မော်ဦးမြာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေအနေနဲ့ အခက်အခဲက ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ အလုံအလောက် မရှိတဲ့အပြင် နည်းပညာပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ကော်မတီဝင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) မှ ဒါရိုက်တာ ခွန်းဖီးလစ်က ပြောပါတယ်။ “ ကျတော်တို့ တွဲလုပ်တဲ့နေရာမှာတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ အစိုးရကျန်းမာရေးဖက်မှာတော့ ဖိအားပေးခံရတာတွေ တခါတလေရှိတယ်။ CHDN က လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပေးမလုပ်နဲ့ဆိုတဲ့ ကိစ္စတွေကို တခါတလေ ကျတော်တို့ ပြန်ကြားရတယ်။ KNPP က NCA လက်မှတ် မထိုးထားတဲ့အတွက် တချို့ ကိစ္စတွေမှာဆိုရင် လက်မှတ်ထိုးခိုင်းလိုက် အဲ့ဒါမှ တချို့ Activity တွေက ပိုပြီးမှ […]

မော်ဦးမြာ ဒေသန္တာရအမိန့်ပါ ကြေညာချက်များက နှစ်ဖက် အပြန်အလှန်ယုံကြည်မှုကို ပိုမိုပျက်ပြားစေတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ အဆိုပါလုပ်ရပ်တွေကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်လား မထိခိုက်လားဆိုတာကတော့ ဒီကနေ့ ဖြစ်နေတဲ့ ရောဂါ အခြေအနေအပေါ်မှာ ကျတော်တို့ တစ်ဖက်နဲ့ တစ်ဖက်ပေါ့နော ယုံကြည်မှု ပျက်သွားစေနိုင်တဲ့ ဆောင်ရွက်ချက်မျိုးတွေပေါ့နော အမိန့်တွေပေါ့ ဒါတွေကတော့ နည်းနည်းရှောင်ဖို့ လိုတာပေါ့နော။ အကန့်အသတ်တွေပေါ့။ လိုတာထက် ပိုပြီးတော့မှ မလုပ်ဖို့ပေါ့လေ။” လို့ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ မြို့ နယ် (၇) […]

မော်ဦးမြာ COVID -19 ကာကွယ်ထိန်းချုပ်ရေးကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ အကြောင်းမပြန်သေးဘူးလို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( ငြိမ်း) က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ၎င်းက “ကျန်တဲ့ ၄ ဖွဲ့ကတော့ ကျတော်တို့ကို ပြန်ဆက်သွယ်တာ မရှိသေးပါဘူး။ KNPP က အကြောင်းမကြားသေးဘူး။ နောက်တစ်ခါ မြောက်ပိုင်း ၃ ဖွဲ့က မဆက်သွယ်သေးဘူး။”လို့ ပြောပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို ပြီးခဲ့တဲ့ ဧပြီလ […]

စိုးထိုက်အောင် လက်ရှိကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုထိန်းချုပ်ကာကွယ်နေတဲ့ အချိန်အတွင်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီချက်ရေးထိုးထားကြတဲ့ NCA-S EAO အဖွဲ့တွေအနေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုရှေ့ဆက်ဖို့ရှိလဲ။ NCA ထိုးထားတဲ့အဖွဲ့အနေနဲ့ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေမှု အားရကျေနပ်မှုရှိလား။ ဘယ် လောက် အတိုင်းအတာထိ ရောက်နေကြပြီလဲဆိုတာတွေနဲ့ပတ်သက်လို့ ရဲဘော်မိဆူးပွင့် (ဗဟိုဉီးဆောင်ကော်မတီဝင်- မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဉီး-ABSDF) ကို တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ ။ ဧပြီလ ၃ရက်နေ့မှာ NCA-S EAO တွေ အစည်းအဝေးလုပ်ခဲ့ကြတယ်လို့သိရပါတယ်ပေါ့နော်။ Covid 19 ကပ်ရောဂါကူးစက်မှု တစ်ဖက်မှာလည်းထိန်းချုပ်နေရတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို အရှိန်အဟုန်လုပ်သွားဖို့ မရပ်တန့်သွားဖို့ ဘယ်လို လုပ်ဆောင်ကြမလဲပေါ့။ ဖြေ ။ ။ NCA-S-EAO (၁၀)ဖွဲ့အနေနဲ့ မူဘောင်ပြင်ဆင်ရေး ပူးတွဲအလုပ်အဖွဲ့အစည်းအဝေးတွေအတွက် […]

