မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)ရေးသားသည်။ ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ စစ်ဘေးရှောင် စခန်းတွေထဲက ကလေးသူငယ်တွေဟာ ပညာသင်ကြားရာမှာ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဇီးအုန်စစ်ရှောင်စခန်းမှ အသက် ၇ဝ အရွယ် မိခင်အိုကြီးနဲ့ သား၊သမီး ခြောက်ယောက်ကို ကျွေးမွေးပြုစုနေရတဲ့ အသက်၄ဝ အရွယ် မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်လုဂျာက ပြောပါတယ်။ အပြင်ကျုရှင်ကို အသားပေးပြီး ကျောင်းတက်နေရတဲ့ ကချင်ပြည်နယ်အတွင်းရှိ ကျောင်းတွေမှာတော့ စစ်ဘေးရှောင် ကလေးတွေအတွက် ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် ကြိီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်စေတယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။ “မိဘတွေကလည်း ဒီမှာ စီးပွားရေး လာလုပ်စားနေတာ မဟုတ်ဘူးလေ စစ်ရှောင်တွေလေ ဒါကြောင့် ကျမတို့ သား၊သမီးတွေကို သူများနဲ့တန်းတူ ကျုရှင်မထားနိုင်တဲ့အခါကျတော့ စာမလိုက်နို်င်တော့ဘူး […]

ဖရဲရယ် ကရင်နီဂေဟစနစ်စိုက်ပျိုးရေးကျောင်းမှ သင်ယူခဲ့သော စိုက်ပျိုးရေးဆိုင်ရာ အသိပညာများကို လူထုထံသို့ ပြန်လည်ပို့မည့်အစီအစဉ်ကို သင်တန်းဆင်း ကျောင်းသား/သူများက ဆင့်ပွားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယား(ကရင်နီ)ပြည်နယ်အတွင်း   ဖြတ်လမ်းဖြင့် အသုံးပြုလာသော ဓါတ်မြေဩဇာနှင့် နည်းလမ်းမမှန်သော စိုက်ပျိုးမှုကြောင့် သဘာဝပတ်ဝန်းပျက်ဆီးနေမှုကို တစိတ်တပိုင်း ပြန်လည်ကုစားနိုင်ရန် သင်တန်းကျောင်းအား ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ “သင်တန်းပြီးသွားတဲ့ ကျောင်းသူ/သားတွေ ဒီသင်တန်းမှာ ဘယ်လိုမျိုး သင်တန်းမှာ သင်ယူရရှိခဲ့ သင်ခန်းစာ ဘာသာရပ်တွေကို ကိုယ့်ရဲ ့ပြည်သူ အတွင်းမှာ ပြန်လည်ပို့ချမယ်။ ပြီးတော ကိုယ်တိုင်လည်း အသုံးချပြီးတော့ လေ့လာမယ် လုပ်ကိုင်ဆိုလို့ရှိရင် ကျနော်တို့ ရေရှည် ဝင်ငွေတိုးတဲ့ စိုက်ပျိုးရေးနည်း စနစ်တွေ ရရှိသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်ရတာဖြစ်တယ်။”ဟု  ကရင်နီဂေဟစနစ် စိုက်ပျိုးရေးသင်တန်းကျောင်း၏ […]

၂၀၁ရ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ရပ်ကွက်၊ ကျေးရွာ (ရပ်ကျေး) အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးအဖွဲ့အား ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၃ ရက်တွင် ရွေးချယ်မှုကို ပြန်လည် ပြုလုပ်ရန် ညွှန်ကြားချက်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ အိမ်ထောင်စုတစ်ခု၏ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မိသားစုဝင် တစ်ဦးဦးက ပုံစံ ၆၆/၆ လဝက သန်းခေါင်စာရင်းတွင်ပါလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအား ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးကို ဆန္ဒပြုရွေးချယ်ခွင့် ရမည်။ လက်ရှိ တာဝန် ထမ်းဆောင်နေသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ၂၀၁၆ ဇန်နဝါရီလက ရွေးချယ်ခံထားရသူများဖြစ်ပြီး တာဝန် ထမ်းဆောင်ခဲ့သည့် ကာလမှာ […]

