မော်ဦးမြာ လွိုင်ကော်မြို့ကနေ တစ်နာရီခွဲခန့်(ဆိုင်ကယ်ဖြင့်) မောင်းနှင်သွားရပြီး လွိုင်လင်လေးမြို့ နယ်ထဲမှာ ရှိတဲ့ ဝမ်ငေါ့ကျေးရွာဟာ ယနေ့အချိန်ထိ ဖွံ့ဖြိုးမှု နည်းပါးနေဆဲပါ။ စာတတ်မြောက်သူ ဦးရေ အလွန်နည်းပါးတဲ့အတွက် အသိပညာ၊ ဗဟုသုတ ကြွယ်ဝမှုတွေလည်း မရှိသလောက် နည်းပါးနေပါသေးတယ်။ ပြည်နယ်၊ ဒေသ၊ ကျေးရွာရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သိရှိမှုကို မေးမြန်းရာမှာတော့ သူတို့ကျေးရွာမှာ ယခင် (၁၉၉၄-၂၀၀၀ ခုနှစ်အထိ/ ဒေသခံများရဲ့ ခံမှန်းချက်အရ) ကလို သေနတ်သံမကြားရှိတော့တဲ့အပြင် တပ်မတော်ဖက်က သွားလာလှုပ်ရှားမှုကို မမြင်တွေ့ရတာ ကြာပြီဖြစ်လို့ ယခုအခြေအနေကို တည်ငြိမ်အေးချမ်းနေပြီလို့ ခံယူထားကြပါတယ်။ ကျေးရွာလူကြီးတချို့ နဲ့ အမျိုးသားရေး လုပ်ရှားမှုတွေမှာ အနည်းငယ် ပါဝင်ခဲ့ဖူးတဲ့ လူငယ်တချို့ကသာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြားဖူးနားဝ ရှိထားကြပါတယ်။ […]

စိုးထိုက်အောင် ကမ္ဘာတစ်ဝှမ်းကပ်ရောဂါ ကြုံတွေ့နေကြရတဲ့အချိန်မှာ လက်ရှိမြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေဘက်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးမှတ်တမ််းကွန်ရက်(မြန်မာနိုင်ငံ) ND- Burma အဖွဲ့ဝင် အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင် ကပြောပါတယ်။ “ဒီနေ့ဒီအချိန်ပေါ့နော် ဒီ COVID-19 ကမ္ဘာကပ်ရောဂါနဲ့ကြုံတွေ့နေရတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက အခုလက်ရှိမှာ ဆိုလို့ရှိရင် ရခိုင်ဘက်ကော၊ ဒီရှမ်းပြည်မြောက်ပိုင်းဘက်မှာကော မငြိမ်းချမ်းဘူးပေါ့နော် ဒီရက်ပိုင်းတွေဆိုတောင် ပိုတောင်ဆိုးနေသေးတယ် အခုလက်နက်ကြီးကျလို့ရခိုင်ဘက်မှာဆိုရင်အခြေအနေတော်တော်ဆိုးနေတယ်။” လို့ ဒေါ်သက်သက်အောင် ကပြောပါတယ်။ COVID-19 ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အထူးသဖြင့် ထိခိုက်ရှလွယ်တဲ့ လူထုကို အကူအညီပေးဖို့အတွက် မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နိုင်မှသာမြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) မှယုံကြည်ပါတယ်လို့ ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ […]

ကန္တာရဝတီတိုင်း(မ်) ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် အစိုးရစစ်တပ်က ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးချိုးဖောက်မှုမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းထုတ်ပြန်ချက်ကို မနေ့ကထုတ်ပြန်ထားပါတယ်။ သတင်းထုတ်ပြန်ချက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင်ကတော့ သတင်းထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။ “ ကမ္ဘာ့ကပ်နဲ့ဆိုရင် မြန်မာအစိုးရစစ်တပ်က ကာကွယ်ပေးရမယ့်အခြေအနေလည်းဖြစ်သလို နိုင်ငံအသီးသီးမှာလည်းဒီဟာကိုအင်တိုက်အားတိုက်နဲ့ ရုန်းကန်နေတဲ့အချိန်မှာ မြန်မာအစိုးရစစ်တပ်ကဆန့်ကျင်တယ်ပေါ့အဲ့ဒါကြောင့်ထုတ်ပြန်ရတာပါ။ အပြစ်မဲ့တဲ့ရွာသားတွေကို ခြိမ်းခြောက်တာတို့ လူ့အခွင့်အရေးချိုးဖောက်တာတို့ကို ရပ်တန့်စေချင်တာပေါ့နော့။” လို့ ပြောပါတယ်။ အစိုးရစစ်တပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ရှမ်းစစ်သားများကို ရိက္ခာမပေးရန် ရွာသူကြီးကို ခြိမ်းခြောက်ထားမှုလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မိုင်းတုံမြို့နယ်ရွာလူကြီးကို လမ်းပြအဖြစ် မတ်လ၂၅ ရက်နေ့က တိုက်ပွဲထဲခေါ်သွားခြင်း၊ ဝမ်လုံးစံရွာသား ၆ယောက်ကို ရိက္ခာသယ်ပို့ပေးဖို့ ဧပြီလ၅ရက်နေ့တွင် စေခိုင်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိတယ်။