မော်ဦးမြာ လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်ဖော်ဆောင်နေမှုနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေအပေါ် တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုသုံးသပ်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။ မေး ။ ။ ကယန်းမျိုးဆက်သစ် လူငယ်ကနေ ထုတ်တဲ့ “ငြိမ်းချမ်းရေးအတွက် လူထုအသံ” ဆိုတဲ့ စစ်တမ်းစာအုပ်အရ ယခုအစိုးရမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုက ယခင်ကထက် အားနည်းနေတယ်လို့ ဖော်ပြထားတာ ရှိတယ်။ ဆိုတော့ ဆရာ့ရဲ့ အမြင်ကရော ယခု အစိုးရရဲ့ ဖော်ဆောင်မှုက ယခင် အစိုးရထက် အားနည်းတယ်လို့ မြင်ပါသလား။ ဘာကြောင့်လဲပေ့ါ။ ဖြေ ။ ။ လူထုများက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးနှင့်အတူ သူတို့မျှော်လင့်ထားတဲ့ […]

မော်ဦးမြာ လွိုင်ကော်မြို့ ကနေ ၃ နာရီခန့် ( ကားဖြင့်) ခရီးနှင်ရတဲ့ ဖားဆောင်းမြို့ တွင်းမဝင်ခင် ၂ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ပါပုကျေးရွာဟာ ပြည်ထောင်စု လမ်းမကြီးဘေးမှာ တည်ရှိနေပေမဲ့ ဖွံ့ဖြိုးမှု နည်းပါးနေဆဲဖြစ်သလို ဆက်သွယ်ရေးလည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ၁၉၀၀ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမှီကတည်းက တည်ရှိနေခဲ့တဲ့ ကျေးရွာလေး ဖြစ်တယ်လို့ ကျေးရွာလူကြီးတွေ ပြုစုထားတဲ့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ကျေးရွာအပြင်ဖက်နားလေးမှာ တိုင်းရင်းသားလက်နက်ကိုင် ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ရဲ့ ဆက်ဆံရေးရုံး တည်ရှိပါတယ်။ လက်ရှိမှာ ဖားဆောင်းမြို့ နယ်အတွင်း ငြိမ်းချမ်းရေးအနှစ်သာရကို ဘယ်လောက်ထိ ခံစားနေရပြီလဲဆိုတာကို ပါပု ကျေးရွာအတွင်းက ဒေသခံတချို့ကို […]

မော်ဦးမြာ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ လူငယ်တွေအနေနဲ့ ပါဝင်ခွင့်မရဘူးလို့ ကယား(ကရင်နီ) ပြည်နယ်အတွင်းမှ လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်မှ အတွင်းရေးမှူး မူကက်သရင်းက ပြောပါတယ်။ “ ပါဝင်ခွင့်လုံးဝကို မရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အစိုးရဖက်ကနေ တရားဝင် လုပ်တဲ့ဟာမျိုးဆိုရင် မရှိသလို နောက်တစ်ခုက လူငယ်ရေးရာ မူဝါဒတွေကိုလည်း အရေးတယူလုပ်တာတွေ မရှိဘူး။” လို့ မူကက်သရင်းက ပြောပါတယ်။ လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ခုအတွက် အနာဂါတ်ကို ဦးဆောင်နိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရတွေအနေနဲ့ အသိအမှတ်ပြုဖို့ လိုအပ်သလို ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နေရာတွေမှာ လူငယ်တွေကို နေရာချပေးခြင်းအားဖြင့် […]

