ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရဲ့ ပါဝင်ပတ်သက်မှု ဘယ်လိုရှိနေလဲ။ အဲ့ဒီအကြောင်းကို ငြိမ်းချမ်းရေး လေ့လာသူ လူမှုအသင်းအဖွဲ့က သူတချို့ရဲ့ အသံကိုဖော်ပြပေးလိုက်ပါတယ်။ ကိုကျော်ထင်အောင် (LAIN နည်းပညာပြုအထောက်အကူအဖွဲ့၊ ဘုတ်ဥက္ကဌ) ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တိုင်းရင်းသားရေးရာကော်မတီပိုင်းဆိုင်ရာတွေက ငြိမ်းချမ်းရေးအပိုင်းကို လုပ်ရတာရှိတယ်။ သို့သော် အဲဒီကော်မတီထဲ ပါဝင်ရတဲ့သူတွေဟာ ၂၁ရာစုပင်လုံလို အခမ်းအနားကြီးကျင်းပမှသာလျှင် ပွဲတက်အဆင့်လောက်သာပါနေရတာကိုတွေ့ရတယ်။ ပြီးတော့ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် လက်ရှိ NRPC နဲ့တွဲပြီးတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ပြည်သူ့လွှတ်တော်တစ်ဦး အမျိုးသားလွှတ်တော်တစ်ဦး ကော်မတီတွေကနေ ပါတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်မှုတွေမတွေ့ရဘူး။ နဂိုမူလ ဦးအောင်စိုး လုပ်ဆောင်ရာကနေ ဦးအောင်စိုးကို အနားပေးပြီးတော့ လက်ရှိ ဦးဌေးဝင်အောင်လို့ခေါ်တဲ့ ကိုပြုံးချိုကနေပြီးတော့ လွှတ်တော်ကိုယ်စား ငြိမ်းချမ်း Process မှာ ပါဝင်ဆိုသော်လည်းပဲ […]

ကန္တာရဝတီတိုင်း(မ်) ၂နှစ်ကျော်ကြာမြှင့်ပြီဖြစ်တဲ့ ကေအန်ပီပီရဲဘော်သုံးဦး နဲ့ အရပ်သားတစ်ဦး အသတ်ခံရမှုဖြစ်စဉ်ကို ပြည်ထောင်စုအဆင့်မှာဆွေးနွေးထားသော်လည်းပဲ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု ရလဒ် မရှိသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ခူးထဲဘူးက ကန္တရဝတီတိုင်းမ် ကို မတ်လ ၃ရက်နေ့က ပြောပါတယ်။ “ယနေ့ထိတော့ ဘားမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းကလည်း မရှိသေးတဲ့အတွက် ရလဒ်ကတော့ မပေါ်သေးဘူး။ ဒါပေမယ့် ကျတော်တို့ကတော့ အဲဒါကို မမေ့ပါဘူး။ ပြည်ထောင်စုအဆင့်မှာတော့ နိုးဆော်ပေးနေတယ်” လို့ ခူးထဲဘူးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ကေအန်ပီပီရဲဘော်သုံးဦးနဲ့ အရပ်သားတဦး တို့ကို မြန်မာ့တပ်မတော်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ရလဒ်မထွက်ပေါ်သေးတာပဲဖြစ်တာကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းကို တပ်ပိုင်းဆိုင်ရာက […]

မော်ဦးမြာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ် နှစ်ဖက် သဘောတူညီထားတဲ့ အချက်တွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က မတ္လ ၃ ရက်နေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံမှု အပြီးမှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ ကျတော်တို့ တင်ပြဆွေးနွေးတာကတော့ သဘောတူညီထားတဲ့… စပြီးတော့ အပစ်ခတ်ရပ်စဲရေးလုပ်တုန်းက ပြည်နယ်အဆင့်မှာသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ကျတော်တို့ သေဘာတူညီထားတဲ့ အချက်အလက်အပေါ်မှာ ပြည်နယ်အစိုးရကနေပြီးတော့ လေးစားလိုက်နာပေးဖို့ အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ အချက်အလက်ကို ကျတော်တို့ တင်ပြတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့မှ အခု ဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ဒီသွားလာလုပ်ရှားမှုတွေပေါ့လေ။ ကျတော်တို့ သဘောတူညီမှုတွေနဲ့ ကွာဟချက်ဖြစ်နေတယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအပေါ်မှာ […]

