် လစဉ်ပုံမှန်  ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ဆွေးနွေးချက် သဘောတူရလဒ် ကောင်းမွန်ကြောင်း သိရသည်။ “ကျတော်တို့ ဒီနေ့ နှစ်ဖက်ပေါ့နော ကျေကျေလည်လည် ဆွေးနွေးခဲ့ကြတယ်။ အချိန်အားဖြင့်လည်း မနက် ၁ဝနာရီကနေ ည၅နာရီခွဲ ထိလောက်ပေါ့နော ဆွေးနွေးခဲ့ကြတယ်။ ဆိုတော့ ဆွေးနွေးမှုတွေက ရလဒ်ကောင်းတယ်လို့ ကျတော်တို့ ယူဆတယ်။ ပြီးတော့ နှစ်ဖက်ဆွေးနွေးချက်တွေကို ကြည့်ရတာလည်း အားလုံးက ကျေကျေနပ်နပ်ရှိကြတယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နဲ့နယ်ပလိုးကဆိုသည်။ ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့သည် လစဉ်ပုံမှန်တွေ့ဆုံခဲ့ကြကာ ယခင်နှစ် အောက်တိုဘာလတွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့သည်။ ၎င်းလစဉ်ပုံမှန် […]

ကန္တာရဝတီတိုင်းမ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နုတ်ထွက်ရန် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးတိုင်ပင်ထားကြောင်း သိရသည်။ ̏ ထွက်မယ်။ ဘယ်လိုပြောရမလဲ… သေချာတော့မပြောနိုင်သေးဘူးပေါ့၊ ဒါပေမယ့် လုပ်မယ်ဆိုလည်း ကျနော်တို့ဘဲ မလုပ်ဘူးဆိုလည်း ကျနော်တို့ဘဲကျန်တယ်လေ မထူးတော့ဘူး၊ ဒီအဖွဲ့အစည်း နားလိုက်တာပဲကောင်းမယ်လို့ ပြောကြတယ်။ ဒါပေမယ့် အတည်ပြုချက်တော့မရသေးဘူး ˝ဟု KNPP အတွင်းရေးမှူး ၂ ခူးဒယ်နီယယ်က ပြောသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် NCA ထိုးခြင်းမထိုးခြင်းသည်လည်း ဆွေးနွေးချက်များအပေါ်တွင်သာ မူတည်ကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိတွင် KNPPနှင့် ANC တို့သာ စာရင်းထဲတွင် အမာခံအဖြစ်ကျန်ရှိနေပြီး […]

ကန္တာရဝတီတိုင်းမ် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှစ်ဖက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေချိန် အတောအတွင်း တပ်မတော်ဖက်ကတပ်စခန်းတိုးချဲ့ခြင်းသည် ယုံကြည်မှုကိုလျော့နည်းလာစေသည်ဟု KNPP အတွင်းရေးမှူး ၂ ဆရာဒယ်နီယာယ် ကပြောပါသည်။ ဆရာဒယ်နီယာယ်က “ယုံကြည်မှုကခိုင်မာလာရမယ့်အစားပိုပိုလျော့ကျလာတယ်ပေါ့။ ဒါကတော့ လူထုကပဲဖြစ်စေကျနော်တို့ အဖွဲ့အစည်းကပဲဖြစ်စေ၊ နှစ်ဖက် ကျနော်တို့ ခံစားမှုကဒီလိုဖြစ်လာပါတယ်။” ဟု ပြောပါသည်။ ဒီဇင်ဘာ ၂၁ ကနေဧပြီလ ၃ဝ ရက်နေ့အထိ မြန်မာ့တပ်မတော်ဖက်က မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများကို ၄ စစ်ဆင်ရေးရပ်စဲထားချိန် ကယားပြည်နယ်ဘက်ကိုတော့ တပ်စခန်းများ တိုးချဲ့နေသည်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကစပြီးကယားပြည်နယ်မော်ချီး၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ရှားတော မြို့နယ်ထဲတွင် ဒေသခံများနေထိုင်သွားလာသည့် နေရာများတွင် တပ်စခန်းများတိုးချဲ့နေပါသည်။   “လက်ရှိတပ်တိုးချဲ့ထားမှုကတပ်မတော်နဲ့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ KNPP […]