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်တွင် ပညာရေးကောလိပ်ကျောင်း ဖွင့်လှစ်ခဲ့သည်မှာ ၂ နှစ်နှစ်ရှိပြီ ဖြစ်သော်လည်း အောက်ခြေ၌ ကျောင်းဆရာ/မ လိုအပ်ချက်များ ရှိနေသေးကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက ပြောကြားလိုက်သည်။ ပညာရေးဌာနကို ပြည်နယ်ကနေတဆင့် ပြည်ထောင်စုမှ တိုက်ရိုက် ကိုင်တွယ်ပြီး ဝန်ထမ်းခန့်အပ်သောစနစ်ကြောင့်လည်း လိုအပ်ချက်များ ဖြစ်နေခြင်းဟု စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကန္တာရဝတီတိုင်း(မ်)သို့ ထုတ်ဖေါ်ပြောကြားသည်။ “ဒါကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ ပထမတစ်ချက်ကတော့ ပွင့်ပွင့်လင်းလင်းပြောတဲ့သူရှိတာပေါ့နော။ ပွင့်ပွင့်လင်းလင်းဆိုတာက ဝန်ထမ်းတွေ နေရာချပေးတာ ပြည်ထောင်စုကနေ ကိုင်သွယ်လုပ်တာပေါ့နော။ ကျောင်းဆိုလို့ရှိရင်လည်း ဆရာက တင်ပြပြီးတော့ ခွင့်ပြုပြီးမှ သွားရတာလေ။ ဆိုတော့ လောလောဆယ်မှာ အကြောင်းကြောင်းကြောင့် ပြည်ထောင်စုအဆင့်မှာ မရှိသေးတဲ့ ကျောင်းတွေဆိုလို့ရှိရင် ဘာကြောင့်မရှိတာလဲ တကယ်လို့ဒီမျိုးမဖြစ်အောင် […]

မူအက်စတာ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်သည့်နေရာတွင် ပညာရေးအခြေအနေကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဖရူဆိုမြို့နယ်တာဝန်ခံက ပြောသည်။ ဖရူဆိုမြို့နယ် လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတာဝန်ခံ စောဘရာထူးက “ပညာရေးအရ နည်းနည်းလေး။ ကျောင်းမတက်ရတော့လေနော။ ၂ တန်း ၃ တန်း အထိပဲ တက်ဖူးတော့ ဗမာစကားသိပ်နားမလည်တော့ စာရင်းဇယားလုပ်တဲ့အခါမှာ တအားနဲ့ခက်တယ်။ တချို့ဆိုရင် အဝေးကရွာတွေဆိုရင် လက်မှတ်မထိုးတတ်တဲ့ ရွာတွေရှိတယ်။ ပထမနှစ်မှာ တအားခက်တယ်။ ဒုတိယနှစ်မှာတော့ နည်းနည်းလေး အဆင်ပြေလာပြီ။ နည်းနည်းလွယ်ကူလာတာပေါ့”ဟု ပြောသည်။ ကယားပြည်နယ်ရှိ လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းသည် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့ အစရှိသော မြို့နယ်များတွင် ကွင်းဆင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ […]