ကန္တာရဝတီတိုင်း(မ်) စာရွက်ပေါ်မှာပဲ သဘောတူရေးထားတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က အားရကျေနပ်မှုမရှိတဲ့အတွက် အတုအယောင် ငြိမ်းချမ်းရေးကို မလိုချင်ဘူးလို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဗဟိုကောင်မတီ ဗဟိုနိုင်ငံရေးဌာနမှ တာဝန်ရှိသူ မာကုအီချစ်ထွန်းက ပြောပါတယ်။ “ကျတော်တို့က တကယ့် ဒီငြိမ်းချမ်းရေးက သိပ့်အရေးကြီးတာပေါ့ ဒါပေမဲ့ ဒီငြိမ်းချမ်းရေး အတုအယောင်ဖြစ်တဲ့ငြိမ်းချမ်းရေးတော့ ကျတော်တို့မလိုချင်ဘူး အပေါ်ယံသဘောနဲ့စာရွက်ပေါ်မှာရေးထားတဲ့ ငြိမ်းချမ်းရေးလိုမျိုးဆိုရင်တော့ ကျတော်တို့အနေနဲ့အားမရဘူး ဒါငြိမ်းချမ်းရေးလို့တော့ ကျတော်တို့ခေါ်လို့လဲမရပါဘူး” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သတ်လာရင်တော့ပြည်နယ်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကိုက်ညီတဲ့ငြိမ်းချမ်းရေးအခြေအနေကို တိုက်တွန်းလုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ ကယားပြည်နယ်အတွင်းမှာ အဓိက ကြုံတွေ့နေရတဲ့ ပြသာနာတွေကတော့ နိုင်ငံရေး၊ လူမှုရေးပြသာနာတွေ လက်နက်ကိုင်ပဋိပက္ခတွေနှင့် တောင်သူအရေးကိစ္စရပ်တွေ ဖြစ်ပါတယ်။ ထိုအချက်တွေကို ကြည့်ခြင်းအားဖြင့် လက်ရှိ ကရင်နီပြည်နယ်မှာ ငြိမ်းချမ်းရေးမရသေးပဲ […]

ကန္တာရဝတီတိုင်း(မ်) ဒီးမောဆိုမြို့ နယ် ထီးဖိုးကလိုးကျေးရွာတွင် ၁၀၂ တပ်ရင်းမှ တည်ဆောက်ထားသည့် တပ်စခန်းတိုးချဲ့ ပြုပြင်ရန်လိုအပ်တဲ့အတွက်လို့ ဆိုပြီး ထီးဖိုးကလိုး တပ်စခန်းမှုး ဗိုလ်မှုးလှမိုးမှ ထီးဖိုးကလိုးအုပ်စုအတွင်းက ကျေးရွာများကို သစ်၊ ဝါး များ တောင်းယူခဲ့တယ်လို့ ကျေးရွာဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။ “ သူတို့ တပ် ပြုပြင်ဖို့ဆိုပြီးတော့ တောင်းတယ်။ ထီးဖိုးကလိုးရွာမှာ တပ်စခန်း ရှိတယ်လေ။ ဒါပေမဲ့ လာသယ်သွားတာတော့ တပ်ရင်း ၁၀၂ အထိ သယ်သွားတယ်။” လို့ ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောပါတယ်။ ၎င်းတို့ တောင်းယူထားတဲ့ သစ်၊ ဝါးများကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ကား ၆ […]

မော်ဦးမြာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ထိုးပြီး ၂၀၁၂ခုနှစ်နှစ်နောက်ပိုင်းမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆက်လက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ဖို့ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖားဆောင်းမြို့ တွေအသီးသီးမှာ ဆက်ဆံရေးရုံးတွေ ထားရှိခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးရုံးတွေထားပြီးနောက်ပိုင်း ပစ်ခတ်ရပ်စဲရေး သဘောတူထားတာ ၈ နှစ်နီးပါးအတော်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် လူထုတွေအတွက် ဘာတွေ ဆောင်ရွက်နေပြီလဲဆိုတာ တွေနဲ့ပါတ်သက်လို့ ( KNPP) ၏ ရှားတောမြို့ နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်နှင့် တွေ့ ဆုံမေးမြန်းထားတာ ကောက်နုတ်တင်ပြလိုက်ရပါတယ်။ ကန္တာရဝတီတိုင်း(မ်) ။ ။ မင်္ဂလာပါဆရာ ဆရာတို့ ရှားတောမြို့ နယ်ရဲ့ ဆက်ဆံရေးရုံးမှာ အခုလက်ရှိ […]