ခွန်းကလိုင်းဖရီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကိုတည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ လက်ကိုင်ထားကြောင်း အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်က ပြောသည်။ “ကျွန်တော်တို့ KNPP အနေနဲ့ကတော့ အရင်က ချမှတ်ထားတဲ့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတဲ့ လမ်းစဉ်ကိုတော့ အခုထိလက်ကိုင်ထားတုန်းပဲ ဖြစ်ပါသေးတယ်။ ဖက်ဒရယ်နိုင်ငံဖြစ်လာဖို့ပဲ၊ အပြောင်းအလဲမရှိပါဘူး” ဟု ပြောသည်။ သို့သော်လည်း ဖက်ဒရယ်စနစ်တည်ထောင်ရေးအတွက် ကြိုးပမ်းရာတွင် အချို့သောတိုင်းရင်းသားများအနေဖြင့် မတူညီသော တောင်းဆိုမှုရှိနေသောကြောင့် စိတ်မကောင်းဖြစ်မိသော်လည်း လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လမ်းကြောင်းသည် ခိုင်မာသောစာချုပ်မဟုတ်ကြောင်း မြင်လာသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် တိုင်းရင်းသားများဖက်မှ အခွင့်အရေးမရနိုင်တော့ကြောင်း သုံးသပ်ရှုမြင်လာသည့် အတွက်ကြောင့်လည်း ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအားဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တိုင်းပြည်ကို အုပ်ချုပ်နေသောပုဂ္ဂိုလ်(သို့) […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်း မြန်မာစစ်တပ်မှ စစ်တပ်စခန်းလေးခု အသစ်ထပ်မံတည်ဆောက်လိုက်သည့်အပေါ် ဒေသခံလူထုများက စစ်ပွဲအတွက် ပြင်ဆင်မှုပြုများပြုလုပ်နေကြဟု ဒေသခံလူထုများ သံသယဖြစ်နေကြသည့်အတွက် စိုးရိမ်ကြောက်လန့်နေကြရသည်ဟု Karenni Civil Society Network မှ ယနေ့ ထုတ်ပြန်ကြေငြာလိုက်ပါသည်။ “အခုစစ်တပ်စခန်းကလူထုတွေနေတဲ့နေရာထဲကို သွားပြီးစခန်းသွားလုပ်ကြတော့ ဒေသခံတွေက ကြောက်နေကြတာပေါ့။ သူတို့စစ်တွေပြန်တိုက်ကြမှာတွေစိုးရိမ်ကြတယ်။” ဟု Karenni Civil Society Network မှ မော်ဦးဒူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောပါသည်။ မြန်မာစစ်တပ်မှ လူထုများနေထိုင်သည့် ကျေးရွာများအတွင်း စစ်တပ်စခန်းလေးခုကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလအတွင်းနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နှစ်လအတွင်း စစ်တပ်စခန်း အသစ်တည်ဆောက်သွားခဲ့ခြင်းဖြစ်သည်။ စစ်တပ်များစခန်းချသည့် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာရှိ လူထုများက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ […]

ကန္တာရဝတီတိုင်း(မ်) သူ့နာမည်က ဆီမိုးနယ်၊ အသက် က ၃၈ နှစ်။ လက်ထက်ကိုင်ထားတဲ့ M3 သေနတ်ကို အဝတ်စ တစ်ခုနဲ့ သုတ်နေပါတယ်။ အားကစားဘောင်းဘီတို နဲ့ စွပ်ကျယ် အကျီအဖြူရောင်ဝင်ဆင်ထားတဲ့သူက ကရင်နီ တပ်မတော်က တပ်သားတဦးပဲဖြစ်ပါတယ်။ အခု အစိုးရ နဲ့ အပစ်ခတ်ရပ်စဲ ရေးယူထားတဲ့ကာလ အတွင်းမှာ တိုက်ပွဲ တွေမရှိတော့တဲ့အတွက် သေနတ်တွေကို အရင်လို တရက်တခါမတိုက်ရတော့ပဲ ၊ တပတ်တခါလောက်ပဲ တိုက်ချွတ်ဆေးကြရတာပါ။ သူဟာ အရင်က မြန်မာ့တပ်မတော်မှာလည်း စစ်မှုထမ်းဖူးသူတယောက်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်တွင်း မနေချင်တော့တာကြောင့် ထွက်ပြေးခဲ့ပြီ အခုတော့ ကရင်နီတပ်မတော်မှာ တပ်သားဖြစ်နေပါပြီ။ စစ်တိုက်တယ်ဆိုတာ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ရတဲ့ စစ်သားတယောက်ရဲ့ တာဝန်ဆိုပေမဲ့ […]

