ကန္တာရဝတီတိုင်း(မ်) ကလေးတွေနဲ့မိခင်တွေ အမျိုးသမီးတွေအများစုလိုက်စီးလာတဲ့ ထော်လဂျီစက်တစ်စီးဟာဆိုရင် ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့ကို ပုံမှန် တစ်ပတ်တစ်ကြိမ်ရောက်ရှိလာစမြဲပါ။ သူတို့တွေဟာဆိုရင် ဒေါဆိုရှေးကျေးရွာကနေ လာကြတဲ့သူတွေဖြစ်ကြပါတယ်။ ထော်လဂျီစက်ပေါ်မှာဆိုလျှင် အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခြောက်တွေ၊ထမင်းဗူးတွေက ပုလိုင်းတွေ၊ ခြင်းတောင်းတွေနဲ့အပြည့်တွေ့ရမှာဖြစ်ပါတယ်။ တရားရုံးချိန်းရှိတုန်း သူတို့ရဲ့ အမျိုးသားတွေအတွက် ထောင်ထဲမှာစားစရာတွေသယ်သွားနိုင်ဖို့အရောက်လာပို့ ပေးကြတာဖြစ်ပါတယ်။ တချို့အမျိုးသားတွေကတော့ ဆိုင်ကယ်တွေနဲ့ စားစရာတွေသယ်လာပြီးတော့ သူတို့သားတွေကိုလာပို့ဖို့ ရောက်လာကြပါတယ်။ ဒေါဆိုရှေးတောင်သူတစ်ဦးဖြစ်တဲ့ ဦးလီဖဲက “ကျနော့်သားကို ကျနော်လာကြည့်တာ ဘာမှလည်း မကျွေးနိုင်ဘူး၊ မယူလာနိုင်ဘူး။ ဒါပေမဲ့ သူ့ကို တွေ့ချင်တော့ ရုံးချိန်းတိုင်း ကျနော်လာတယ်။ အရမ်းခက်ခဲပင်ပန်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လုပ်ဖို့လည်း သူ့ကလေးတွေလည်း အရမ်းငယ်သေးတယ်။ ကျနော်လည်း သူ့ကို မကူညီနိုင်ဘူး။ အချုပ်ကျတာလည်း ၂ လ […]

မော်ဦးမြာ မြန်မာ့ငြိမ်းချမ်းရေးသည် နောက်ပြန်ဆုတ်နေခြင်းလားဆိုပြီး ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက မေးခွန်းထုတ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသ (ကချင်၊ ရခိုင်၊ ရှမ်းမြောက်)တွေမှာ တစ်ကျော့ပြန် စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခြင်းလည်းပါပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီးသားဖြစ်တဲ့ဒေသတွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။ “အခုချိန်ထိရပ်တန့်နေမလားလို့ ပြောလို့ မရဘဲနောက်ကိုများ ပြန်ဆုတ်နေမလားလို့ ပြောလို့ ရတဲ့အခြေအနေမျိုးမှာရှိပါတယ်။ အထူးသဖြင့်ကတော့ လက်ရှိဒီ NCA ထိုးပြီးနောက်ပိုင်းမှာ NLD အစိုးရရဲ့ သွားနေတဲ့လမ်းကြောင်းကို တချို့ကိစ္စတွေမှာ ရှေ့ဆက်ကို မတိုးနိုင်တဲ့ပုံစံတခုကို တွေ့ရတယ်ပေ့ါနော။ အဲ့ဒီဟာလည်း တခါတလေကျရင် ကျတော်တို့ တချို့ သီအိုရီအရကြည့်မယ်ဆိုရင် ကျတော်တို့က မသွားနိုင်ဘူးဆိုရင် ပြန်ကျသွားတဲ့အဓိပ္ဗါယ်ရှိတယ်ပေါ့ ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ […]

မော်ဦးမြာ ရေးသားသည်။ ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ ပါဝင်ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတာ လပိုင်းအတွင်းသာ ရှိသေးတဲ့ ဒေါ်ပိုးမယ်ကတော့ ဝါးထရံ ကာပြီး သွပ်မိုး မိုးထားတဲ့ ခြေတိုင်ရှည် အိမ်ငယ်လေးမှာ အမျိုးသားနဲ့အတူ မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေပါတယ်။ နေရပ်ကို ပြန်ရောက်တာ မကြာသေးတာ ဖြစ်တဲ့အတွက် အိမ်ထဲမှာတော့ ပစ္စည်းတွေက တခြားအိမ်တွေလောက်တော့ သိပ်မများလှ။ နေ့စဉ် မျှသုံးလို့ရနိုင်တဲ့ အသုံးအဆောင်ပစ္စည်းလောက်သာ ရှိသေးတယ်။ သူမကတော့ ရှားတောမြို့နယ် ဖရေစိုးလေးဒေသက လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေသေးတဲ့ ဒေါဆော်ဘူးကျေးရွာမှာ နေထိုင်ပါတယ်။ သူမကတော့ ဖြတ်လေးဖြတ်မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်းနေရင်းနဲ့ ကရင်နီဒုက္ခသည်စခန်းကို ရောက်ရှိသွားပါတယ်။ “အခုက ကျမတို့ တောင်ယာလုပ်တယ်။ လယ်နဲနဲတော့ရှိတယ် ဒါပေမဲ့ သစ်ပင်တွေ […]

