ကန္တာရဝတီတိုင်း(မ်) မေလ ၁၅ ရက်နေ့က ဘာသာရေးခေါင်းဆောင်အချို့ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအကျိုးအမြတ်ထုတ်နေသူေတွ ရှိနေနိုင်တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ KNPP အတွင်းရေးမှူး၂ ခူးဒယ်နီယာက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားလိုက်ပါတယ်။ “အမှတ်လိုချင်နေတဲ့ လူတချို့ ရှိပြီးသားပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ ဘာသာရေးအသင်းအဖွဲ့ကနေ သူ့အသင်းတော်နဲ့သူ၊ သူ့တိုက်နယ်နဲ့သူ ၊ ဒါဂေါပကက ခေါ်တယ်၊ နှစ်ခြင်းက ခေါ်တယ်၊ RC က ခေါ်တယ်ဆိုတော ့တမျိုးပေါ့လေ။ အုပ်ချုပ်ရေးမှူးတွေက ခေါ်ပေးတယ်၊ တစ်အိမ်တစ်ယောက် ၊ ဆယ်အိမ် ၁ယောက်စသည့်ဖြင့် ဒါက နဲနဲ force(အဓမ္မ)ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားပါပြီ။ ဆိုတော့ ဒါက အဖွဲ့အစည်းတခုခုမဟုတ်ရင် […]

  မူအက်စတာ၊ နော်ဒွေးအယ်ခူမေးမြန်းသည်။ ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံအားပေးပွဲမှာ တက်ရောက်လာတဲ့ ဒေသအသီးသီးမှ ဒေသခံတွေရဲ့ ရင်ဖွင့်စကားသံကို ကန္တာရဝတီတိုင်း(မ်)က စုစည်းဖော်ပြပေးလိုက်ပါတယ်။ NCA ကို မသိဘူး။ ဒီကို လူကြီးဥက္ကဌခေါ်လို့လာတယ်။ လူကြီးတွေ လာခိုင်းလို့လာတယ်။  —————————————————————————————————————————– NCAကို ကျွန်မသိပ်နားမလည်ဘူး။ ဒီကို ဘာရည်ရွယ်ချက်နဲ့ရောက်လာလဲဆိုတော့ မြန်မာပြည်တစ်ပြည်လုံး ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့မောင်မယ်အဖွဲ့တွေ အားတက်သရောပါဝင်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။ KNPP က တကယ်ရေးထိုးမယ်ဆိုရင် ကျွန်မတို့အတွက်တော့ သူတို့စဉ်းစားပေးရမယ်လေ။ သူတို့ရေးထိုးလိုက်မယ်ဆိုရင်တော့ ကျွန်မတို့ ငြိမ်းချမ်းမယ်လို့ထင်ပါတယ်။  —————————————————————————————————————————– NCA ကို မသိပါဘူး။ အုပ်ချုပ်ရေးမှူးမှာကြားလို့။ နောက် ဆယ်အိမ်မှူးလည်း ခေါ်တယ် —————————————————————————————————————————–  အခုလိုမျိုး ကျွန်တော်တို့ ပြည်သူလူထုအင်အားနဲ့ အင်အားဖြည့်ပေးရတဲ့အတွက် […]