ကန္တာရဝတီတိုင်း(မ်) ပြီးခဲ့တဲ့ လပိုင်းတုန်းက ဖရူဆိုမြို့နယ် အမှတ် (၁၄) တပ်က စစ်ရေးပြုလုပ်ခဲ့ကြောင့် သီးနှံရိတ်သိမ်းချိန် တောင်သူများအခက်အခဲကြုံတွေ့ခဲ့ရသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောသည်။  ဦးသဲရယ်က ” လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ကြတယ်၊ အဲ့မှာလည်း ကျနော်တို့ ရိတ်သိမ်းချိန်လည်း ဖြစ်တဲ့ခါကျတော ကျနော်တို့ တောင်ယာသွားတာနဲ့ ရိတ်သိမ်းတဲ့ဟာနဲ အများချည်း ထိခိုက်နစ်နာမှရှိတာပေါနော်။ လက်နက်ပစ်မယ်၊ လေ့ကျင့်မယ်ဆိုရင် တောင်ယာမသွားရဘူးဆိုတော ကျနော်တို့လည်း ဒီတပ်ဧရိယာနဲ့ နီးတဲ့တောင်တွေမှာလည်း သွားစရာရှိတဲ့ခါကျတော အဲလိုပိတ်လိုက်ပြီဆိုလို့ရှိရင် အလုပ်လုပ်လို့ မရတောဘူး၊ ဒါကျွန်တော်တို့ စိုက်ပျိုးရေးအတွက် တစ်ဖက်တစ်လမ်းအနေနဲ့ ထိခိုက်မှုရှိတယ်။” ဟုပြောသည်။ စစ်ရေးလေ့ကျင့်မှုကြောင့် တောင်သူများ သွားလာမှု ခက်ခဲရှိနေရိတ်သိမ်းချိန်နဲ့ တိုးနေတာ ကြောင့် စိုက်ပျိုးရေးအတွက် […]

ခွန်းကလိုင်းဖရီး ကယန်းဒေသအတွင်းတွင် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အပျက်ခံမည်မဟုတ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူးချုပ် ဦးအိုင်ဖရင်းက ပြောကြားလိုက်သည်။ “ ဒီငြိမ်းချမ်းရေးတည်တံ့ဖို့က ကျွန်တော်တို့ ကယန်းပြည်သစ်ပါတီအနေနဲ့ကလည်း အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို လုံးဝအပျက်ခံမှာ မဟုတ်ဘူး” ဟု ၎င်းက နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အလယ်ကယန်းကျေးရွာအုပ်စု၊ ဆီးဘူးကျေးရွာ၌ ကျင်းပနေသည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကယန်းပြည်သစ်ပါတီမှ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး မရယူခင်ကာလတွင် ကယန်းဒေသ၌ စစ်ဘေး စစ်ဒဏ်ကြောင့် တိုးတက်မှုနောက်ကျ ကျန်ခဲ့ရသကဲ့သို့ အလွန်ခေတ်နောက်ကျခဲ့ရကြောင်း ၎င်းက ဆိုသည်။ လက်ရှိကာလတွင်လည်း ဘော်လုံးကန်ရန်အတွက်မဆိုသာပဲ တောင်ယာသွားရန်အတွက်ပင် ခက်ခဲနေသည့် […]