ထျိုးမြာ အလုပ်လက်မဲ့လူငယ်များ၏ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများတက်ရောက်ပြီးသူ ငါးဆယ်ရာခိုင်နှုန်းကို အသက်မွေးဝမ်းကြောင်းပညာရစေရန်ဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက်အားရကြေနပ်မှုရှိခဲ့သည်ဟု Mercy Corps မှ program manager ဦးမြတ်သူ ကပြောပါသည်။ “ပြောချင်တာက ဒီလိုမျိုးသင်တန်းတွေကတစ်ဆင့်ပေါ့နော။ အုပ်ချုပ်မှုစနစ်တွေပိုအားကောင်းလာလိုရှိရင် ကျနော်တို့ရဲ့အဓိကရည်မှန်းချက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးကူညီဖို့ဆိုတာတွေပါတယ်။ အဲ့ဒါတွေကို အထောက်အကူပြုတယ်လို့မြင်တယ်။ ဒါကြောင့် အဲ့ဒါတွေကိုအားရတယ်။” ဟု ဦးမြတ်သူကပြောသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သော လူငယ်များကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းသင်တန်းများပို့ချပေးခြင်း ၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်သော စွမ်းရည်မြင့်တင်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားသည်ဟု သိရသည်။ ၎င်းသင်တန်းမှတဆင့် အုပ်ချုပ်မှုစနစ်များပိုမိုအားကောင်းလာစေရန် ရည်မှန်းချက်ဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးကူညီရာအထောက်အကူဖြစ်စေသည်ဟု ဦးမြတ်သူက ဆိုပါသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သုံးနှစ်တာစီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ […]

လက်ရှိပညာရေးစနစ်တွင် ကြုံတွေ့နေရသည့် အခက်အခဲအခြေအနေများကို အမည်မဖော်လိုသည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းမှဆရာ/မများ၏ရင်ဖွင့်သံများ တင်ပြအပ်ပါသည်။ ထျိုးမြာ အထက်တန်းပြဆရာ/မများ ၁။ ပညာရေးအနေနဲ့ လစာနည်းနည်းပါးပါးတိုးပေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုက ထမင်းချက်ဖို့အချိန်ကမရှိတော့ဘူး။ ညအထိ အိမ်စာတွေ လုပ်နေရတဲ့ဘဝ အမတို့မှာ အဲ့လိုဖြစ်နေတယ်။ ၂။ လုပ်ရတဲ့အလုပ်နဲ့ ကိုက်ညီအောင်လစာတော့ တိုးပေစေချင်တယ်။ မိုးချုပ်အထိ အလုပ်လုပ်ရတာ။ ၃။ လစာပဲတိုးစေချင်တယ်။ အရမ်းမောနေတယ်လို့ ဒီမှာ သင်ခန်းစာလည်းး နှစ်ခု သုံးခုကိုင်နေရတယ်လေး။ ပြီးတော့ ကျောင်းတွေမှာပေါ့နော။ မေဂျာနဲ့ ကိုက်ညီနဲ့သူတွေကိုပဲ ပို့စေချင်တယ်။ မေဂျာနဲ့ မကိုက်ညီတော့ ဆရာ/မတွေက တအားပင်ပန်းတယ်။ တစ်ချို့ဆိုရင် မေဂျာက အင်္ဂလိပ်စာ သင်နေရတာက ဘောဂအဲ့လိုမျိုးလေး။ တစ်ချို့ကြတော့ မေဂျာကအင်္ဂလိပ်စာ […]

စိုင်းလင်းလင်းဦး လုပ်ငန်းခွင်အကြိုဆရာအတတ်သင်ပညာဒီပလိုမာသင်တန်းကျောင်းသည် အမှတ်များသူကို ဦးစားပေးခေါ်ယူသည့်စနစ်ကြောင့် ပမာဏရွေးချယ်စာရင်းတွင် နယ်ခံဒေသစုံမပါလာကြောင်း ဘော်လခဲမြို့နယ်မှ လျှောက်ထားသူ ဒေသခံတစ်ဦးက ပြောသည်။ “ဒီဒေသဖက်က ဆယ်တန်းအောင်ကလေးတွေက ဆရာဖြစ်သင်တန်းလျှောက်တာ မပါကျဘူး။ ပြည်မဖက်က လာလျှောက်တာတော့ ပါကြတယ်လို့ကြားတယ်။ အမှတ်စနစ်နဲ့သာ လုပ်လို့ကတော့ ဒီဖက်က ကလေးတွေ တစ်ယောက်မှတောင် ပါမှာမဟုတ်ဘူး။ သူတို့ပညာရေးအဆင့်က နှိပ်တယ်လေး သူများနဲ့ အမှတ်ချင်းယှဉ်မယ်ဆိုရင် ပါနိုင်တော့မှာမဟုတ်ဘူး။” ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။ လုပ်ငန်းခွင်အကြိုဆရာအတက်သင်ပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁/၁၆) ပထမနှစ် သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်သည့် လူစာရင်း၌ ခေါင်ပါးသည့်ဒေသမှ လျှောက်ထားသူအချို့ ပါဝင်လာခြင်းမရှိခြင်းကြောင့် ဝေဖန်နေကြခြင်းဖြစ်သည်။ သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်ထားသည့် လူစာရင်းအား အမှတ်စနစ်ဖြင့် ပြည်ထောင်စုအဆင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကယားပြည်နယ်ပညာရေးရေးမှူးရုံးထံမှသိရသည်။ […]

