မော်ဦးမြာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်ခူအုပ်စုအတွင်းတွင် ကလေးများ ကျောင်းတက်နိုင်ရန် အလယ်တန်းကျောင်းတစ်ကျောင်း တိုးမြင့်ချထားစေလိုကြောင်း ဒေသခံများက လိုလားနေကြပါသည်။ ̏ ဒီဖရူဆို မြို့နယ် တော်ခူအုပ်စုတစ်စုလုံးက အလယ်တန်းကျောင်းတစ်ကျောင်းမှ မရှိသေးဘူး။ အခုလောလောဆယ်တော့ ပလဲလယ်ကျောင်းမှာ မူလွန်ကျောင်း( ၅တန်းအထိ) ဒီနှစ်မှပဲရတယ်။ တကယ်လို့ မူလွန်ကျောင်းရမယ်ဆိုရင် တခြားရွာတွေလည်းလာနေဖို့ရှိမယ်။ ၆ရွာလောက် ကျောင်းလာတက်နိုင်မယ် ˝ဟု ပလဲလယ်ကျေးရွာ ဒေသခံ ဦးမိုးဇက်က ပြောသည်။ ပလဲလယ်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်သည့် ကျေးရွာဖြစ်သည်။ မြေသားလမ်းသာ ဖောက်လုပ်ထားသေးသည့်အတွက် မိုးတွင်းကာလတွင် သွားလာရခက်ခဲနေသေးကြောင်း ဒေသခံများက ပြောသည်။ ကျေးရွာပေါင်း ၁၁ ရွာရှိနေသော်လည်း ယနေ့အချိန်ထိ အလယ်တန်းကျောင်းတစ်ကျောင်းမျှ မရှိသေးသည့်အတွက် အထူးလိုအပ်နေကြောင်း ၎င်းက […]

ခူးကိုရယ် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာနှင့် ထီးသော်တနီးကူးကျေးရွာတို့တွင် စာသင်ကျောင်းများကို ကိုယ်ထူကိုယ်ထဆောက်လုပ်နေရသဖြင့် အစိုးရကျောင်း လိုအပ်နေသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။ “ စာသင်ကျောင်းကျတော့ ဆရာမရှိပါတယ်၊ အစိုးရကျောင်းဘဲ လိုချင်တယ်လေ၊ ကျွန်တော်တို့ကျောင်းက အစိုးရကျောင်းမဟုတ်ဘူး၊ ကိုယ်ထူကိုယ်ထပဲပေ့ါ၊ အစကဆို ကျွန်တော်တို့လောထောတနော ဟာလိုမျိုးတွဲဖက်ကျောင်းပေါ့၊ နောက်ဆရာမတောင်းတော့ ခုကနည်းနည်းထပ်ချဲ့တာပေါ၊့ ကိုယ်ထူကိုယ်ထပဲ၊ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ရွာက ဒိုးပရယ်အုပ်စုနာမည်ခံရှိပြီးတော့ ကျောင်းကတော့ တစ်ခုမှ မရတတ်ဘူးလေ၊ ကျွန်တော်ဆို အခြားကျောင်းတွေကို အားကျတာပေါ့၊ ငယ်ငယ်တုန်းကတည်းက ကျောင်းမရှိတော့ ကျွန်တော်စာမတတ်တာလည်း ခုလို အခြေအနေကြောင့်ပဲလေ” ဟု ဒိုးပရယ်ကျေးရွာ ဥက္ကဌ ဦးဘျားရယ်က ပြောသည်။ ဒိုးပရယ်ကျေးရွာတွင် အိမ်ခြေ(၄၉) ရှိပြီး မူလတန်းကျောင်းသာ ရှိပြီး ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် […]

က န္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်းရှိ အခြေခံပညာရေးဆက်လက်သင်ယူနိုင်ရန် အခက်အခဲရှိသည့် ဒေသခံ ကျောင်းသူ/သားများကို အထောက်အပံ့ပေးနေသည်ဟု မော့ဒူကလားမေး လူမှုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ ဦးဖိုးရယ်က ပြောပါသည်။ “ကယားရိုးရာကိုးကွယ်တဲ့ရွာတွေဆိုရင် အဘက်ဘက်ကနေ ပညာရေးဘက်မှာ အားနည်းတယ် နိမ့်ကျတယ်။” ဟု ဦးဖိုးရယ်က ပြောပါသည်။ ပညာသင်ကြားနိုင်ရန်အတွက် အခက်အခဲရှိသည့် ကျောင်းသူ/သားများကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက် မော့ဒူကလားမေးလူမှုဖွံ့ဖြိုးရေးအသင်းမှ ဘော်ဒါဆောင်ဖွင့်လှစ်ပေးကာ ကျောင်းဆက်လက်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ ၎င်းဘော်ဒါဆောင်တွင် အဓိကဝေးလံခေါင်ဖျားသည့် နေရာဒေသအချို့ နှင့် ဆင်းရဲနွမ်းပါးသည့် ကလေးများကို ဦးစားပေးလက်ခံ ပေးသွားသည်ဟု အဆောင်မှူးဖြစ်သူ ဒေါ်အော့မိုက ပြောသည်။ ” တောရွာတွေမှာ ခုချိန်ထိ လုံးဝပညာမတတ်သေးတဲ့ နေရာမျိုးတွေမှာ ရှိနေသေးတယ်။ အဲမျိုးနေရာလိုက်ရှာပြီးဆွဲခေါ်ပေးတယ်။” […]