မူအက်စတာ၊ နော်ဒွေးအယ်ခူ ကယားပြည်နယ်က ဘာသာရေးအသင်းအဖွဲ့တချို့နဲ့ လူထုတွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲကို မေလ ၁၅ ရက်နေ့၊ လွိုင်ကော်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ KNPP အနေနဲ့တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCAကို လက်မှတ်ရေးထိုးနိုင်ရေးနဲ့ အဲဒီ NCA လမ်းကြောင်းပေါ်ဆက်လျှောက်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် အခုလို ထောက်ခံပွဲလုပ်တာဖြစ်ပါတယ်။ “ထုတ်ပြန်ချက်တစ်ခုနဲ့ ဆွေးနွေးချက်သုံးခုအပေါ်မှာ ကျွန်တော်တို့ပြည်သူတစ်ဦးအနေနဲ့ သူတို့ရဲ့ NCAလမ်းကြောင်းပေါ်လျှောက်မယ် ဆိုတဲ့အချက်ကို သဘောကျပြီးတော့ ကျွန်တော်တို့ သာသနာအသီးသီးမှာရှိတဲ့ သာသနာအမှုတော်ဆောင်တွေ၊ ကျွန်တော်တို့ရဟန်းတွေ၊ ဆရာတော်တွေ၊ နောက်ပြီးကျွန်တော်တို့ပြည်သူူထုတွေ ကျွန်တော်တို့သန္ဓေတည်ပြီးတော့ ပေါက်ဖွားလာတယ်ပေါ့နော” လို့ အင်္ဂလီကန်အသင်းတော်မှ ဆရာတော်စတိုင်လိုက ပြောပါတယ်။ ဒီထောက်ခံကြိုဆိုပွဲဟာ KNPP ကို NCA စာချုပ်မှာ အမြန်ဆုံးလက်မှတ်ရေးထိုးဖို့အတွက် […]

NCA ကို ကျွန်မသိပ်နားမလည်ဘူး။ ဒီကို ဘာရည်ရွယ်ချက်နဲ့ရောက်လာလဲဆိုတော့ မြန်မာပြည်တစ်ပြည်လုံး ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့မောင်မယ်အဖွဲ့တွေ အားတက်သရောပါဝင်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။ KNPP က တကယ်ရေးထိုးမယ်ဆိုရင် ကျွန်မတို့အတွက်တော့ သူတို့စဉ်းစားပေးရမယ်လေ။ သူတို့ရေးထိုးလိုက်မယ်ဆိုရင်တော့ ကျွန်မတို့ ငြိမ်းချမ်းမယ်လို့ထင်ပါတယ်။ https://www.youtube.com/watch?v=X2SEb0cEm5k&feature=youtu.be

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲကြောင့် ပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့ကို အလေးအနက်ထားပြီး တောင်းဆိုကြရတာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူတွေက ပြောဆိုကြပါတယ်။ https://www.youtube.com/watch?v=Ffr9I7m9wvY&feature=youtu.be

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ငြိမ်းချမ်းရေးခရီးအတွက် ဆွေးနွေးကြတဲ့အပေါ် နိုင်ငံရေးလေ့လာသူတွေ၊ အစိုးရအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ မျှော်လင့်ချက်ကိုလည်း တင်ပြပေးမှာဖြစ်ပါတယ်။ https://www.youtube.com/watch?v=YLnQapTURQU&feature=youtu.be

မော်ဦးမြာရေးသားသည်။ NLD အစိုးရလက်ထက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့အကြား တရားဝင်တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဖက်သဘောတူညီချက်သည် ကယားပြည်နယ်အတွက် ငြိမ်းချမ်းရေး အရိပ်အရောင်များကို ပုံဖေါ်ရန် ယခင်ကထက်အားကောင်းသော ကနဦးခြေလှမ်းအစဟု မှတ်ယူနိုင်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့၏ ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို လွိုင်ကော်မြို့၌ ဧပြီ ၂၆ နှင့် ၂ရ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ယင်း ၂ ရက်တာ အတောအတွင်း နှစ်ဘက်၏ ဆွေးနွေးချက်များသည် အကြိတ်အနယ်ဖြစ်ခဲ့သည်။ အချို့သော ညှိနှိုင်းချက်များသည် နှစ်ဘက်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေရှိနေသည်။ လိပ်တည်းခဲတည်းအခြေအနေမှ သဘောထားတင်းမာမှုများ ရှိသော်လည်း နောက်ဆုံးတွင် ပြေလည်ခဲ့ကာ ပူးတွဲသဘောတူညီချက်ထုတ်ပြန်နိုင်ခဲ့သည်။ မူလရည်ရွယ်ချက် အစိုးရ၏ […]