ထျိုးမြာ အခြေခံပညာကျောင်းသူကျောင်းသားများကို ကျောင်းထွက်စေနိုင်သည့် မည်သည့်ဖိအားမျှ မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ “ကျောင်းသားကျောင်းသူကို ကျောင်းတက်မှန်အောင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို နားလည်သဘောပေါက်အောင် ပြုစုပြိုးထောင်ရမှာ ဖြစ်သလို ကျောင်းသားကျောင်းသူတွေကို ရိုက်ပြီးတော့ဆုံးမမှ သူကိုနာကျင်စေပြီးတော့မှ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်စေပြီးမှ ဆုံးမတာမျိုးရှောင်ရှား ဖို့လိုတယ် ” ဟု ဝန်ကြီးက ပြောသည်။ ပြည်ထောင်စု ဝန်ကြီးက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာဌာနများနှင့် ကျောင်းဆရာ/မများနှင့် တွေ့ဆုံခဲ့စဉ် ပြောကြား သွားခဲ့ခြင်းဖြစ်သည်။ ယခုပညာသင်နှစ်အပါအဝင် နှောင်နှစ်များတွင်လည်း ကျောင်းအပ်ထားပြီးသောကလေးများကို မည်သည့်အကြောင်းပြချက်ဖြင့်မှ ကျောင်းမထွက်ရန်အတွက် ဦးစားပေးဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးက […]

ထျိုးမြာ (၁၈)ကြိမ်မြောက်လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင် ပေးအပ်ပွဲကို ၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလကုန် (သို့မဟုတ်) မတ်လ,လဆန်းလောက်တွင် ကျင်းပမည်ဖြစ်သည်ဟု လွိုင်ကော်တက္ကသိုလ်မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က ကန္တရဝတီတိုင်း(မ်)သို့ပြောသည်။ “ခန့်မှန်းထားတာက နှစ်လပိုင်းလကုန်(သို့)သုံးလပိုင်းလဆန်း အဲ့ဒီရက်တွေမှာလုပ်မယ်။ ပြီးတော့ ဆရာတို့ကယားဒေးပတ်ဝန်းကျင်ရက်ကို ရှောင်တဲ့အတွက်ကြောင့်မလို့ တစ်လပိုင်းကလုံးဝမဖြစ်နိုင်ဘူး။” ဟု မော်ကွန်းထိန်းက ပြောသည်။ လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကို ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှစပြီး လေးနှစ်ကြာ သင်ယူအောင်မြင်သွားသည့်သူများအတွက် ကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစကာ ဘွဲ့နှင်းသဘင်အချိန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယခင်က ဒီဇင်ဘာလတွင် ဘွဲ့နှင်းသဘင်ကျင်းပလေ့ရှိသော်လည်း ၂၀၁၅ ခုနှစ်မှ စတင်ကာ ဘွဲ့နှင်းသဘင်ကျင်းပမည့် နေ့ကို ပြောင်းလဲကျင်းပခဲ့သည်။ ယခုနှစ်အောင်စာရင်းကို နိုင်ဝင်ဘာလ(၁၆)ရက်က ထုတ်ပြန်ကြေညာထားခဲ့ပြီး လွိုင်ကော်တက္ကသိုလ်၏ အောင်ချက်မှာ ပျမ်းမျှ ၉၆ ရာခိုင်နှုန်း […]