ဦးမြာ၊ မီမြာ ပြည်တွင်းတိုက်ပွဲများဖြစ်ပွားသဖြင့် ၂၀၁၉ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ဟု (NETWORK FOR HUMAN RIGHTS DOCUMENTATION-BURMA) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ လွေးချီ,ဆငါး ကပြောပါသည်။ “လူ့အခွင့်အရေးချိုးဖောက်မှု တိုက်ပွဲအသေးမှာ ဖြစ်သလို တိုက်ပွဲအကြီးတွေဆိုရင်တော့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖမ်းဆီးတာ ပေါတာဆွဲအပိုင်းတွေ အဲ့လိုမျိူးတွေ ကနောက်လိုက်လာတဲ့အပိုင်းတွေကများလာတယ်။”ဟု လွေးချီ,ဆငါးက ပြောပါသည်။ ၂၀၁၈ခုနှစ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ၅၂ခုနှင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တိုင်းဒေသကြီးနှင့်ပြည်နယ်ရခုအတွင်း လူအခွင့်အရေးချိုးဖောက်မှု ၂၃၉ ခုရှိခဲ့သည်ဟု ND-Burma မှမှတ်တမ်းအရသိရသည်။ ၂၀၁၉ခုနှစ်၆လအတွင်း မှတ်တမ်းတင်နိုင်မှုက ၂၀၁၈ခုနှစ်တစ်နှစ်လုံးမှတ်တမ်းတင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထက်၃၆ဝ ရာခိုင်နှုန်းပိုများလာကြောင်း ၎င်းမှတ်တမ်းတွင် ဖော်ပြပါရှိပါသည်။ ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်လာခြင်းနှင့် […]

မော်ဦးမြာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ တစ်စို့နေတဲ့ နေအထားမှာရှိနေပြီး အားကောင်းမှုမရှိတဲ့ အပြင် အားလုံးပါဝင်နိုင်ခြင်းမရှိသေးတဲ့အတွက် ခိုုင်မာမှုလည်း မရှိနေသေးတာကတစ်ကြောင်း၊ အမျိုးသမီးတွေ အတွက်လည်း လုံခြုံမှု မပေးနိုင်တာကတစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက် ပြည်သူလူထုတွေအတွက်လည်း လုံခြုံမှု မရှိနေပါဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO ) မှ မမီးမီးက ပြောပါတယ်။ မကြာမီရက်ပိုင်းအတွင်းက တွေ့ဆုံမေးမြန်းရာမှာ စစ်ဘေးရဲ့ အကျိုးဆက်က ဘယ်သူ့အပေါ်မှာ အကျိုးသက်ရောက်မှု များသလဲ၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က အမျိုးသမီးတွေအတွက် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်ပြီလဲ ၊ နှစ်ရှည် ပြည်တွင်းစစ်ကြောင့် ကရင်နီအမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကြောင်းဆုံမေးမြန်းခဲ့ပါတယ်။ မေး ။ ။ ဆရာမတို့အနေနဲ့ စစ်ရှောင် […]

မော်ဦးမြာ ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့သည် ဇူလိုင်လ ၁ရ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်သွားကြသည်။ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများ၊ ပြည်နယ်အတွင်းဖြစ်ပျက်နေသည့် ကိစ္စရပ်များကို အစိုးရ၏ ဆောင်ရွက်နေမှုအပေါ် KNPP ၏ သဘောထားကို ကန္တာရဝတီတိုင်း(မ်)မှ KNPP ဒု-ဥက္ကဌ ခူဦးရယ်နှင့် တွေ့ဆုံမေးမြန်းထားသည့် အကြောင်းအရာများကို တင်ပြလိုက်ရပါသည်။ မေး ။ ။ ဆရာတို့ သွားနေတဲ့ NCA လမ်းကြောင်း အခြေအနေလေး ဘယ်လိုရှိပါသလဲ။ ဆရာတို့ရဲ့ ဆွေးနွေးချက်တွေက NCA လမ်းကြောင်းပေါ်ကို […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးသည် နိုင်ငံရေးအင်အားစုများအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေသည်ဟု ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg ကန္တာရဝတီတိုင်း(မ်)သို့ အကြံပြုပြောကြားသွားပါသည်။ “ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် တနိုင်ငံလုံးတည်းဆောက်နေတုန်းပဲ။ အချင်းချင်းယုံကြည်မှုမရှိကြပါဘူး။ အဲဒါက ရှေ့တိုးဖို့ကို တော်တော်လေးနောက်နှေးစေတယ်” ဟုရန်ကုန်မြို့၊  ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborgက ပြောပါသည်။ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg သည် ဩဂုတ်လ ၈ ရက်နေ့ တွင် ကယားပြည်နယ်သို့ ရောက်ရှိစဉ် ် ပြောဆိုသွားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေကြခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရများကလည်း ယုံကြည်မှုအားနည်းနေကြခြင်းတို့ […]