ခူးဖရဲရယ် ထိုင်း-မြန်မာ နယ်စပ် ကရင်နီဒုက္ခသည်အမှတ် ၁ စခန်းရှိ ကရင်နီပညာရေးဌာန လက်အောက်ဖြစ်သည့် သင်ရိုးညွန်းတမ်းဖွံ ့ဖြိုးရေးဌာနနှင့် ကရင်နီအမျိုးသမီးအစည်းအရုံး လက်အောက်ရှိ မူကြိုအဖွဲ့မှ ပူးပေါင်းပြီး လာမည့် ၂၀၁၉-၂ဝ ပညာသင်နှစ်မှာ KG တန်းကို သင်ရိုးညွန်းတမ်းအသစ်နှင့် သင်ကြားနိုင်ရန်အတွက် စတင်ပြုပြင်ရေးဆွဲနေပါသည်။ MTBMLE (Mother Tongue Based Multi Logical Education) မိခင်ဘာသာစကား အခြေပြု ပညာရေးစနစ်ဖြစ် ပြုပြင်ပြောင်းလဲနိုင်ရေးနှင့် နိုင်ငံတကာ စံချိန်စံနှုန်း ကိုက်ညီနိုင်ရန်အတွက် ရည်ရွယ်ပြီး လာမည့်နှစ်မှာ အခြေခံမူလတန်းအဆင့်မှ စတင် အကောင်အထည်ဖော် နိုင်ရန်သင်ရိုးညွန်းတမ်းကို ပြုပြင်ရေးဆွဲရခြင်းဖြစ်သည်။ “ပထမဦးစားပေးက မိခင်ဘာသာစကား အခြေပြု ပညာရေးစနစ်ဖြစ် ပြောင်းလဲနိုင်အောင်ပေါ့။ လက်ရှိ သင်ကြားနေတဲ့ […]

ခူးဖရဲရယ် ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် ပညာသင်ကြားပြီး မိမိဆန္ဒအလျောက် နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ကရင်နီပညာရေးဌာနမှ ကြိုးစားဆောင်ရွက်ပေးနေသည်ဟု သိရသည်။ နေရပ်ဒေသေသို့ ပြန်သွားလိုသော ကျောင်းသား/သူများအတွက် ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာကို ပြီးခဲ့သည့် ဇန်နာဝါရီလက ကရင်နီဒုက္ခသည် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပြည်တွင်းရှိ ပညာရေးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမူများ ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။ “မိမိအရပ်ဒေသကို ပြန်သွားတဲ့ ကျောင်းသား/သူတိုင်း ကရင်နီပညာရေးဌာနရဲ ့ ထောက်ခံချက်ပါသွားဖို့လိုပါတယ်။ အဲဒီထောက်ခံချက်တွေကို ကယားပြည်နယ် ပညာဌာနကနေမှ သေချာစီစစ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပြုမှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲကို အခြေခံပြီး ကျောင်းသား/သူတွေ ပညာဆက်လက်သင်ခွင့်ရရှိဖို့ ဆောင်ရွှက်သွားမယ်လို့ သဘောတူကြပါတယ်”ဟု ကရင်နီပညာရေးဌာန ညွန်ကြားရေးမှူး ဆရာဘူးရယ်က ပြောသည်။ မိမိဆန္ဒအလျောက်ပြန်သွားသော ကျောင်းသား/သူများ၏ […]

ခူးဖရဲရယ် ကရင်နီဒုက္ခသည်ပညာရေးဌာန လက်အောက်ရှိ အခြေခံအထက်တန်းကျောင်းကို လာမည့် ၂၀၁၉-၂ဝ ခုနှစ် ပညာသင်နှစ်မှာ ဆယ့်နှစ်တန်းအဆင့်ထိ တိုးချဲဖွင့်လှစ်သွားမည်ဟု ကရင်နီပညာရေးဌာနထံမှ သိရပါသည်။ မြန်မာပညာရေးစနစ်သည် ဆယ့်နှစ်တန်းအဆင့်ထိ စတင်ကျင့်သုံးပြီး သင်ကြားနေပြီဖြစ်သည့်အတွက် ကရင်နီဒုက္ခသည်ပညာရေးသည်လည်း အနာဂတ်မှာ မိမိအရပ်ဒေသကို ပြန်သွားရင် ပညာရေးစနစ်ပေါင်းစပ်ရန်အတွက် လွယ်ကူစေရန် စတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ကရင်နီပညာရေးဌာန ညွန်ကြားရေးမှူး ဆရာဘူးရယ်က ပြောသည်။ “သင်ရိုးညွန်းတမ်းတွေ မတူပေမဲ့လည်း ပေါင်းစပ်နိုင်တဲ့ စနစ်တချို ့တစ်ဝက်တော့ လိုပါတယ်။ ဒါကြောင့် ဒီအနာဂါတ်မှာ စနစ်နှစ်ခုကို ပြန်ပြီးပေါင်းစပ်ဖို့ (သို့မဟုတ်) မိမိရဲ ့အမျိုးသားပညာရေးစနစ်နဲ့ ဆက်လက်ရပ်တည်နိုင်ဖို့က နိုင်ငံတကာမှာရှိတဲ့ ပညာရေးစနစ်တွေနဲ့ အနီးစပ်ဆုံးဖြစ်ဖို့လိုတယ်။ ဆ” ဟု ဆရာဘူးရယ်က ပြောသည်။ ကရင်နီဒုက္ခသည်အဆင့်မြင့် ပညာရေးကောလိပ်သည် […]

ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုရှိ ဆီးဘူးအထက်တန်းကျောင်းတွင် အလှူရှင်များ၏ အကူအညီဖြင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ သူ (၅၃၈) ဦးကို နေ့စဉ်အာဟာရတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ နေ့စဉ်အဟာရတိုက်ကျွေးနေသည့်အပေါ် ကျောင်းအုပ်ဆရာကြီး ဦးခွန်ဝင်းမြင့်က “အဆင်ပြေတဲ့ ဟာလေးတွေနဲ့ ကျောင်းဖွင့်တဲ့ နေ့တိုင်း၊ တစ်ပတ်မှာ ကျောင်း(၂) ရက်ပိတ်တယ်ဆိုတော့ ဒီ(၅)ရက်မှာ ပေါ့လေး။ ဆန်ပြုတ်တို့၊ မာမီးခေါက်ဆွဲတို့ မာမီးခေါက်ဆွဲဆိုလည်း တစ်မျိုးထဲမဟုတ်ဘူးပေါ့လေ။ အသီးအရွက်အဲ့လိုတွေပါမယ်။ ဆန်ပြုတ်ဆိုလည်း ကြက်သားဆန်ပြုတ်၊ တခါတလေလည်း ဝက်သားဆန်ပြုတ်၊ အမဲသားဆန်ပြုတ်ပေါ့လေး။ ဒါမျိုးတွေလုပ်ပေးတယ်။ နောက် သာကူပေါ့။ ဒါကတော့ အလှူရှင်တွေ သတ်မှတ်ပေးထားတဲ့ တစ်ရက် (၅) သောင်းနှုန်းလေးနဲ့ ကိုက်ညီအောင်လည်းပဲ ဒါမျိုးလေး ကျွေးပေးတာပေါ့လေ” ဟု […]

ကန္တာရဝတီတိုင်းမ် ဖရူဆိုမြို့နယ်၊ ရော်ဒေါ်ခေါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိဝန်ထမ်းများ အိမ်ရာမလုံလောက်၍ ဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏အိမ်တွင် နေထိုင်နေကြရသည်။ ̏ ဝန်ထမ်းအိမ်ရာက လိုအပ်တယ်၊ ဝန်ထမ်းအိမ်ရာမရှိတော့ ကျွန်တော်တို့ ဟိုဘက်မှာသုံးယောက်၊ အောက်ဘက်မှာနှစ်ယောက်၊ စစ္စတာကျောင်းမှာတစ်ယောက်အဲ့လိုနေရတယ်။ ဆရာ/မတွေအတွက်ကတော့ အဓိကဝန်ထမ်းအိမ်ရာကို လိုချင်ပါတယ်။ အခက်ခဲဆုံးက အဲ့ဒါဖြစ်နေတယ်။ ˝ဟု ရော်ဒေါ်ခေါကျေးရွာ မူ/လွန်ကျောင်းအုပ် ဦးအောင်ကိုလတ်က ပြောသည်။ ဆရာ/မများအားလုံးသည် ရပ်ဝေးမှဖြစ်ကြသည့်အတွက် ဝန်ထမ်းအိမ်ရာမလုံလောက်ဖြစ်နေသည်။ ထို့ကြောင့် နေရာအသီးသီးခွဲနေကြရသည်။ လက်ရှိကျေးရွာမှ ဆောက်လုပ်ပေးထားသည့် ဝါးထရံအိမ်တွင် ရပ်ဝေးမှဆရာမများနေထိုင်ကြသည်။ နေရာထိုင်ခင်းကျဉ်းကျပ်သည့်အတွက် ကက်သလစ်စစ္စတာကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ကျောင်းဆရာများနေထိုင်ကြရကြောင်း သိရသည်။ ̏ ဝန်ထမ်းရာအိမ်ကမလုံလောက်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနည်းဆုံး ဝန်ကြီးချုပ်လာတုန်းက တင်သွင်းမလို့ မေ့သွားတယ်၊ ဝန်ထမ်းရာအိမ်ကအရေးကြီးတယ် တစ်နှစ်ပြီးတစ်နှစ် ဝါးတွေနဲ့ဘဲ […]

ခွန်းကလိုင်းဖရီး ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ကနေ လွိုင်ကော်-တောင်ငူလမ်းအတိုင်း (၄၇) မိုင်လောက်သွားရင် ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုထဲက ဆီးဘူးဆိုတဲ့ ကျေးရွာကို ရောက်ပါတယ်။ အဲဒီကျေးရွာက လွိုင်ကော်-တောင်ငူလမ်းဘေးမှာရှိလို့ လမ်းပန်းဆက်သွယ်ရေး အတော်လေး အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်ခြေ (၁၅၀) လောက်ရှိတဲ့ အဲဒီကျေးရွာက ရွာသူ/သားတွေဟာ ကုန်းမြင့်တောင်ယာတွေနဲ့ လယ်တွေကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အဓိက လုပ်ကိုင်နေကြတာပါ။ ကယန်းအမျိုးသားတွေရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေထဲနယ်က အဲဒီကျေးရွာမှာ ကယန်းပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိသလို အစိုးရ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးနဲ့ ဒေသဖွံ့ဖြိုးရေးဈေးတွေရှိတာကြောင့် အလယ်ကယန်းကျေးရွာအုပ်စုမှာတော့ အချက်အခြာကျတဲ့ ကျေးရွာတစ်ရွာလို့လည်း ဆိုနိုင်ပါတယ်။ ကယန်းပြည်သစ်ပါတီနဲ့ အစိုးရတပ်မတော်တို့ ၁၉၉၄ ခုနှစ်မှာ […]

မူဂျာမီလှိုင် ရှမ်း/တောင် ဖယ်ခုံဒေသနှင့် ပင်လောင်းဒေသတို့ရှိ ကျောင်းသူကျောင်းသားများသည် တောင်ကြီးတက္ကသိုလ်ထက် လွိုင်ကော်တက္ကသိုလ်သည် ကုန်ကျစရိတ်သက်သာသဖြင့် လွိုင်ကော်သို့လာရောက်ကျောင်းတက်ကြသူများပြားနေကြောင်း သိရသည်။ “တောင်ကြီးက ကျူရှင်ခက လွိုင်ကော်ထက်ဈေးပိုများတာပေါ။့ အဆောင်တွေတော့ရှိတယ် ဒါပေမဲ့ လူတွေကအရမ်းကြပ်တယ်” ဟု တောင်ကြီးတက္ကသိုလ်တွင် တတိယနှစ် တက်နေသောကျောင်းသားတစ်ဦးက ဆိုသည်။ ဖယ်ခုံဒေသရှိ ကျောင်းသားအချို့မှာ လွိုင်ကော်မြို့သည် ၎င်းတို့သွားရေးလာရေးအတွက် ပိုအဆင်ပြေကြောင်းနှင့် စရိတ်ကြောင့် တက်ဖြစ်သွားကြောင်း ဆိုကြသည်။ “ရှမ်းပြည်မှာအောင်တယ်ဆိုပေမဲ့ ကယားပြည်နယ်က ကိုယ်တွေနဲ့နီးတယ် ပိုပြီးအဆင်ပြေတယ် တောင်ကြီးက အရမ်းဝေးတယ်လေ” ဟု ဖယ်ခုံမြို့နယ်မှာနေပြီး လွိုင်ကော်တက္ကသိုလ်သို့ နောက်ဆုံးနှစ်တက်နေသော မကယ်ရိုလှိုင်းက ပြောသည်။ လွိုင်ကော်တက္ကသိုလ်သည် ၎င်းတို့၏ဒေသနှင့် ပိုနီးသောကြောင့်နှင့် ကျူရှင်ခ အဆောင်ခ နှင့် ခရီးသွားလာရေးကုန်ကျစရိတ်များလည်းပိုသက်သာ သောကြောင့် ၎င်းကဆိုသည်။ […]