မော်ဦးမြာ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် ယခင် ဖြတ်လေးဖြတ်စစ်ဘေးဒဏ်ခံရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာတွေ ကျေးရွာတွေ တော်တော်များများ ပျက်စီးခံခဲ့ရပါတယ်။ တချို့ဒေသခံတွေအများစုက နယ်စပ် ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်ကြသလို ရှားတော့မြို့ပေါ်က စုစည်းရွာမှာလည်း သွားရောက်ပြေးရှောင်နေထိုင်ခဲ့ကြပါတယ်။ အခုချိန်ထိ ကျေးရွာကို မပြန်နိုင်နိုင်ကြသေးပါဘူး။ တချို့အနည်းအကျဉ်းကတော့ တောင်ယာတွေ ပြန်ခုတ်စားတဲ့သူ ရှိပါတယ်။ အရင်ကဆိုရင် ရှာတောမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ထိ ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျေးရွာပေါက်တာ ၂၀ ကျော်ကျော်လောက်သာ ရှိပါတော့တယ်။ နယ်မြေမငြိမ်းချမ်းလို့ အခုချိန်ထိ ဒေသခံတွေရဲ့ ရင်ထဲမှာ ဘာတွေ ခံစားနေရလဲ၊ ယနေ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုမြင်ကြပါသလဲဆိုတာနဲ့ပါတ်သက်လို့ ရှားတောမြို့နယ်မှ ဒေသခံတွေ အမြင်ကို မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ရှားတောမြို့နယ်တွင်း အခြေပြုလှုပ်ရှားနေတဲ့ အစိုးရတပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပြောက်ကျားတပ်ဖွဲ့အခြေပြုရာ နေရာကို လိုက်လံရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရှားတောမြို့နယ် KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ပြောကြားချက်အရ သိရပါတယ်။ အစိုးရတပ် ၇၂ မှ ဒု-တပ်ရင်းမှူးဦးဆောင်တဲ့ အင်အား ၂၀ ခန့်ပါအဖွဲ့က ယခုလ (၂၀) ရက်နေ့က နယ်မြေကျွမ်းကျင် အရပ်သားပြည်သူတစ်ဦးကို ခေါ်ဆောင်ပြီး လိုက်လံရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တပ်မတော်လှုပ်ရှားစစ်ကြောင်းမှ KNPP သစ်ထုတ်လုပ်နေမှုကို ဖမ်းဆီးမည်ဟုအကြောင်းပြချက်ဖြင့် အရပ်သားကိုခေါ်ဆောင်လမ်းပြခိုင်းခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ KNPP အနေဖြင့်သစ်ထုတ်လုပ်ခြင်းမရှိဘဲ ဒေသခံများအိမ်ဆောက်ရန်နှင့် လိုအပ်တဲ့ အဆောက်အဦးဆောက်လုပ်ဖို့ သစ်ကို အကန့်အသတ်ဖြင့် ခုတ်ခွင့်ပေးထားခြင်းသာဖြစ်တယ်လို့ ရှားတောမြို့ KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ဆရာတော်ရယ်က […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့ရဲ့ အနောက်ဘက်ခြမ်းဒေသဘက်တွေမှာဆို ကယော၊ ကယား၊ ကော်ယော် မျိုးနွယ်စုတွေ အများဆုံးနေထိုင်ကြပါတယ်။ အဲဒီဒေသဘက်ကိုသွားဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေအရင်က မကြာခဏကြုံတွေ့ခဲ့ရတဲ့ ဒဏ်တွေကြောင့်လည်း ယခုချိန်ထိ ဖွံ့ဖြိုးမှု အစစအရာရာနောက်ကျကျန်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ်ဝေါဟာရနဲ့ ပတ်သက်လို့ အသက် ၇၀ နီးပါးရှိနေပြီဖြစ်တဲ့ ကယောအမျိုးသမီး ထေခိုကျေးရွာမှ ဒေါ်ထရိုးအူ ကတော့ အခုလို ဖွင့်ဆိုလိုက်ပါတယ်။ “ငြိမ်းချမ်းရေးဆိုတာ ထိုင်းကပြန်လာတဲ့ တဖွဲ့ရှိတယ်။ ဒီမှာတွေလည်းရှိတယ်။ နေရာတကာမှာလည်းရှိနေမှာပဲ ထင်တယ်။” ၁၉၉၅/၉၆ ခုနှစ် မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီးနောက်မှာ အစိုးရစစ်တပ်နဲ့အပြင် ငြိမ်းချမ်းရေးယူထားတဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ အဲဒီဒေသဘက်မှာ ဖြစ်ပွားခဲ့တာတွေ […]

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးထုတွေက မရှိမဖြစ် ပါဝင်ဖို့ အရေးကြီးတယ်လို့ ယနေ့ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေက ခံယူထားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့ နဲ့ အလှမ်းဝေးတဲ့ ကယောဒေသဘက်မှာရှိတဲ့ အမျိုးသမီးထုတွေကို ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိုဆိုကျေးရွာအုပ်စု ဒေါကူလယ်ရွာနေ ဒေါ်ခူလာဖေါ “ကျေးလက်တွေဘက်က ကျမတို့အမျိုးသမီးအပိုင်းတွေမှာ ဘယ်လိုပြောရမလဲ ပါဝင်ခွင့်အားနည်းတယ်ပေါ့။ ကျမတို့လိုချင်တဲ့အရာကိုတွေကို သိပ်ပြီး ဦးစားမပေးခံရဘူး။ အဲလိုမျိုးပေါ့။ ကျမတို့ဟန့်တားထားတယ်ဆိုတာက ခွဲခြားတာတစ်ခုနဲ့ဟန့်တားထားတယ်၊နောက်ပီး အမျိုးသမီးတွေပြောဆိုတဲ့ဟာ အကြုံပေးတဲ့ဟာတွေက သိပ်ပြီးတော့ အရေးမယူတော့ အဟန့်အတားဖြစ်စေတာပေါ့။ ဒေါခရော့ခူကျေးရွာမှ ကျေးရွာဥက္ကဌ ကိုဖရန်စစ်စကို “ အမျိုးသမီးတွေက ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်တယ်လို့ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ အမျိုးသားပဲ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့မရသလို အမျိုးသမီးလဲပါဝင်သင့်ပါတာပေါ့။ […]