ထူးချစ်ရေးသားသည်။ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်၊ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်၊ ပြည်နယ်အစုိုးရမှ ၂၀၁၈-ခုနှစ် နှစ်ဦးပိုင်းကစပြီး ပြင်ဆင်ဆောင်ရွက်ချက်များပြုလုပ်ခဲ့သည်။ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်မည်ဟုကြားသည့် အချိန်မှစတင်ပြီး၊ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်( NLD) ပါတီကို နိုင်ငံရေးအရ ဝိုင်းရံခဲ့ဖူးသည့် တိုးတက်သောအမြင်ရှိသည့် ကရင်နီလူငယ်များဦးဆောင်ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ကရင်နီလူငယ်များအနေနှင့်၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဒေသတွင်းပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုံရိပ်ထိခိုက်လာနိုင်မှုများကို လူငယ်များအနေနှင့် ကြိုတင်တွက်ချက်ထားပုံရ၏။ ကရင်နီလူငယ်များအနေနှင့် ကရင်နီ( ကယား) ပြည်နယ် ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကရင်နီသမိုင်းကြောင်းနှင့်အတူ ဒေသခံလူထုများအကြား ကန့်ကွက်စာများဖြန့်ဝေခဲ့၏။ ငြိမ်းချမ်းစွာ လက်ကမ်းစာစောင်များ ဖြန့်ဝေမှုနှင့် အဆိုပါလူငယ်များ အဖမ်းခံ၊ တရားစွဲခံခဲ့ကြရ၏။ […]

“အဓိက တပ်လှုပ်ရှားသွားလာမှုတို့ ပြောဆိုမှုတို့ ယုံကြည်မှုကို ထိခိုက်စေမယ့် အပြုအမူတွေပေါ့ ကျတော်တို့ဖက်က စိုးရိမ်မှုတွေ တင်ပြခဲ့တယ်။” နော်ဒွေးအယ်ခူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဇူလိုင်လ ၁ရ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် တပ်မတော် ကိုယ်စားလှယ်တို့နှင့်လည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ရက်သာအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် သဘောတူဆုံးဖြတ်ချက် ရလဒ်များအခြေအနေကို ကန္တာရဝတီတိုင်း(မ်)မှ KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးကို တွေ့ဆုံမေးမြန်းထားသည့် အကြောင်းအရာများကို တင်ပြလိုက်ရပါသည်။ မေး။ ။ ငြိမ်းချမ်းရေးတွေ့ဆုံ […]

ကန္တာရဝတီတိုင်းမ် လက်ရှိကယားပြည်နယ်အတွင်းတွင် စစ်တပ်ဘက်မှ တပ်စခန်းတိုးချဲ့ နေထိုင်လာမှုသည် ဒေသခံတွေအတွက် ခြိမ်းခြောက်ထိတ်လန့်မှုများဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်မည်ကို စိုးရိမ်မှုများရှိနေကြသည်။ ထို့အပြင် မြေလွတ်မြေလပ်၊မြေရိုင်းဥပဒေကြောင့် နောက်ဆက်တွဲ ပြည်သူလူထုများသည် ဘိုးဘွာစဉ်ဆက်က လုပ်ကိုင်စားလာသည့် မြေယာကိုဆုံးရှုံးနေကြရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် တည်ထားပြီးနောက် ကရင်နီလူငယ်ကို အစိုးရက ပြန်တရားစွဲခြင်း စသည့် ပြည်နယ်၏ ပဋိပက္ခများသည် ငြိမ်းချမ်းရေးကို တနည်းတဖုံ အကျိုးသက်ရောက်လာစေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ပြောဆိုနေကြပါသည်။ ထိုအကြောင်းအရာများကို ပြည်နယ်အစိုးရအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်သည့်နေရာတွင် မည်ကဲ့သို့ အခြေအနေကြုံတွေ့နေရကြောင်းကို ကန္တာရဝတီတိုင်းမ်မှ ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာပံ့ပိုးသူ ဆရာမာတီးယာနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ပြပေးလိုက်ပါသည်။ မေး။ ။ ကယားပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ ဘာပြောချင်လဲ။ […]