မော်ဦးမြာ NLD အစိုးရ လက်ထက် ၄ နှစ်ကျော်ကာလအတွင်းမှာ ကယားပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှုဟာ ယခင်အစိုးရထက် လျော့နည်းနေတယ်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်း စစ်တမ်းကောက်ယူခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ စစ်တမ်းကောက်ယူသူတွေက ပြောပါတယ်။ “ ပြီးခဲ့တဲ့ အစိုးရလက်ထက် ကြိုးပမ်းမှုကတော့ ၁၅ ရာခိုင်နှုန်း ရှိပြီးတော့မှ လက်ရှိအစိုးရရဲ့ ကြိုးပမ်းမှုက ၁၃ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်သော အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြိုးစားပြီးတော့မှ တွေ့ဆုံတဲ့ဟာတွေ၊ ကြိုးစားပြီးတော့မှ ညှိနှိုင်းတာမျိုးတွေ ကြိုးပမ်းမှုကတော့ ၁၃ ရာခိုင်နှုန်းဆိုပြီးတော့ ပြန်ကျသွားတဲ့ဟာတွေ ရှိတယ်ပေါ့နော။ ကျမတို့ရဲ့ စစ်တမ်းကောက်ယူမှုအရပေါ့နော။”လို့ စစ်တမ်းကောက်ယူတဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ program […]

စိုးထိုက်အောင် ကမ္ဘာတစ်ဝှမ်းကပ်ရောဂါ ကြုံတွေ့နေကြရတဲ့အချိန်မှာ ပြည်သူတွေ ရောဂါကူးစက်မခံရလေအောင် ဂရုတစိုက်နဲ့ အိမ်မှာနေနေကြရတဲ့အချိန်မှာ လက်ရှိမြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေဘက်မှာကတော့ စစ်ဘေးတွေနဲ့ ကြုံနေရလို့ ဒီရောဂါကူးစက်မှု ထိန်းချုပ်ဖို့ထက် စစ်ဘေးဒဏ်ကနေ မနည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ အေအေ အကြား ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူ (၁၅၀၀၀၀)လောက်အထိ ရှိနေပြီဖြစ်ပါတယ်။ ယနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး လွန်ခဲ့တဲ့ ရက် ၃၀အတွင်း ချင်းပြည်နယ်မှ စစ်ပွဲတွေကြောင့် ကလေးငယ်များအပါအဝင်သေဆုံးသူ စုစုပေါင်း (၂၈) ဦးအထိရှိနေပြီဖြစ်ပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့မှ Salai Lian က “ဒီတိုက်ပွဲကြောင့်ပြည်သူတွေမနစ်နာဖို့၊ တိုက်ပွဲကြောင့်ပြည်သူတွေ မသေဖို့၊ တိုက်ပွဲကြောင့်ပြည်သူတွေ ဒဏ်ရာမရဖို့ဘဲပေါ့ ကျတော်တို့အော်ပေးတာဖြစ်တယ် ပြည်သူတွေဘက်ရပ်တည်ပြီးတော့ ပြည်သူတွေရဲ့လိုအင်ဆန္ဒကို အတတ်နိုင်ဆုံးဖော်ပြဖို့ဘဲဖြစ်တယ်။” ပြောပါတယ်။ […]

ကန္တာရဝတီတိုင်း(မ်) COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်သူတွေကြိုတင်သတိပြုကာကွယ်ဖို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အဖွဲ့ အနေနဲ့ မတ်လ ၂၀ ရက်နေ့က တိုက်တွန်းနှိုးဆော်ထားခဲ့ပါတယ်။ သို့ပေမယ့်လို့လည်း မတ်လ ၂၅ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/လျှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့နဲ့ အစိုးရစစ်တပ်တို့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါသေးတယ်။ ကိုဗစ်ရောဂါကူးစက်ပျံ့နှံမှုကိုတစ်ကမ္ဘာလုံးထိန်းချုပ်ကာကွယ်နေကြရချိန်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အဖွဲ့ တချို့ နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေတာဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို […]