ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် ကယန်းတိုင်းရင်းသားစာပေသင်ကြားရာတွင် အခက်အခဲမရှိစေရန်အတွက် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကျောင်းချိန်ပြင်ပ သင်ကြားနေသည့်ဆရာ၊မ (၂၁၀)ဦးကို ဆရာဖြစ်သင်တန်း ပြုလုပ်ပေးခဲ့သည်။ သင်တန်းပြုလုပ်ပေးသည့်အပေါ် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ ကယန်းတိုင်းရင်းသားစာပေသင်ကြားရေးတာဝန်ခံ ခွန်းလွီးစီက” ကျောင်းချိန်ပြင်ပ ကယန်းစာပေသင်ကြားနေတဲ့ ဆရာ၊မတွေအတွက် အခက်အခဲရှိတယ်။ အဲ့ဒါကြောင့် သူတို့အတွက် သင်တန်းလုပ်ပေးရခြင်းဖြစ်တယ်။” ဟု ပြောသည်။ ထို့အပြင် ယခုသင်တန်းတွင် ပါဝင်တက်ရောက်နေသည့် ဆရာ၊မများသည် လက်ရှိအချိန်တွင် ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးနေသော်လည်း အစိုးရမှ သင်ကြားရေးအထောက်အကူပြု(TA) ဝန်ထမ်းခေါ်ယူပါက အဆင်သင့်ဖြစ်နေစေရန် အဆိုပါသင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ “ဒီနှစ်ကျောင်းဖွင့်ခါစ (၆)လပိုင်းကတည်းက သင်လာတာတော့ (၃)လ လောက်ရှိပြီ။ သင်တန်းမပေးတုန်းကတော့ အဲ့လောက်ထိ နည်းကျကျ ကိုယ်ကမသင်နိုင်ဘူးပေါ့နော်။ […]

ခွန်​းကလိုင်​းဖရီး ကယန်​း​ဒေသ၊ ဖယ်​ခုံမြို့နယ်​၊ အလယ်​ကယန်​း​ကျေးရွာအုပ်​စုရှိ ဆီးဘူး အ.ထ.က​ကျောင်​းသည် တက္ကသိုလ်​ဝင်​တန်းစာစစ်​ဌာနရရှိနိုင်ရန်​ ​ကျောင်​းသားမိဘများနှင်​့ ဆရာ၊မများမှ ​မျှော်​လင်​့​နေကြသည်​။ ၄င်​း​ကျောင်​းမှ တက္ကသိုလ်​ဝင်​တန်​းစာ​မေးပွဲကို မိုးဗြဲ အ.ထ.က​ကျောင်​းသို့ နှစ်​စဉ်​နှစ်​တိုင်​း သွား​ရောက်​​ဖြေဆိုရခြင်​း​ကြောင်​့ ​ကုန်​ကျစရိတ်များပြားပြီး အခက်​အခဲများလည်​းရှိ​ကြောင်​း ​ကျောင်​းအုပ်​ဆရာကြီး ဦးခွန်​ဝင်​းမြင်​့က​ပြောသည်​။ “အဲ့ဒီမှာ သွား​ဖြေလို့ရှိရင်​ ကား​တွေစီစဉ်​ရတာတို့၊ ထမင်​းဟင်​းချက်​ဖို့ ပြုပ်​ဖို့စီစဉ်​ရတာတို့ ​နောက်​ပြီး တည်​းဖို့ခိုဖို့ စီစဉ်​ရတာ​တွေ အများကြီး ဒုက္ခ​ရောက်​တာ​ပေါ့​။ တကယ်​လို့ ဒီမှာ စာစစ်​ဌာနရမယ်​ဆိုရင်​ ကုန်​ကျစရိတ်​​တွေ အများကြီးနည်​းမယ်​​ပေါ့​နော်​” ၄င်​းက ​ပြောသည်​။ မိုးဗြဲအ.ထ.က​ကျောင်​းသို့ စာ​မေးပွဲသွာ​း​ရောက်​​ဖြေဆိုရန်​အတွက်​ မိုင်​ (၇၀)​ကျော်​ခရီးရှိပြီး ​ကျောင်​းသား တစ်​ဦးလျှင်​ ကျပ်​​ငွေ (၅) ​သောင်​းအထိ ကုန်​ကျမှုရှိ​နေသည့်အတွက် ၎င်းတို့ကျောင်းတွင်သာ စာစစ်ဌာနရရှိရန် မျှော်လင့်နေကြခြင်းဖြစ်သည်။ […]

ခူးစိုးရယ်​ဦး ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့ ​နောင်​ယားရပ်​ကွက်​တွင်​ ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှုအဖွဲ့မှ တတိယအကြိမ်​TOT ဆရာဖြစ်​သင်​တန်​းပို့ချခဲ့သည်​။ အဆိုပါ TOT ဆရာဖြစ်​သင်​တန်​းသည်​ အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​ ပြန်​လည်​သင်​​ကြားနိုင်​ရန်​ပို့ချခဲ့သော သင်တန်းဖြစ်သည်​။ “ကျွ​န်​​တော်​တို့ ကယားစာ​ပေဘာသာရပ်​ကို စွမ်​းရည်​မြင်​့တင်​​ပေးနိုင်​ရန်​အတွက်​ ​ကျောင်​းမှာ အ​ဆင်​​ပြေ​ချော​​မွေ့​အောင်​ သင်​ကြားနိုင်​ဖို့ပဲ ဖြစ်​တယ်​ဟု” ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှု ​အတွင်​း​ရေးမှူး ခူးဖဲညွန်​့ရယ်​က ​ပြောသည်​။ ယင်​း​ကျောင်​းတွင် က​လေးငယ်​​များအတွက် လက်​ဆင်​့ကမ်​းသည့်အခါတွင်​ က​လေးငယ်​​များအားလုံး ​ကောင်​း​ကောင်​းမွန်​မွန်​ရရှိသွားနိုင်​ရန်​အတွက်​ ရည်​ရွယ်​ခြင်​းလည်​းဖြစ်​သည်​။ TOT ဆရာဖြစ်သင်တန်းတက်ရောက်ခြင်း မရှိသည့်ဆရာ/မများသည် လက်တွေ့ကျောင်းတွင် ကလေးငယ်များကို ကိုင်သွယ်သင်ကြားသည့်အခါ အခက်အခဲများရှိကြောင်း ခူးဖဲညွန်​့ရယ်​က ​ဆိုပါသည်​။ အဆိုပါ TOT ဆရာဖြစ်​သင်​တန်​း တက်​​ရောက်​ခြင်​းမရှိ​သော ဆရာ/မအချို့သည်​ ​နေရာ​ဒေသချင်​းမတူ၍ ​က​လေး​တွေကို သင်​ကြားပို့ချသည်​့အခါ […]

ခွန်​းကလိုင်​းဖရီး မူလတန်​းအဆင်​့ ကယန်​းတိုင်​းရင်​းသားစာ​ပေ Grade-1၊ Grade-2နှင်​့ Grade-3 အတွက်​ အတန်​းလိုက်​ သင်​ရိုးညွှန်​းတမ်​းသစ်​ကို ကယန်​းစာ​ပေနှင်​့ ယဉ်​​ကျေးမှု​ဗဟို​ကော်​မတီမှ ကယန်​းတိုင်​းရင်​းသားစာ​ပေ သင်​ရိုးညွှန်​းတမ်​း​ရေးဆွဲ​ရေးအဖွဲ့အား ဖွဲ့စည်​းပြီး စတင်​အ​ကောင်​အထည်​​ဖော်​ ​ရေးဆွဲ​နေသည်​။ ယခုလအတွင်​း ၄င်​းသင်​ရိုးညွှန်​းတမ်​း စာအုပ်​ပုံစံအကြမ်​း​အား ​ရေးဆွဲရမည်​ဖြစ်​ပြီး ကယားပြည်​နယ်​အစိုးရအစိုးရထံ တင်​ပြရမည်​ဟု ကယန်​းတိုင်​းရင်​းသားစာ​ပေ သင်​ရိုးညွှန်​းတမ်​း​ရေးဆွဲ​ရေးအဖွဲ့ တာဝန်​ရှိသူခွန်​းလွှီးစီက ​ပြောသည်​။ အဆိုပါ ကိစ္စနှင်​့ ပတ်​သက်​ပြီး ခွန်​းလွှီးစီက “​လော​လောဆယ်​က Grade-1 က​နေ Grade 3 အထိကို ဒီလအတွင်​း အကြမ်​းအားဖြင်​့ ဆွဲကြ​ပေါ့။ ဆွဲပြီးရင်​ စီမံချက်​တင်​ဆိုတဲ့ ပုံစံမျိုး​ပေါ့​နော်​။ အဲ့​တော့ အစိုးရနဲ့ ယူနီဆက်​က တတ်​နိုင်​တဲ့ ဘတ်​ဂျက်​နဲ့ ကူမယ်​​ပေါ့။ အဲလို​ပြော​​တော့ ကျ​နော်​တို့က […]

ခူးစိုးရယ်ဦး ပြည်ထောင်စုအဆင့်က နုတ်ဖြင့် အသိမှတ်ပြုထားသော်လည်း ဒေသအစိုးရပြည်နယ်အဆင့်အသိမှတ်ပြုပေးရန် လိုအပ်နေကြောင်း ဆယ်တောရိုကျောင်း တည်ထောင်သူ ဆရာခူးထဲဘူးက ပြောသည်။ အစိုးရစာသင်ကျောင်းတွင် ပညာသင်ကြားနေသော အခြေခံပညာအဆင့်ကျောင်းသူ/သားများကို ဆယ်တောရို၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များနှင့်အတူ လူမှုသိပ္ပံဘာသာရပ်များကို တွဲဖက် လေ့ကျင့်သင်ကြားပေးနိုင်ရန် တည်ထောင်သူများက ရည်ရွယ်ထားသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ပညာရေးအစီအစဉ်တစ်ခုဖြစ်သော ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးစင်တာကျောင်းကို ၂၀၁၈ ဇွန်လ ၉ နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသား ၉၅ ဦး စတင်ခေါ်ယူထားပြီး ၎င်းတို့က ဆယ်တောရိုကျောင်းတွင် နေထိုင်ပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့ရှိ အစိုးရစာသင်ကျောင်းသို့ သွားရောက်ပညာသင်ကြားမည်ဖြစ်သည်။ အဆိုပါကျောင်း စတင်ဖွင့်လှစ်ရန် စီစဉ်နေသည့်ကာလအတောအတွင်း အစိုးရ၏ ကန့်ကွက်မှုကြောင့် ဖွင့်လှစ်နိုင်ရေး ကြန့်ကြာမှု ရှိခဲ့သည်။ ယခင်အစိုးရလက်ထက်ကတည်းက […]

မူအက်စတာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အနေဖြင့် ပြည်နယ်အတွင်း ပညာရေးကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားဆဲနေအထားမှာ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ တရားဝင်ငြိမ်းချမ်းရေးလက်မှတ် မထိုးရသေးပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားသည့် အဖွဲ့အစည်းဖြစ်သည့် ကေအဲန်ပီပီသည် ပြည်နယ်အတွင်းရှိ ပညာရေးအခန်းကဏ္ဍတွင် ပါဝင်ချင်ပေမယ့် အနေအထားအရ ပါဝင်ခွင့်မရှိသေးသည့် အနေအထားများရှိနေကြောင်း KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ အတွင်းရေးမှူး ၁ ခူးဒယ်နီယယ်က ဇွန်လ ၆ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ဆယ်သဲကျောင်းဆောင်သစ်ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ “အလှူရှင်တွေကိုရော၊ အးစိုးရတွေကိုပါ ကျွန်တော်တို့တွေ့ပြီးတော့ ကျွန်တော်တို့အခွင့်အရေးနဲ့ အသိပညာရေးတွေကို ပိုပြီးတော့လိုချင်ပါတယ် ဒီအခွင့်အရေးကိုတော့ လုပ်ခွင့်ပြုပါစသည်ဖြင့်တော့ တင်ပြထားပြီးသားပဲ ဖြစ်ပါတယ်။ လစဉ်ပြည်နယ်အစည်းအဝေးမှာလည်း ကျွန်တော်တု်ိ့ဒီအတိုင်းပဲ တင်ပြပါတယ် ရှိတဲ့ကျောင်းတွေတိုင်းကို ကျွန်တော်တို့ပါဝင်ကူချင်ပါတယ် ဒါပေမယ့် အနေအထားအရ […]

“(၁၀)တန်းဆိုတာ အရာအားလုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရေးတော့ကြီးပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်” ဟုဆိုလာတဲ့ ကယားပြည်နယ်မှာ ဘာသာစုံဂုဏ်ထူး ၅၃၅မှတ်နဲ့ အမှတ်အများဆုံးအဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ မပန်းဖြူဖြူဝင်းနှင့် တွေ့ဆုံခြင်း နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်)စ် – ညီမရဲ့နာမည်ကို မိတ်ဆက်ပေးပါအုံး။ ပန်းဖြူဖြူဝင်း – သမီးနာမည်က မပန်းဖြူဖြူဝင်း ဖြစ်ပါတယ်ရှင့်။ အသက်က (၁၆)နှစ်ရှိပါပြီ။ ကန္တာရဝတီတိုင်း(မ်)စ် – မိသားစုအကြောင်းကိုလည်း မိတ်ဆက်ပေးပါ။ ပန်းဖြူဖြူဝင်း -မိသားစုက သမီးမွေးချင်းတော့မရှိပါဘူး။ သမီးတစ်ယောက်ထဲပါ။ အဖေက ဒေါက်တာအောင်ဆန်းဝင်းပါ။ အမေက ဒေါက်တာအေးကျော့ကျော့လင်းပါ။ အဖေက အခုလက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ  ဓတ်မှန်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်ရှင့်။ ကန္တာရဝတီတိုင်း(မ်)စ် – (၁၀)တန်းစာမေးပွဲကြီးကို ဘယ်ကျောင်းက အောင်မြင်ခဲ့တာလဲ။ ပန်းဖြူဖြူဝင်း […]

ခူးစိုးရယ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ KG ကျောင်း လာအပ်နှံမည့် ကျောင်းသားများအတွက် မွေးစာရင်းမရှိသေးရင်လည်း လက်ခံပေးသွားမည်ဟု ဒီးမော့ဆိုမြို့နယ် ဒုလက်ထောက်ပညာရေးမှူး ဦးခင်မောင်လှက ပြောသည်။ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသော ကျောင်းနေအရွယ်ကလေးများကို မွေးစာရင်းမပါလျှင်လည်း ကျောင်းအပ်လက်ခံရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း ဆိုသည်။ သို့သော် ကလေးများ ကျောင်းအပ်နှံရာ၌ မွေးစာရင်းလက်မှတ်၊ အိမ်ထောင်စုစာရင်းတို့ တင်ပြရန်သတ်မှတ်ထားသော်လည်း မွေးစာရင်းမရှိသေးသော ကလေးငယ်များအတွက်မူ မိဘဝန်ခံချက်ဖြင့် ကျောင်းအပ်ခွင့်ပြုပေးမည်ဖြစ်သည်။ ကျောင်းအပ်နှံရလွယ်ကူရန် လိုအပ်သည့် မွေးစာရင်း အထောက်အထားများ ရရှိရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)တို့ မွေးစာရင်းထုတ်ပေးသည့် ဌာနများက အပြန်အလှန်ပူးပေါင်းဆောင်ရွက်ပေးကြရန် ဝန်ကြီးဌာနက ညွှန်ကြားထားသည်။ “အရင်တုန်းကဆို မွေးစာရင်းမရှိလို့ အကြောင်းမျိုးမျိုးကြောင့် ကျွန်တော်တို့ လက်ခံမိမယ်ဆိုရင် […]

အရင်နှစ်တွေက လူဦးရေ ၅ဝ ယောက်ပဲ ကန့်သတ်ခေါ်တာဖြစ်ပြီး လက်ရှိ ၂၀၁၈-၁၉ ခုနှစ်မှာ ကျောင်းသားဦးရေ ၁၀ဝ ကျော်ကို ခေါ်ယူမှာဖြစ်ပါတယ်။ ရပ်ဝေးရပ်နီးဒေသက ဆင်းရဲနွမ်းပါးတဲ့ မိသားစုနဲ့ မိဘမဲ့ကလေးတွေကို ပိုပြီးတော့ ဦးစားပေးခေါ်ယူထားတာပါ။ https://www.youtube.com/watch?v=aXgoVF1qFBg&feature=youtu.be

ကန္တာရဝတီတိုင်း(မ်) ရေရှည်တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအတွက် အခြေခံပညာရေးကျောင်းတချို့မှာ ကျောင်းပြင်ပအချိန် သင်ကြားနေရတာဟာ စိတ်ဝင်စားမှုအားနည်းတာကိုတွေ့ရတဲ့အတွက် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး ထောက်ပြဝေဖန်မှုတွေ ရှိလာနေပါတယ်။ ကျောင်ချိန်အတွင်း ထည့်သွင်းသင်ကြားနိုင်ရေးဟာ တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထမဆုံးခြေလှမ်းအဖြစ် လိုအပ်တယ်လို့ ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီရဲ့ ဥက္ကဌ ခူးပလုရယ်က ပြောပါတယ်။ “တစ်ချို့ကျောင်းမှာလည်း ဆရာ/မ တွေရှိရဲ့သားနဲ့ မသင်ပေးဘူး ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ကို ဖဲ့မပေးနိုင်ဘူး ဒီမှာအားနည်းချက်တစ်ခုရှိလာတာကကျောင်းချိန်ပြင်ပလို့ ပြောတဲ့ခါကြရင် ဥပမာ ကျောင်းမတက်ခင် (၈) နာရီ နှင့် (၉) နာရီကြား ဒါမှမဟုတ်ကျောင်းဆင်းပြီး (၃)နာရီ နှင့် (၄) နာရီကြား ဆိုတော့ ဆရာ/မတွေအဲ့မှာ ပန်းနေပြီ။ ကိုယ့်ရဲ့မိသားစုကိစ္စ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ဖြစ်တဲ့ခါကျတော့ ဒီဟာကိုသီးသန့်အချိန်တစ်နာရီလောက် သင်မယ်ပြောတော့ လည်းတစ်ချိူ့ကလည်း စိတ်မပါတော့ဘူ တချို့ကလည်းပင်ပန်းနေပြီး အဲ့ခါကြတော့ […]