မော်ဦးမြာ လက်ရှိ ကယား(ကရင်နီ) ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဆက်စပ်ပြီး အစိုးရကနေ အကောင်အထည်ဖော်နေတဲ့ အခြေအနေအပေါ် ကရင်နီပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာနှင့် ကန္တာရဝတီတိုင်း(မ်)မှ မေးမြန်းထားတဲ့အချက်တွေအပေါ် ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။ မေး ။ ။ အခု မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ ။ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား လက်ရှိဖော်ဆောင်နေသော မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရမှ ကောင်းမွန်သောဦးဆောင်မူဖြင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျဖော်ဆောင်နိုင်မှုအားနည်တယ်လို့ဘဲမြင်ပါတယ်။ မေး ။ ။ ကယားပြည်နယ်မှာ KNPP အဖွဲ့အစည်းမှ NCA စာချုပ်တွင် ပါဝင်လက်မှတ် မရေးထိုးနိုင်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။ […]

ကန္တာရဝတီတိုင်း(မ်) NCA ထိုးဖို့ ဖိအားပေးတိုက်တွန်းတာထက် သဘောတူညီထားချက်တွေကို အကောင်ထည်ဖော်ပြီး ယုံကြည်မှုတည်ဆောက်ပေးရင် အနာဂါတ်အပစ်ခတ်ရပ်စဲရေးဆီကို အမြန်ရောက်နိုင်မယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ ပြည်နယ်အစိုးရ တာဝန်ရှိသူများနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ၂၀၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု အခြေအနေနဲ့ ပြည်နယ်အတွင်း အခြေအနေတွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးကို တွေ့ဆုံမေးမြန်းထားပါတယ်။ ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာတို့နဲ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ဘယ်လိုရှိလဲ။ ခူးထဲဘူး ။ ။ ကျတော်တို့က ပုံမှလစဉ်တွေ့ဆုံတဲ့အစည်းအဝေးပဲဖြစ်တယ်။ အဓိကကတော့ မြေပြင်မှာ […]

“ပြည်နယ်အစိုးရဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နားလည်အောင်လည်းမကြိုးစားခဲ့သလို အရေးတယူနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မလုပ်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် တွေကို သူတို့နဲ့မဆိုင်သလို သဘောထားတဲ့ကိစ္စပါဘဲ။” NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းဟာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့တာဝန်စတင်ယူစဉ် ကာလကနေ အခုချိန်ထိ ကယားပြည်နယ် (ကရင်နီပြည်) မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဘယ်လောက် အထိလုပ်နိုင်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်ကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။ KT – NLD အစိုးရ စတက်လာတော့ ကရင်နီပြည်ညီလာခံကိုလုပ်ခဲ့တယ်နော်။ အဲ့ဒီမှာ ကရင်နီပြည် အမည်နာမ ပြန်လည်ခေါ်ဆိုရေးအပါအဝင် အချက်တော်တော်များများကိုအတည်ပြုခဲ့ကြတယ်။ မီဒီယာနဲ့တွေ့ဆုံတဲ့ နေရာ မှာလည်း ဆရာတို့ဘက်က ဒီအစိုးရလက်ထက်မှာ ပူးပေါင်းတာတွေအများကြီးလုပ်နိုင်မယ်လို့ပြောခဲ့တယ်။ ဆိုတော့ အခုအစိုးရက […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရလက်လမ်းမမှီတဲ့ ကျေးလက်ဒေသတွေဘက်မှာ လူထုတွေကျန်းမာရေး စောင့်ရှောက်မှုတွေကို လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ကနေပြီး တစ်ဖက်တစ်လမ်းဆောင်ရွက်ပေးနေပါတယ်။ ကရင်နီ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်လို့ လက်ရှိ အစိုးရဘက်ကဖော်ဆောင်နေတဲ့ မူပေါ်လစီနဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်သုံးသပ်ချက်တွေကို ကန္တာရဝတီတိုင်း(မ်)ကနေ ခွန်းဖိလစ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။ ခွန်းဖိလစ်က လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ CHDN အဖွဲ့ဟာဆိုရင် ကရင်နီပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေကနေ စုစည်းထားတဲ့အဖွဲ့ဖြစ်ပြီး အစိုးရလက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေဘက်မှာ အဓိက ကျန်းမာရေးစောင့်ရှောက်မှု […]