ဦးမြာ ၊ စိုးရယ် ဒီးမောဆိုမြို့နယ်ကနေ အရှေ့ဘက်ခြမ်း တစ်နာရီခရီးလောက်သွားရတဲ့ စစ်ဘေးရှောင်ခဲ့တဲ့ ကျေးရွာတစ်ရွာဖြစ်တဲ့ တဖိုကျေးရွာဟာဆိုရင် အခုချိန်ထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်တဲ့ ကျေးရွာလေးပဲဖြစ်ပါတယ်။ အဲ့ဒီကျေးရွာလေးဟာ အိမ်ခြေ ၂၃ အိမ်ခန့်ရှိပြီး တောင်ယာလုပ်ငန်းကိုသာ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာထဲက ဒေသခံတွေဟာ ၁၉၉၅-၁၉၉၆ခုနှစ် ဖြတ်လေးဖြတ်မှာ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်မှာ နေရပ်ကို ပြန်လည်နေထိုင်ကြတာ ဖြစ်ပါတယ်။ ယခင်က နေရာတော်တော်များများမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်စေ၊ တပ်မတော်တွေဖြစ်စေ ကျေးလက်နေ အမျိုးသားတွေကို ပေါ်တာထမ်းဖို့ ခေါ်ဆောင်သွားကြပါတယ်။ အဲ့ဒီထဲမှာလည်း တဖိုကျေးရွာက အမျိုးသားတွေ ပါဝင်ခဲ့ပါတယ်။ စစ်ဘေးတိမ်းရှောင်ရတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ခက်ခဲစွာ ဖြတ်သန်းခဲ့ရသလို မိမိတို့ ကျေးရွာမှာ […]

ထျိုးမြာ ကယားပြည်နယ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအလယ်ပိုင်းမှအောက်ပိုင်းတစ်ခုုလုံးတွင် ငြိမ်းချမ်းရေးအလင်းရောင်ထွန်းလင်းတောက်ပံ့ရန် အလားအလာရှိမရှိ အဆုံးအဖြတ်ပေးမည့်ပွဲဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကပြောပါသည်။ ကယားပြည်နယ် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC) တို့၏တွေ့ဆုံဆွေးနွေးပွဲ၌ အဖွင့်နုတ်ဆက်စကားပြောကြားရာတွင် ပြောသွားခြင်းဖြစ်သည်။ “ဒီနေ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းက နေ အောင်ပိုင်းတစ်ခုုလုံးငြိမ်းချမ်းရေး အလင်းရောင် ထွန်းလင်းတောက်ပံ့ဖို့အတွက်ကို အလားအလာရှိ မရှိ အဆုံးအဖြတ် ပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဆွေးနွေးတဲ့အခါမှာ ကယားပြည်နယ် ပြည်သူတွေလူထုတွေ အထူးပဲလိုလားတောင်းတတဲ့ ပဏမ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခုကို ထူထောင်နိင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ”ဟု […]

မူအက်စတာ   KNPP ၏ ဆက်ဆံရေးရုံးခွဲ(ဖားဆောင်း)သည့် တရားမဝင်သဖြင့် မြန်မာစစ်တပ်မှ သိမ်းဆည်းသွားရန် အစီအစဉ်ရှိကြောင်း လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှာ မမှန်ကန်ကြောင်း KNPP ဆက်ဆံရေးရုံး(လွိုင်ကော်မြို့)၏ ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ဧပြီလ ရ ရက်နေ့က အတည်ပြုပြောကြားသည်။   “တရားဝင် သူတို့ပြောလာတာ။ ဥပမာ ကျွန်တော်တို့ဆီ ကန့်ကွက်စာပို့လာတယ်၊ ဖယ်ပေးပါ နေလို့မရဘူး အဲ့လိုပြောရမယ်၊ နောက်ပြီးသူ လူခေါ်တွေ့ရမယ်၊ တရားမဝင်ဖြစ်နေတယ် သူပြောရမယ်လေး ကျွန်တော်တို့က ဘာမှမသိဘူးဖြစ်နေတယ်လေး” ဟု ဧပြီလ ၅ ရက်နေ့မှစ၍ ပျံ့နှံ့နေသည့်သတင်းအပေါ် ခူးညေးရယ်က တုန့်ပြန်ပြောသည်။   ဖားဆောင်းမြို့နယ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)က […]