လက်ရှိမှာ မြန်မာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ NLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အပေါ် ကရင်နီလူမျိုးစု လူငယ်ထုများရဲ့ အမြင်သဘောထားကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ခူးရီးရယ် – ကယားလီဖုလူငယ် ငြိမ်းချမ်းရေးက ဒီထက် တိုးတက်ကောင်းမွန်လာတဲ့ အနေအထားမရှိဘူးလို့ ကျတော့်အနေနဲ့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကယားပြည်နယ်အစိုးရနဲ့ KNPP ပြည်ထောင်စုအဆင့်ရော ပြည်နယ်အဆင့်ရော လက်မှတ်ရေးထိုးထားပြီးသော်ငြားလည်း ဒီလက်မှတ်ထိုးထားတာ ပါဝင်ထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်မှုအားက တအားနဲ့ အားနည်းနေတာပေါ့နော။ အဲ့ဒါကြောင့်မို့လို့ ကျတော်တို့ရဲ့ ပြည်နယ်အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဒီထက်ပိုပြီးတော့မှ တိုးတက်လာဖို့ ရှိလိမ့်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နှစ်ဦးနှစ်ဖက်လုံးကတော့ အလျော့အတင်းလေးတွေ လုပ်ဖို့လိုတယ်။ KNPP လည်း တင်းနေမယ် ပြည်နယ်အစိုးရကလည်း တင်းနေမယ်ဆိုရင် လုပ်ငန်းတွေကတော့ […]

မော်ဦးမြာ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကို ထိန်းချုပ်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲပေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) က တောင်းဆိုလိုက်ပါတယ်။ “ဒီ COVID ဖြစ်နေတဲ့အချိန်မှာ ကျတော်တို့ ရောဂါထိန်းချုပ်မှုကို ကျတော်တို့ စုပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုလုပ်မလဲပေါ့။ ဒီတိုက်ပွဲတွေကို ခန ရပ်လိုက်ပြီးတော့ ဒီကပ်ရောဂါကို ကျတော်တို့ ကြိုတင်ကာကွယ်ဖို့နဲ့ မပြန့်ပွားအောင် ဝိုင်းပြီးထိန်းချုပ်ကြဖို့ ဆိုပြီးတော့ ကျတော်တို့ ပြောချင်တာပေါ့လေ။ ဒါ့ကြောင့် ဒီနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်စဲပြီးတော့ ဒီရောဂါထိန်းချုပ်မှုကို ပူးပေါင်းဆောင်ရွက်ကြဖို့ ကျတော်တို့ အဲ့ဒီလို ပြောချင်တာ ဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP […]

မော်ဦးမြာ ကပ်ရောဂါဖြစ်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကြောင့် ပြည်နယ်အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ လစဉ်ပုံမှန်တွေ့ဆုံရန် အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP လွိုင်ကော်ဆက်ဆံရေးရုံး ဒု-တာဝန်ခံ(လွိုင်ကော်) မှ ခူးဖိုးရယ်က ပြောပါတယ်။ ခူးဖိုးရယ်က “ လောလောဆယ်ကတော့ အစည်းအဝေးတွေကိုလည်း ရပ်တန့်ထားတယ်လေ အစိုးရကလည်း မလုပ်ဖြစ်ဘူး။ နှစ်ဦးနှစ်ဖက်က ရပ်တန့်ထားတယ်။ ဒီအခြေအနေကြောင့်ပေါ့။ ကပ်ရောဂါကြောင့် မတွေ့ဖြစ်တော့ဘူး ဆိုတဲ့ဟာကို နုတ်နဲ့ပဲ ပြောထားကြတယ်။”လို့ ခူးဖိုးရယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ […]